Chapter(5)

29K 4K 31
                                    

လာမယ့်နွေဉီးမှာ မုန့်ရန် ကောလိပ်ပြန်တက်ရတော့မှာဖြစ်တယ်။

ပုံမှန်အားဖြင့်တော့ အမှတ်တွေနဲ့အဆင့်တွေကဘယ် Uni ကိုတက်ရောက်ခွင့်ရမယ်ဆိုတဲ့ သော့ချက်တွေဖြစ်ပေမယ့်၊ကောလိပ်အတွက်ဘွဲ့ကြိုစာမေးပွဲကလဲ မဖြစ်မနေအရေးပါနေပါသေးတယ်။ကောလိပ်ဘွဲ့ကြိုစာမေးပွဲကိုမဖြေဆိုဘဲနဲ့ Uni ဝင်ခွင့်စာမေးပွဲကိုဖြေဆိုလို့မရပါဘူး။

ကောလိပ်ဘွဲ့ကြိုစာမေးပွဲနောက်ဆုံးနေ့မှာ
ယွီကျွင်းချန်  စာသင်ခန်းထဲကို ဝင်လာတာနဲ့၊ စကားစမြည်ပြောဆိုနေကျတဲ့ အတန်းသားတွေက ချက်ချင်းဖုန်းတွေထုတ်ပြီး စာတွေပို့နေကျတယ်။

ယွီကျွင်းချန်  တည်ငြိမ်ချင်ယောင်ဆောင်ဖို့အတွက် သူ့ရဲ့ Tablet computerကိုထုတ်ပြီးစာပြန်နွှေးနေပေမယ့် သူစာတစ်ကြောင်းတောင်ဆုံးအောင်မဖတ်နိုင်ခဲ့ဘူး။သူသိနေတယ် ဒီလိုဆိုးရွားတဲ့အကြည့်တွေကို သူရင်းနှီးနေတယ်။သူ့မှာ ငွေကြေးမရှိ၊နောက်ခံသိုင်းဝိုင်းမရှိပေမယ့် သူ့ရဲ့ကိုယ်ပိုင်အရည်ချင်းတွေက လော်ဆန်း နဲ့ထိုက်တယ်ဆိုတာကို သက်သေပြဖို့ ကိုယ်ပိုင်ခွန်အားသုံးပြီးကြိုးစားရမယ်။

ယွီကျွင်းချန်  နှလုံးသားထဲကနေ သူ့ကိုယ်သူနှစ်သိမ့်အားပေးနေခဲ့တယ်။ဒီလိုအထင်သေးအမြင်သေးပြောဆိုနေတာတွေက အချိန်ခဏလောက်အထိပါပဲ၊သူ့ရဲ့အရည်အချင်းတွေကိုဒီ့ထက်ပိုပြီး တိုးတက်အောင်ကြိုးစားပြီး လော်ဆန်း ကိုလက်ထပ်လိုက်ရင် ဒီစကားတွေပြောင်းသွားပါမှာ။

"......ယွီကျွင်းချန်  နဲ့ မုန့်ရန် တို့က ရင်းနှီးတဲ့ညီအစ်ကိုတွေလို့ ထင်ထားခဲ့တာ၊သူများရည်းစားကို စနိုက်ကျော်လိမ့်မယ်လို့ ထင်မထားဘူးဟယ်"

".....သူ့စတိုင်ကကြည့်ကောင်းတယ်။နူးညံ့သိမ်မွေ့တယ်လို့ထင်ရပေမယ့် ရလဒ်ကတော့ ထင်မထားမိတဲ့ဟာတွေဖြစ်လာတာပဲ"

"....ဟုတ်တယ်၊ဒီလို အပြောနဲ့အလုပ်နဲ့မညီတဲ့လူစားမျိုးတွေက စိတ်ပျက်ဖို့အကောင်းဆုံးပဲ"

".....သူသာပွင့်ပွင့်လင်းလင်းနဲ့ဖွင့်ပြောပြီး လော်ဆန်း ကိုရဖို့ မုန့်ရန် နဲ့ယှဉ်ပြိုင်မယ်ဆိုရင်ငါသူ့ကိုဒိီလောက်ထိအထင်သေးမိမှာမဟုတ်ဘူး။ဒါပေမယ့် ဒီလိုနည်းလမ်းသုံးပြီး မုန့်ရန် တို့ကြားကို ဝင်ရှုပ်ခဲ့တာတောင် သူ့ကိုယ်သူ မုန့်ရန် ရဲ့ သူငယ်ချင်းကောင်းလိုဟန်ဆောင်နေသေးတယ်။တော်တော်အရှက်မရှိတာပဲ"

".......ပြောရမယ်ဆိုရင် သူလိုလူစားမျိုးကကြောက်ဖို့အကောင်းဆုံးပဲ၊သူငယ်ချင်းဖြစ်ဖို့မထိုက်တန်ဘူး။ အပေါ်ယံမှာတော့ မင်းကို ချိုချိုသာသာဆက်ဆံနေပေမယ့် သူ့နောက်ကျောမှာ ဓားတွေဘယ်နှစ်ချောင်းတောင်ဖွက်ထားမလဲဆိုတာဘယ်သူသိနိုင်မှာလဲ?"

"....ဟုတ်တယ်၊အနီးကပ်ပေါင်းသင်း သင့်တဲ့လူစားမျိုးမဟုတ်ဘူး"

မုန့်ရန် စာသင်ခန်းထဲဝင်လာတော့လဲ အကုန်လုံးက လှည့်ကြည့်ကျတာပါပဲ။သူတို့ရဲ့ စာရိုက်နှုန်းတွေပိုမိုမြန်ဆန်လာပြီ။

"....မုန့်ရန် ကိုကြည့်ရတာအဆင်ပြေပုံပါပဲ၊ဒါပေမယ့် ဒါကြီးကိုသည်းခံဖို့ဆိုတာခက်ခဲတယ်လေ၊ဟုတ်တယ်မလား?"

"....ဒါကမသိသာလွန်းဘူးလား?ကိုယ့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းက ကိုယ့်ရည်းစားကိုလုသွားတာကို သည်းခံနိူင်တဲ့သူ ဘယ်သူရှိလို့လဲ?"

"....ငါအခုနကလေးတင် တခြား Group Chat တစ်ခုမှာ မုန့်ရန်အိမ်ရောင်းလိုက်တဲ့အကြောင်းပြောနေတာကြားခဲ့တယ်။ကြည့်ရတာ မုန့်ရန် က ယွီကျွင်းချန်  နဲ့ အပြတ်ဖြတ်လိုက်ပုံရတယ်"

".....ယွီကျွင်းချန်  နဲ့ လော်ဆန်း တို့အကြောင်းကို မုန့်ရန် ဖော်ထုတ်လိုက်တဲ့နည်းလမ်းက ယုတ္တိမရှိဘူးလို့ငါထင်နေတုန်းပဲ၊ လော်ဆန်း ကို လုံးဝစိတ်ဆိုးသွားစေတာမဟုတ်ဘူးလား?"

".......ဒီလိုမျက်နှာကိုဖြတ်ရိုက်တဲ့နည်းလမ်းနဲ့ သူ့ဒေါသကိုထုတ်ပြလိုက်ပေမယ့် ဒါကသူ့ကိုယ်သူသေတွင်းထဲတွင်းပို့နေတာနဲ့မတူဘူးလား?လော်ဆန်း ကသူ့ကိုလွှတ်ပေးပါ့မလား?"

"....ဘယ်သူသိမှာလဲ?ဘာတွေဆက်ဖြစ်မယ်ဆိုစောင့်ကြည့်ကျတာပေါ့"

ယွီကျွင်းချန်  လဲပဲ မုန့်ရန် ကိုလှည့်ကြည့်ခဲ့တယ်။အဲ့နောက် သူ ဖုန်းထုတ်ပြီး  စာမေးပွဲပြီးရင် တစ်နေရာလောက်ရှာပြီး ထိုင်စကားပြောကျမယ်လို့ Message ပို့လိုက််တယ်။ဒါပေမယ့် မုန့်ရန် က သူ့ကိုအစောကြီးကတည်းက Block ထားတာကြောင့် ဘာ Meaasge ကိုမှ ပို့လို့​ရမှာမဟုတ်ဘူး။

မုန့်ရန် သူ့အာရုံတွေအကုန်လုံးကို Tablet Computer ပေါ်မှာ စုပြုံထားခဲ့တယ်။ သူစာပြန်နွှေးနေတာမဟုတ်ဘဲ၊ ဒီတိုင်းပြည်ရဲ့တောင်တန်းအနေအထားတွေကိုလေ့လာနေတာဖြစ်တယ်။

သာယာတဲ့တေးဂီတသံထွက်လာပြီးနောက်မှာ စာသင်ခန်းထဲမှာရှိတဲ့ လူတိုင်းက ဖုန်းတွေကိုသိမ်းလိုက်ပြီး ကိုယ်ပိုင် Tablet တွေကို ထုတ်ထားလိုက်ကျတယ်။စာမေးပွဲမေးခွန်း သူတို့ဆီကို ရောက်လာတာနဲ့ Network ကိုဖြတ်ချလိုက်တယ်။အဖြေတွေကိုသတ်မှတ်ထားတဲ့အချိန်တွင်းမှာ မြန်မြန်ဖြေဆိုပြီး စင်ပေါ်ကို ပို့ပေးရမှာဖြစ်တယ်။

ယွီကျွင်းချန်  စာမေးပွဲကိုအာရုံစိုက်ထားချင်ပေမယ့် စိုးရိမ်စိတ်မှုတစ်ချို့ကြောင့်ထင်သလောက်အာရုံစိုက်လို့မရခဲ့ပါဘူး။

ပုံမှန်တစ်နာရီကြာတဲ့စာမေးပွဲကို မုန့်ရန် နာရီဝက်တည်းနဲ့ အပြီးဖြေခဲ့တယ်။ပြန်လည်မွေးဖွားလာပြီးကတည်းက သူ့ရဲ့ဉီးနှောက်က အတော်လေး ပြောင်းလဲလာတယ်လို့ မုန့်ရန် ခံစားရတယ်။

စာမေးပွဲရက် နှစ်ရက်လုံး ယွီကျွင်းချန်  တစ်ယောက် မုန့်ရန် ကို စကားပြောဖို့ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ အဓိပ္ပါယ်မဲ့တဲ့ ပျင်းရိစရာစကားတွေကို ပြောပြခွင့်မလိုက်ရှာပါဘူး။

စာမေးပွဲရက်တွေကုန်လွန်သွားခဲ့ချိန်မှာ မုန့်ရန် ကလဲ ပြည်ပကိုထွက်ခွာသွားပြီဖြစ်တယ်။

အရင်ဘဝမှာတုန်းက မုန့်ရန် တိဗက်မှာ ပုန်းအောင်းနေခဲ့တာဖြစ်တယ်။ဒီလိုဝေးလံခေါင်သီတဲ့နေရာမှာဆို သူ့ကိုဘယ်သူမှရှာမတွေ့လောက်ဘူးလို့တွေးခဲ့တာပါ။သူ တောအုပ်ထဲမှာ လမ်းပျောက်ခဲ့တုန်းက ယောက်ကျားတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။
မုန့်ရန် ထိုလူရဲ့ မူလရုပ်သွင်ကို တစ်ခါမှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ဖူးပါဘူး။သူ့ရဲ့အမြင်အာရုံတွေမကွယ်ပျောက်ခင်လေးမှာသာထိုလူကို တစ်ချက်လေးကြည့်ခဲ့ဖူးတာပါ။

ထိုလူက မုန့်ရန်ကိုခေါ်ထားခဲဲ့ပြီး တစ်နှစ်လောက်အထိအတူတူနေထိုင်ခဲ့ကျတယ်။ထိုတစ်နှစ်အတောအတွင်း မုန့်ရန် လပေါင်းများစွာကြာအောင်စကားမပြောဘဲနေခဲ့ပေမယ့် ထိုလူကတော့မုန့်ရန် ကို ဆက်နေဖို့၊ထွက်သွားဖို့ ဘာမှ မပြောခဲ့ပါဘူး။ထိုလူနဲ့နေထိုင်နေစဉ်အတောအတွင်း မုန့်ရန် ရှင်းပြရခက်ခဲလောက်တဲ့ လုံခြုံမှုကိုခံစားရတယ်။ဘာကြောင့်မှန်းရယ်မသိ ထိုလူက သူ့ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်တာကြောင့် ထိုလူနဲ့အတူနေထိုင်ခဲ့တယ်။

တစ်နှစ်တာကာလအတွင်းမှာ မုန့်ရန် ထိုလူကို ချစ်မိသွားခဲ့တယ်။ထိုလူက အမြဲတမ်းအေးစက်တဲ့ခံစားချက်တွေကိုပေးတယ်။ထိုလူရဲ့ ခြေထောက်တွေက ပျက်စီးနေပြီး Wheelchair ပေါ်မှာပဲထိုင်နေခဲ့ရတဲ့အပြင် မျက်နှာတစ်ဝက်လောက်ကလဲမီးလောင်ဒဏ်ရာတွေနဲ့ပြည့်နေတယ်။ဒါပေမယ့် မုန့်ရန် ၊ထိုလူကို ကြည့်လိုက်တိုင်း ထိုလူရဲ့ညှို့အားပြင်းဆွဲဆောင်မှုတွေက သူ့ကို မချစ်ဘဲမနေနိုင်အောင်ဆွဲဆောင်ထားနေသလိုပါပဲ။ထိုလူကလည်းသူ့ကို ချစ်နေတယ်လို့ မုန့်ရန် ခံစားမိခဲ့တယ်။ ဒါပေမယ့် ထိုလူကသူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်သိမ်းဆည်းထားတယ်။ထိုလူက နူးညံ့သိမ်မွေ့တဲ့စရိုက်မရှိပေမယ့် သူ့အနားမှာနေရတာက မုန့်ရန် ကို ကောင်းမွန်တဲ့ခံစားချက်တွေဖြစ်ပေါ်စေတယ်။

မုန့်ရန် တစ်ယောက် ကလဲ့စားချေတာတွေ၊သက်သေပြတာတွေ ဘာတစ်ခုမှထပ်မလုပ်ချင်ခဲ့တော့ပါဘူး။ထိုလူနဲ့သာ သက်ဆုံးတိုင်အထိ လုံခြုံအေးချမ်းတဲ့ဘဝလေးနဲ့ အတူရှိနေချင်ရုံပါပဲ။ဒါပေမယ့် လော်ဆန်း တစ်ယောက် ရုတ်တရက်ကြီး သူတို့ဆီကိုရောက်ရှိလာတဲ့အခါ မုန့်ရန် ရဲ့အိမ်မက်ဆန်တဲ့ဘဝလေးလဲ ပြိုကွဲခဲ့ရလေတယ်။

လော်ဆန်း က သူ့ကို လာရှာတယ်လို့မုန့်ရန် ထင်ခဲ့တာပါ။ဒါပေမယ့် လော်ဆန်း လာရှာတဲ့သူက လော်ဆန်း ရဲ့ အဖေဆိုတဲ့ ထိုလူကိုပါ။

မုန့်ရန် ကိုတွေ့လိုက်ရတဲ့အခါ လော်ဆန်း လဲ Shock ရသွားပါတယ်။တစ်နေ့ ...ထိုလူအပြင်သွားနေတုန်းမှာ အရင်နှစ်တွေတုန်းကတည်းကခြေရာဖျောက်သွားခဲ့တဲ့ မုန့်ရန် ကို ဒီကမ္ဘာပေါ်ကနေ တစ်သက်တာပျောက်ကွယ်သွားအောင်လုပ်ဖို့ လော်ဆန်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒီမတော်တဆမှုကိုဖုံးကွယ်ဖို့အတွက် ယွီကျွင်းချန်  က မုန့်ရန် ကိုအဆိပ်တွေတိုက်ကျွေးလိုက်ပါတယ်။
မုန့်ရန် သေဆုံးသွားပြီလို့ထင်တာကြောင့် သူ့လူတွေကိုခေါ်ပြီး မုန့်ရန် ရဲ့ခန္ဓာကိုယ်ကို တောအုပ်နဲ့ဝေးရာကိုသယ်ဆောင်သွားခိုင်းခဲ့ပါတယ်။အဲ့နောက်မှာတော့ မုန့်ရန် ကို
လူသူအရောက်အပေါက်မရှိတဲ့ချောက်ကမ်းပါးအောက်ခြေကို ပစ်ချလိုက်ပြီး လက်စဖျောက်လိုက်ကျပါတော့တယ်။

သစ်ပင်ကြီးတစ်ပင်ပေါ်ပြုတ်ကျခဲ့တာကြောင့် မုန့်ရန် အသက်ချမ်းသာရာရခဲ့ပါတယ်။အဲ့အစား ၁၅နှစ်တာလုံးလုံး ဆွံအနားမကြားဘဝနဲ့ ချောက်ကမ်းပါးအောက်ခြေမှာ တစ်ယောက်တည်း အထီးကျန်စွာရှင်သန်ခဲ့ရတယ်။အမုန်းတွေကို ထပ်တိုးစုဆောင်းရမယ့်အစား ထိုလူ သူ့ကိုလာရှာမှာပါဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ရှင်သန်အားတင်းခဲ့တယ်။

မုန့်ရန် ၁၅ နှစ်လုံးစောင့်မျှော်နေခဲ့ပေမယ့်နောက်ဆုံးမှာတော့ ထိုလူ သူ့ကိုလာရှာမှာကို ထပ်ပြီး မစောင့်မျှော်နိူင်တော့ပါဘူး။

ပြန်လည်မမွေးဖွားမှီအချိန်တုန်းက မုန့်ရန် လှိုဏ်ဂူထဲမှာလှဲလျောင်းနေခဲ့ပြီး သူမသေဆုံးခင်အချိန်လေးမှာထူးဆန်းတဲ့အိမ်မက်တစ်ခုမက်ခဲ့တယ်။သူ့အိမ်မက် မက်ခဲ့တာတွေကတော့.....

သူနေထိုင်တဲ့ ကမ္ဘာလောကကြီး ကတစ်စုံတစ်ယောက် ဖန်တီးထားတဲ့ ဝထ္တုတစ်ပုဒ်ဖြစ်နေခဲ့တယ်။ယွီကျွင်းချန်  နဲ့ လော်ဆန်း က ထိုကမ္ဘာရဲ့ အဓိကဇာတ်လိုက်တွေဖြစ်နေတယ်။မုန့်ရန် နဲ့ တခြားကျန်တဲ့သူတွေကတော့ ဇာတ်လိုက်နှစ်ယောက်ရဲ့ ဖယ်ထုတ်ခြင်းကိုခံရမယ့် အမြှောက်စာသားကောင်လေးတွေမျှသာဖြစ်တယ်။

ဒါပေမယ့် မုန့်ရန် ရဲ့အိမ်မက်တွေက ဇာတ်လမ်းတစ်ခုလုံးကို အကျဉ်းချုံးထားသလိုဖြစ်နေတာကြောင့် အသေးစိတ်အကြောင်းအရာတွေကို မသိခဲ့ရဘူး။
ထိုလူ ၊မုန့်ရန် ဆီရောက်မလာတာက
လော်ဆန်း က ထိုလူရဲ့ သားအရင်းမဟုတ်ကြောင်းအပြင်မုန့်ရန် ရဲ့မတော်ဆဖြစ်မှု သက်သေတွေကိုပါလူသိရှင်ကြားဖော်ထုတ်ဖို့ လုံးပန်းနေရတာကြောင့်ပါ။

ဒါပေမယ့် ထိုလူရဲ့ကြိုးပမ်းမှုတွေမအောင်မြင်သေးခင်မှာပဲ ထိုလူကို လော်ဆန်း ရဲ့အဖိုးက သတ်လိုက်ပါတော့တယ်။

ထိုလူသေဆုံးပြီး သိပ်မကြာခင်မှာပဲ
လော်ဆန်း ကလဲ ထိုလူက သူ့ရဲ့အဖေအရင်းမဟုတ်ဘူးဆိုတာသိသွားခဲ့ပါတယ်။ဒါပေမယ့် ထိုလူ ပိုင်ဆိုင်သမျှတွေကို လော်ဆန်း ကအမွေအဖြစ်သိမ်းပိုက်ခဲ့ပါတယ်။လော်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းပိုက်ပြီးနောက်မှာတော့ လော်ဆန်း က ယွီကျွင်းချန်  နဲ့ ပျော်ရွှင်စွာနေထိုင်သွားခဲ့ကျပါတယ်။

ဒီအိမ်မက်က အမှန်လားအမှားလားဆိုတာ
မုန့်ရန် မသိပါဘူး။ဒါတွေအားလုံးပြီးဆုံးချိန်မှာ သူ့ရဲ့အိမ်မက်တွေထဲမှာအရမ်းရှင်းလင်းနေခဲ့တဲ့တစ်ခုတည်းသောအရာကတော့ ထိုလူရဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ထိုလူကို သူအရမ်းချစ်ခဲ့တယ်။သူအရမ်းချောက်ခြားတုန်လှုပ်နေခဲ့တယ်။အခုလက်ရှိမှာတော့ အမှန်တရားကဘာလဲဆိုတာသူသေချာသိဖို့လိုအပ်နေပါပြီ။ဒီဘဝမှာတော့ လော်ဆန်း တို့နှစ်ယောက်ကို ကလဲ့စားချေမယ့်အပြင် ကျေးဇူးကြွေးဆပ်ရမယ့် သူကိုလဲ သေချာပေါက် အကြွေးကျေအောင်ပေးဆပ်မှာဖြစ်ပါတယ်။

ဆောင်းရာသီမှာ ကမ္ဘာလှည့်ခရီးသွားတော်တော်များများလာရောက်လည်ပတ်လေ့ရှိတဲ့ Ovis လို့ခေါ်တဲ့ နိုင်ငံငယ်လေးဆီကို သူတို့တွေ နှင်းလျှောစီးဖို့ရောက်လာခဲ့ကျတယ်။

လော်ရှို့ က မကြာခင် ဒီတောင်တန်းတွေပေါ်ကို ကားမောင်းပြီး တက်လာတော့မယ်ဆိုတာ မုန့်ရန် အိမ်မက်တွေထဲက အကြောင်းအရာတွေကနေတဆင့်သိထားပြီးပါပြီ။သူက ရုတ်တရက် ခေါင်းကိုက်လာတာကြောင့် ကားကိုမထိန်းနိုင်ဘဲတောင်စောင်းအောက်ကိုကျသွားခဲ့မယ်။တောင်စောင်းကသိပ်မမြင့်ပေမယ့် ကားထဲမှာ ညှပ်နေတာကြောင့် ထိုလူရဲ့ ခြေထောက်တွေလှုပ်ရှားလို့မရတော့ဘဲ မျက်နှာတစ်ခြမ်းလဲပျက်စီးခဲ့မယ်။

အတိတ်ဘဝမှာတုန်းက ကိုယ်ပိုင်ခံစားချက်တွေကိုထည့်မတွက်ရင်တောင် လော်ရှို့ က သာမာန်လူတစ်ယောက်မဟုတ်နိုင်ဘူးဆိုတာ မုန့်ရန် ခံစားမိခဲ့ပါတယ်။ဒီလိုသန်မာတဲ့သူတစ်ယောက်ကို ဒိီလိုမျိုးအဆုံးသတ်နဲ့တော့ မကြုံစေချင်ပါဘူး။ဒါကအတော်လေးကြေကွဲစရာကောင်းတယ်လေ။

လော်ရှို့ ရဲ့ရည်ရွယ်ချက်က လော်ဆန်း ကို ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးအင်ပါယာတစ်ခုကို အမွေပေးချင်ခဲ့တာပါ။လော်ဆန်း အရွယ်ရောက်လို့အသက်ပြည့်တဲ့အခါ လော်ရှို့ ရဲ့အမွေတွေကို ဆက်ခံနိုင်မှာဖြစ်ပါတယ်။အဲ့အခါကျရင် လော်ရှို့ ရဲ့တည်ရှိမှုဟာလဲ အသုံးမဝင်တော့တာကြောင့် လော်ရှို့ သေဆုံးရတော့မှာပါ။လော်ဆန်း ကသူ့ရဲ့သားအရင်းမဟုတ်ဘူးဆိုတာလော်ရှို့ သိပေမယ့် သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကို ဘယ်တော့မှမဖြတ်တောက်ခဲ့တာကြောင့်
လော်ဆန်း က လော်ရှို့ ရဲ့အမွေတွေအကုန်လုံးကိုရခဲ့ပါတယ်။

နှင်းဖုံးနေတဲ့တောင်တစ်ခုနားက Villaတစ်ခုကို မုန့်ရန် ငှားရမ်းခဲ့တယ်။သူတည်းခိုရာနေရာကို ပြန်မသွားခင်နေ့လည်ပိုင်းအထိ ဖြတ်သွားသမျှ ကားတိုင်းကို သေချာလေ့လာနေခဲ့တယ်။လော်ရှို့ ကိုကယ်တင်ဖို့အခွင့်အရေးကို လက်လွတ်သွားမှာစိုးတာကြောင့် စိတ်တွေအရမ်းလှုပ်ရှားနေခဲ့တယ်။အိမ်မက်ထဲက နေ့ရက်ကိုအတိကျမမှတ်မိတာကြောင့် နေရောင်ခြည်ရဲ့ထောင့်အနေအထားလောက်ကိုပဲအနီးစပ်ဆုံးခန့်မှန်းနိုင်ခဲ့တယ်။သူသေချာမှတ်မိနေတာက ကားအမျိုးအစားရယ်၊ကားလိုင်စင်နံပါတ်ရယ်ပါပဲ။

အပူခံရေနွေးခွက်ကိုကိုင်ပြီးဖြတ်သွားသမျှကားတိုင်းကို မုန့်ရန် ရေနွေးပူပူလေးသောက်ရင်းကြည့်နေခဲ့တယ်။သူ့အိမ်မက်ထဲကနဲ့ တစ်ထပ်တည်းတူတဲ့ကားကိုမြင်တဲ့အခါ ရေနွေးခွက်ကိုလက်ကနေချပြီး ထိုကားနောက်ကို လိုက်ခဲ့တယ်။ထိုကားနားကိုမောင်းသွားနေရင်း မုန့်ရန် လက်တွေတုန်လာတယ်။သူမြင်လိုက်တာက သူ့အိမ်မက်ထဲကနဲ့ တစ်ထပ်တည်းတူတဲ့ ကားနံပါတ့်ပြား.......

မုန့်ရန် ဟွန်းတွေအသားကုန်တီးပြီး လော်ရှို့ ရဲ့ကားကို ရပ်အောင်ကြိုးစားခဲ့ပေမယ့်  ကားက ရပ်မသွားတဲ့အပြင် ပိုပြီးတောင် မြန်အောင်မောင်းနေပါသေးတယ်။လော်ရှို့ တစ်ယောက် ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနါကြောင့် တစ်ဝက်တစ်ပျက်သတိလွတ်နေပြီဆိုတာ မုန့်ရန် သိလိုက်ပါပြီ။ဒါကြောင့် လော်ရှို့ ကဘရိတ်အုပ် ရမယ့်အစား အရှိန်တင်လိုက်တာဖြစ်ပုံရတယ်။

သူစိတ်လှုပ်ရှားနေတယ်၊စိုးရိမ်ပူပန်မှုကြောင့် လက်ဖဝါးတွေစိုစွတ်လာတယ်။သူပြန်လည်မွေးဖွားလာခဲ့တာတောင် လော်ရှို့ ရဲ့ကံကြမ္မာကိုမပြောင်းလဲနိူင်သေးဘူးလား?ဘာတွေပဲဖြစ်နေပါစေ၊သူ့ရဲ့ဘဝနဲ့အလဲအထပ်လုပ်ရမယ်ဆိုရင်တောင် လော်ရှို့ ရဲ့ကံကြမ္မာကို ရအောင်ပြောင်းလဲမယ်။

လော်ရှို့ ရဲ့ကားနဲ့ဘေးဘက်ခြမ်းကိုဝင်တိုက်ပြီးသူ့ကိုနှိုးဖို့အတွက်မုန့်ရန် ကားကိုအရှိန်တင်လိုက်တယ်။တိုက်မိတာကြောင့် ကားက အကြိမ်အနည်းငယ်လောက် လှုပ်ရှားသွားသည့်တိုင် လော်ရှို့ ရဲ့ကားက ရပ်မသွားသေးပါဘူး။ရှေ့နားမှာ မြင်ရတဲ့ လမ်းကွေ့ရောက်လို့မှ အချိန်မီကားမရပ်လိုက်နိုင်ရင် ချောက်ကမ်းပါးအောက်ကို ထိုးကျသွားတော့မှာဖြစ်တယ်။မုန့်ရန် စီယာတိုင်ကို ခက်ခက်ခဲခဲလှည့်လိုက်ပြီး လော်ရှို့ ရဲ့ကားတံခါးကို တိုက်လိုက်တယ်။ လော်ရှို့ ရဲ့ကားနဲ့ မတိုက်မိသေးခင်မှာပဲသူတို့ကားနှစ်လုံးတောင်နံရံကို အရှိန်နဲ့ တိုက်မိသွားကေတယ်။

မုန့်ရန် တစ်ယောက် သူ့ရဲ့ညာဖက်နဖူးကနေ သွေးတွေစီးကျနေတာကိုတောင် သတိမထားခဲ့မိပါဘူး။


Zawgyi code

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now