Chapter(12)

26.4K 3.8K 78
                                    

ယွီကျွင်းချန် တစ်ယောက်လော်ဆန်း သူ့ကိုပေးထားတဲ့အိမ်ဆီကိုပြန်ရောက်တဲ့အခါ မုန့်ရန် လက်ထပ်လိုက်တဲ့သတင်းကို မိသားစုတွေအားလုံးကိုပြောပြတဲ့အခါ အကုန်လုံးက အံ့အားသင့်ပြီမယုံနိုင်ခဲ့ကျပါဘူး။



"မုန့်ရန် က လော်ဆန်း အဖေနဲ့လက်ထပ်လိုက်တယ်?"



ကျောက်ကျွင်း က အံ့အားသင့်စွာပြောလိုက်သည်။



" ဘယ်လို...ဘယ်လိုဖြစ်နိုင်မှာလဲ။ လော်ဆန်း ရဲ့အဖေက မုန့်ရန် ကိုဘာလို့လက်ထပ်မှာလဲ? "



" ဟုတ်တယ်"



မုန့်ရန် ရဲ့အဒေါ်ကလဲမယုံနိုင်တဲ့ပုံနဲ့ဝင်ပြောတယ်။



"မုန့်ရန် နဲ့ လော်ဆန်း အဖေက အသက်ဒီလောက်ကွာတာကိုဖ။မုန့်ရန် ဘာတွေလျှောက်လုပ်နေတာလဲ?ကိုယ့်အဖေအရွယ်လောက်ရှိတဲ့သူကို ဘယ်လိုလုပ် လက်ထပ်နိုင်ရတာလဲ?"



ထိတ်လန့်တာနည်းနည်းပြေသွားတဲ့ မုန့်ရန် ရဲ့အဒေါ်ငယ်ကတော့ ကျိုးကြောင်းဆင်ခြင်ဟန်နဲ့စကားဝင်ထောက်ပြန်တယ်။



"လော်ဆန်း ရဲ့အဖေက အသက်ကြီးတယ်လို့ ဘယ်လိုပဲပြောပြော သူက လော် Group ရဲ့ခေါင်းဆောင်လေ။ဘာပဲဖြစ်ဖြစ် သူ့ပိုင်ဆိုင်မှုနဲ့နောက်ခံအသိုင်းအဝိုင်း

ကို ကြည့်ပြီးသူ့ကိုလက်ထပ်ချင်တဲ့လူငယ်တွေ၊ မိန်းမတွေအများကြီးရှိမှာပဲ။ရုပ်ချောတာတွေ၊ပြည့်ကောင်းတာတွေ၊အချစ်ဆိုတာတွေက ဝါးစားလို့မရဘူး။လူ့ဘဝအတွက်အရေးပါဆုံးက ပျော်ရွှင်နေဖို့ပဲ"



"အဲ့တာတော့ဟုတ်တယ်"



ယွီကျွင်းချန် ရဲ့အဒေါ်က ထောက်ခံလိုက်တယ်။



"မုန့်ရန် က လော်ဆန်း အဖေနဲ့လက်ထပ်လိုက်ပြီဆိုတော့ သူကလော် Group ခေါင်းဆောင်နေရာနဲ့ခြေတစ်လှမ်းစာ ပိုနီးစပ်သွားပြီပေါ့။လော်ဆန်း ကနောက်ထပ်ဘယ်နှနှစ်နေမှ အမွေဆက်ခံနိုင်မလဲဆိုတာငါလဲမသိဘူး။မုန့်ရန်သာ လော်ဆန်း အဖေနဲ့ကလေးရခဲ့ရင် အမွေတွေကို ဘယ်သူရသွားမှာလဲ?ဒါကသိပ်တော့ အခြေနေမဟန်ဘူးနော်!!"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now