နောက်တစ်နေ့မှာတော့ Meng Yang က
အိမ်ရွှေ့ပြောင်းမှုဝန်ဆောင်ရေးက လူတွေကိုခေါ်ပြီးအိမ်ပြန်ခဲ့တယ်။သူ အိမ်ထဲကိုဝင်လိုက်ချိန်မှာတော့ တစ်အိမ်သားလုံးက ရှက်ရွံ့စွာနဲ့သူ့ကိုစောင့်နေကျတာကိုတွေ့ရတယ်။Meng yang ဒီအိမ်သားတွေကိုအာရုံစိုက်ဖို့သိပ်ပျင်းနေတာကြောင့် ပြောင်းရွှေ့ရေးဝန်ထမ်းတွေကို အိမ်ပေါ်ထပ်ကို ခေါ်သွားပြီး သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုသယ်ဆောင်သွားခိုင်းလိုက်တယ်။
Meng Yang အပေါ်ထပ်ကို တက်သွားတာကို မြင်တာနဲ့ သူ့အဖေရယ်၊မိထွေးရယ်၊ YJC ရယ်တို့က နောက်ကနေလိုက်လာပြီး Meng yang လူတွေကိုခေါ်လာပြီး
ဘာများလုပ်မလဲဆိုပြီးစူးစမ်းနေကျတယ်။Meng yang စိတ်ဆိုးပြီး YJC ရဲ့ပစ္စည်းတွေကိုလွှင့်ပစ်ဖို့ လူတွေခေါ်လာတယ်လို့ သူတို့ထင်ထားတာကျတာပါ။အဲ့အစား Meng yang က သူ့ကိုယ်ပိုင်အိပ်ခန်းထဲကိုဝင်သွားပြီး ဝန်ထမ်း၃ယောက်ကို သူ့ကိုယ်ပိုင်ပစ္စည်းတွေကို ထုတ်ပိုးခိုင်းနေတယ်။ကျန်တဲ့ဝန်ထမ်းတွေကို သူ့အမေရဲ့ စာကြည့်ခန်းဆီကိုခေါ်သွားလိုက်တယ်။
စိတ်ဝင်စားဖွယ်အဖိုးတန်ပစ္စည်းတွေရှိတဲ့ Meng Yang အမေရဲ့စာကြည့်ခန်းကို သော့နှစ်ထပ်ခတ်ထားတယ်။
ရိုးရိုးသော့ရယ်၊ Password ခံထားတဲ့သော့ရယ် ဒါ့ကြောင့်Meng yang တစ်ယောက်တည်းသာ ဒီစာကြည့်ခန်းကို ဝင်နိုင်တယ်။"Meng Yang!!!မင်း အိမ်ပြောင်းတော့မလို့လား?"
Zhao Juan နဲ့ Yang su က Meng yang ကို ကြည့်ပြီးပြောနေတာပါ။
"Meng yang မင်းစိတ်ဆိုးနေတယ်ဆိုတာငါတို့သိပါတယ်။ငါတို့ကလဲ မင်းကို မထိခိုက်စေချင်ပါဘူး။ဒါ့ကြောင့်ဖုံးကွယ်ထားတာပါ။ဒီလိုခံစားချက်မျိုးဆိုတာအတင်းအကြပ်လုပ်ယူလို့မရ....."
Meng Yang ကလဲ ကြားဖြတ်ပြီး ပြန်ပြောတယ်။
MY:"အခု ကျွန်တော်က အတင်းကြပ်လုပ်ယူတယ်လို့ပြောလိုက်တာလား?ခင်ဗျားတို့
ကြည့်ချင်တယ်ဆိုလဲ နည်းနည်းလောက်နောက်ဆုတ်ပြီးကြည့်နေ၊သူများတွေပစ္စည်းသယ်နေတာကို လာမရှုပ်နဲ့"

YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...