Chapter(9)

26.5K 3.8K 45
                                    

ညနေပိုင်းမှာ လော်ရှို့ စံအိမ်ကိုပြန်လာခဲ့ပြီးအနားယူဖို့သူ့အခန်းကိုသွားတော့မယ့်အချိန်မှာ အိမ်တော်ထိန်းMr.ယွမ်က မုန့်ရန် အကြောင်းကိုသတင်းပို့ခဲ့တယ်။

"သခင်ကြီး၊သခင်လေးမုန့်ရန် ညစာအတွက်ဆန်ပြုတ်နည်းနည်းလေးပဲသောက်ပြီးအိပ်ရာဝင်သွားပါပြီ။သူ့ကြည့်ရတာအဆင်မပြေဖြစ်နေပုံရတာမို့ကျွန်တော် ဆရာဝန်ခေါ်ပေးလိုက်တယ်။ဆရာဝန်ပြောတာကတော့နေကောင်းတယ်ဆိုပေမယ့်သေချာအနားယူဖို့လိုတယ်တဲ့"

လော်ရှို့ မျက်မှောင်ကြုတ်လိုက်ပြီး မုန့်ရန်ရဲ့အခန်းရှိရာဆီတက်သွားလိုက်တယ်။

မုန့်ရန် န်ိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတုန်းမှာ သူ့အခန်းထဲကို တစ်စုံတစ်ယောက်ဝင်လာတာကိုသိလိုက်ရတယ်။မျက်လုံးကိုချက်ချင်းဖွင့်ကြည့်လိုက်တဲ့အခါ လော်ရှို့ ဝင်လာတာကိုသူမြင်လိုက်တယ်။ သူထထိုင်လိုက်ပြီး လော်ရှို့ ကိုကြည့်ပြီး....

" ပြန်ရောက်ပြီလားMr.လော်?"

လော်ရှို့ ကုတင်ဘေးမှာဝင်ထိုင်ပြီး မုန့်ရန် ရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုကြည့်ပြီးမေးလိုက်တယ်။

"မင်းဒီနေ့ဘာလုပ်ဖို့အပြင်ထွက်တာလဲ?"

"ကျွန်တော်...ကျွန်တော်.. သူငယ်ချင်းနဲ့စကားပြောဖို့သွားတာပါ။ကြည့်ရတာအပြင်မှာလေစိမ်းမိလာလို့ နေရတာသိပ်မကောင်းသလိုဖြစ်သွားတာထင်တယ်။ကျွန်တော်ပြန်လာတော့ Mr.ယွမ် က ဆရာဝန်ခေါ်ပေးပါတယ်။ဆရာဝန်ကလဲ သေချာအနားယူလိုက်ရင်ကောင်းသွားမှာလို့ပြောသွားတယ်"

မုန့်ရန် သူကားပတ်မောင်းခဲဲ့တဲ့အကြောင်းကို လော်ရှို့ ကို မသိစေချင်ပါဘူး။သူ ရှောင်ခယ်
ကိုရိုက်နှက်ခဲ့တယ်၊ပြီးတော့ ကားကိုအရူးတစ်ယောက်လိုမောင်းခဲ့တယ်။အကွေ့တွေ၊ဆင်ခြေလျှောတွေကို အရူးလိုကြမ်းကြမ်းတမ်းတမ်းမောင်းခဲ့တာကြောင့် အခုမှ မသက်မသာခံစားနေရတာဖြစ်တယ်။

"နေပြန်မကောင်းမချင်းအပြင်ထပ်မထွက်ရတော့ဘူး"

လော်ရှို့ ရဲ့အသံက အမိန့်ပေးသံဆန်နေတယ်။မုန့်ရန် လိုအရွယ်တွေက အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ပျော်ပါးချင်ကျမယ်ဆိုတာသူသိပါတယ်။ဒါပေမယ့် ဒဏ်ရာတွေသက်သာလာတဲ့အထိသေချာအနားယူအားဖြည့်ဖို့လဲလိုသေးတယ်လေ။မုန့်ရန် ဒီလိုတွေတွေးဖို့ဆိုတာ အရမ်းကိုငယ်သေးဆိုတာ
တွေးလိုက်မိပေမယ့်၊ဒီလို ဒဏ်ရာကိုဂရုမစိုက်ဘဲ လက်လွတ်စံပါယ်ထားလိုက်ရင် နောက်ပိုင်းဆိုနောင်တရစရာတွေဖြစ်လာလိမ့်မယ်။ပြီးတော့ မုန့်ရန် ဒဏ်ရာရသွားတာသူ့ကြောင့်လေ၊ဒါ့ကြောင့် လူကြီးတစ်ယောက်ဖြစ်တဲ့ သူကပဲ မုန့်ရန် ကိုဂရုစိုက်ပေးရမှာပေါ့။


"ကျွန်တော်သိပါပြီ"

မုန့်ရန် လိမ္မာပါးနပ်ပြီးနာခံတတ်ယောင်ဆောင်လိုက်တယ်။

"မင်းဒီမှာဆိုလုံးဝလုံခြုံတယ်၊ မင်းကိုဘယ်သူမှထိခိုက်အောင်လုပ်လို့မရစေရဘူး။မင်းသက်တောင့်သက်သာမဖြစ်ဘူးဆိုရင်ငါအပြင်မှာတစ်ယောက်ယောက်ကိုစောင့်ခိုင်းထားလိုက်မယ်"

လော်ရှို့ ဝင်လာတဲ့အခါ မုန့်ရန် အိပ်ပျော်နေပေမယ့်လည်းအရမ်းသတိကြီးနေသလိုဖြစ်နေတယ်။ဒါက သူမလုံခြုံသလိုခံစားနေရတာကြောင့်လဲဖြစ်နိုင်တယ်။

"ရပါတယ်၊Mr.ယွမ် ကိုပဲတံခါးလော့ချခိုင်းလိုက်တော့မယ်"

မုန့်ရန် ချောက်ကမ်းပါးရဲ့အောက်ခြေမှာနေထိုင်ခဲ့ကတည်းကသူအိပ်နေချိန်မှာတောင်အလွန်သတိရှိနေတတ်တယ်။

နှစ်ယောက်သားတိတ်ဆိတ်စွာထိုင်နေခဲ့ကျတာအတော်ကြာသွားပြီဖြစ်တယ်။ဖြူဖျော့နေတဲ့အသွင်နဲ့ ခေါင်းအုံးပေါ်မှီထားတဲ့
မုန့်ရန် ကို မြင်နေရတာလော်ရှို့ရဲ့အေးစက်တဲ့နှလုံးသားထဲကသနားကြင်နာမှုနှင့်စာနာမှုတို့ကိုတစ်ဖန်နှိုးဆွပေးနေသလိုပါပဲ။ဒီကောင်လေး က နည်းနည်းသနားစရာကောင်းတယ်လို့သူထင်တယ်။သူ့မှာမိသားစုဝင်တစ်ချို့ရှိပေမယ့်သူတို့က vampire တွေလိုလူစားမျိုးတွေလေ။

လော်ရှို့ မှာဆွေမျိုးတွေအများကြီးရှိပေမယ့်လဲ၊နှစ်ပေါင်းများစွာအထီးကျန်နေခဲ့ရတယ်။ဒါ့ကြောင့် မုန့်ရန် ရဲ့ခံစားချက်တွေကိုသူနားလည်ပေးနိုင်တယ်။ ပြီးတော့ မုန့်ရန် ကိုလဲပိုပြီးသနားစာနာလာတယ်လို့ခံစားနေရတယ်။

"ကောင်းကောင်းအနားယူလိုက်ဉီး"

လော်ရှို့ ထွက်ခွာဖို့ပြင်လိုက်တယ်။

"Mr.လော် …”

မုန့်ရန် တစ်ခုခုကိုပြောချင်နေဟန်နဲ့လော်ရှို့ ကိုလှမ်းခေါ်လိုက်တယ်။

လော်ရှို့ ၊မုန့်ရန် ကိုပဟေဠိဆန်ဆန်ကြည့်လိုက်ပြီးစကားဆက်ပြောဖို့စောင့်နေတယ်။

မုန့်ရန် ၊ လော်ရှို့ ကိုမော့ကြည့်လိုက်ပြီးပြောတယ်။

"ကျွန်တော်တို့နိုင်ငံခြားမှာရှိတုန်းက ခင်ဗျားပြောခဲ့ဖူးတာမှတ်မိလား?ခင်ဗျားရဲ့အသက်ကိုကယ်တင်ပေးတဲ့အတွက်ခင်ဗျားကျွန်တော့ကို ပြန်ပေးဆပ််ဆိုတာလေ၊ဘာပဲဖြစ်ဖြစ်ခင်ဗျားတတ်နိူင်တဲ့အတိုင်းအတာဆိုရင်ကူညီပေးမယ်လို့ ခင်ဗျားပြောခဲ့တယ်လေ"

"ငါ့ကိုမင်းအတွက်ဘာလုပ်ပေးစေချင်တယ်ဆိုတာကို မင်းဆုံးဖြတ်ပြီးသွားပြီလား?"

"ခင်ဗျား ကျွန်တော့်ကို လက်ထပ်နိုင်မလား?"

မုန့်ရန် ၊လော်ရှို့ ကိုလေးလေးနက်နက်ကြည့်ပြီးထပ်ပြောလိုက်တယ်

"သုံးနှစ်လောက်ပါပဲ၊အိမ်ထောင်သည်ဘဝနဲ့
သုံးနှစ်ပြန်ပေးဆပ်တယ်လို့ပဲသဘောထားလိုက်ပါ၊သဘောတူလား?"

"အိမ်ထောင်သည်???"

လော်ရှို့၊မုန့်ရန် ကိုတုန်လှုပ်စွာကြည့်ပြီးပြောတယ်။

"လက်ထပ်တယ်ဆိုတာငါ့အတွက်ရော
မင်းအတွက်ရောသေးငယ်တဲ့အရာမဟုတ်ဘူးနော်။မင်းရဲ့တောင်းဆိုချက်ကိုငါသဘောမတူနိုင်ဘူး၊ ဒါကြောင့်အဲဒါကိုနောက်တစ်မျိုးပြောင်းစဉ်းစား ကြည့်ရအောင်။ ငါ့ရဲ့ပိုင်ဆိုင်မှုတဝက်ကိုမင်းကိုပေးမယ်"

"ခင်ဗျားရဲ့ချမ်းသာမှုတစ်ဝက်ကဘယ်သူ့အတွက်မဆိုသေစေနိုင်တဲ့သွေးဆောင်မှုတစ်ခုဘဲ၊ ဒါပေမယ့် ကျွန်တော်ကတော့မတူဘူး"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now