Chapter (44)

24.7K 3.5K 280
                                    

လော်ရှို့က မုန့်ရန်ရဲ့ပေါင်ကို ခေါင်းဉီးပြီး မုန့်ရန် နှိပ်ပေးတာကို ခံနေတယ်။မုန့်ရန် ဒီနေ့ ရနံ့ကုထုံးဌာနမှာ ဖြစ်ခဲ့သမျှတွေကို ပြောပြလိုက်တယ်။

မုန့်ရန် နှိပ်နယ်ပေးနေတာကိုခံရတာ အလွန်သက်တောင့်သက်သာရှိတာကြောင့် လော်ရှို့ ခေါင်းထဲမှာ ဗလာကျင်းနေတယ်။ဒါ့ကြောင့် မုန့်ရန် ပြောသမျှကိုသာ နားထောင်နေပြီး ဘာမှ ပြန်မဖြေပေးနိူင်သေးပေ...

"ကျွန်တော်ပြောတာ ကြားရဲ့လား??"

လော်ရှို့ဘက်က တိတ်ဆိတ်နေတာကြောင့် မုန့်ရန် လော်ရှို့ရဲ့ နှာခေါင်းကိုဆွဲညှစ်လိုက်ပြီးမေးလိုက်တယ်။

လော်ရှို့ အဲ့တော့မှ သတိပြန်ဝင်လာတယ်။

"နားထောင်နေပါတယ်ကွာ...ဆက်ပြောလေ.."

မုန့်ရန် က သူ့ရဲ့စိုးရိမ်ပူမှုတွေကို ထုတ်ပြောလိုက်တယ်။

"ခင်ဗျားပြောသလိုဆို ဌာနမှာအဖွဲ့ဝင်ဖြစ်ရင် အများကြီး သင်ယူနိူင်မယ်ဆိုပေမယ့်လဲ  ဌာနရဲ့ အတွင်းရေးတွေက နည်းနည်းရှုပ်တယ်လို့ ကျွန်တော်ကြားထားတယ်။သူတို့မှာ အတွေ့အကြုံကောင်းကောင်းမရှိကြဘူး။လှည့်ကွက်တွေအကြောင်းပြောရရင်တော့ မရေမတွက်နိူင်အောင်ကို တော်တော်များတယ်"

လော်ရှို့ ထထိုင်လိုက်ပြီး မုန့်ရန်ကို ပွေ့ဖက်လိုက်တယ်။

"စိတ်မပူပါနဲ့ကွာ။မင်းလေးက အသက်ငယ်တယ်ဆိုပေမယ့် အတွေ့ကြုံရှိတယ်။ဉာဏ်ကောင်းတယ်။ပြီးတော့ သင်လွယ်၊တတ်လွယ်တယ်။မင်းလေးသာ နည်းနည်းလောက် ဂရုစိုက်လိုက်ရုံနဲ့ မင်းလေးကို ဘယ်သူမှ လှည့်စားနိုင်မှာမှ မဟုတ်တာ။ကိုယ်ကလဲ မင်းနောက်ကနေ မားမားရပ်ပေးနေမှာပါ။ရေဘယ်လောက် နက်နက် စိတ်မပူနဲ့။ကိုယ် မင်းကို ရေကူးနည်းသင်ပေးမယ်။နောက်ဆို ရေအနက်ပိုင်းထဲမှာ ရေကူးရတာ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ မင်းလေး နားလည်လာလိမ့်မယ်"

[TN: ရေနက််ဆိုတာ ရနံ့ကုထုံးဌာနရဲ့ အတွင်းရေးလှည့််ကွက်တွေကို တင်စားတာပါ။ရေကူးသင်မယ်ဆိုတာ ဒီလှည့်ကွက်တွေကို ဘယ်လို ရှောင်တိမ်းပြီး တိုက်စစ်ဆင်ရမယ်ဆိုတာကိုပြောတာပါ။ဆရာလော်က စီးပွားရေးသမားဆိုတော့ ဒါမျိုးတွေကိုရိုးနေပြီလေ။စကားမစပ်ပြောလိုက်ပါဉီးမယ်...ဆရာလော်ရဲ့ဗိုက်မှာ အိတ်တစ်လုံးကပ်ချုပ်ပေးလိုက်ရမလား။သွားလေရာကို သားပိုက်ကောင်လို မုန့်ရန်ကို သယ်သွားလို့ရအောင်"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now