Chapter (34)

28.7K 3.9K 877
                                    

မုန့်ရန် ဘရက်ဒလီ ကို လက်သီးနဲ့ခပ်ပြင်းပြင်းထိုးလိုက်ပြီး ဖုန်းကိုဆွဲလုလိုက်တယ်။ဖုန်းကျသွားပြီဖြစ်တဲ့အတွက် နောက်တစ်ခေါက်ထပ်ခေါ်ဖို့ ကြိုးစားလိုက်တဲ့အခါ Signal လုံးဝမမိတော့ပေ။

"ခင်ဗျား ဘာလုပ်လိုက်တာလဲ?"

မုန့်ရန် ဘရက်ဒလီ ကိုလှမ်းအော်လိုက်တယ်။

"လိုင်းမမိတော့ဘူးလား?"

ဘရက်ဒလီ က အထိုးခံထားရတဲ့နေရာကို လက်နဲ့ပွတ်နေရင်း မေးလိုက်တယ်။

"လိုင်းမမိတော့ဘူးဆိုရင်၊အဲ့တာမုန်တိုင်းလာတော့မှာမို့လို့ပဲ၊မုန်တိုင်းတစ်ခါဝင်ရင် အနည်းဆုံး တစ်နေ့နဲ့တစ်ညလောက်တော့ကြာတတ်တယ်။သဘက်ခါလောက်အထိမင်းပြန်လို့ရဉီးမှာမဟုတ်ဘူး။စိတ်မပူပါနဲ့ မုန်တိုင်းကဘယ်တော့မှ သုံးရက်ထက်မပိုဘူး။ပြိုင်ပွဲမမှီမှာမစိုးရိမ်​နဲ့"

ဘရက်ဒလီ ပြောပြီးသိပ်မကြာခင်မှာပဲ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ပင့်ပြီး တိုက်ခတ်လိုက်တဲ့ လေကြမ်းတွေကြောင့် လိုက်ကာတွေတောင် မျက်နှာကြက်အထိလန်တက်သွားတယ်။ဒီလို အခြေနေမျိုးက ဘရက်ဒလီ ကိုယ်တိုင်ထိန်းချုပ်ထားတဲ့ ပုံရိပ်ယောင်တွေသဖွယ် အရမ်းကို ချိန်ကိုက်သားကျလွန်းနေတယ်။

မုန့်ရန်ဒေါသထွက်လွန်းတာကြောင့် ဘရက်ဒလီ ကို အင်္ကျီကော်လံကနေ ဆောင့်ဆွဲပြီး နောက်တစ်ကြိမ်ရိုက်နှက်လိုက်တယ်။

မုန့်ရန်သူ့ကိုအခုလို ပြုမူလိမ့်မယ်လို့ ဘရက်ဒလီမမျှော်လင့်ထားတဲ့အပြင် မုန့်ရန် ဒီလောက်ထိ အားသန်မယ်လို့လဲ ထင်မထားမိဘူ။

ဘရက်ဒလီ ငယ််ငယ်ကတည်းက တိုက်ခိုက်သတ်ပုတ်ခဲ့ဖူးတဲ့အတွက် မုန့်ရန်ထက်အားပိုသန်တယ်။ဒါပေမယ့် မု့န့်ရန်ကို ပြန်မလုပ်ရက်တာကြောင့် မုန့်ရန်ရဲ့ဒေါသလက်သီးတွေကို ခုခံရုံပဲခုခံနေရတယ်။ဒါကလဲ သိပ်တော့ မစားသာလှဘူး။

ဝူဖန် အခန်းထဲပြန်ဝင်လာတဲ့အခါ ဘရက်ဒလီ ကိုဒေါသတကြီး တိုက်ခိုက်နေတဲ့ မုန့်ရန်ကိုတွေ့လိုက်ရတာကြောင့် မုန့်ရန်ကို ခါးကနေဆွဲဖက်ပြီး ဘရက်ဒလီ နဲ့ဝေးရာကိုဆွဲခေါ်လိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now