Chapter(6)

27.9K 4K 23
                                    

တောင်နံရံနဲ့အရင်ဆုံးတိုက်မိတာက မုန့်ရန် ရဲ့ကားပါ။လော်ရှို့ ရဲ့ကား body က တောင်နံရံနဲ့တစ်ဝက်၊မုန့်ရန်  ကားနဲ့တစ်ဝက် တိုက်မိခဲ့တာပါ။

မုန့်ရန်  ရဲ့ကားက တောင်နံရံနဲ့ ပြင်းထန်စွာတိုက်မိခဲ့ကာ ကားမှန်ကွဲစတွေကြောင့် မုန့်ရန်  နဖူးကွဲသွားပြီးလဲကျသွားခဲ့တယ်။နာကျင်မှုနဲ့မူးဝေမှုတွေကိုခံစားနေရပေမယ့် လော်ရှို့ ရဲ့ကားကို သူရပ်တန့်ပေးနိုင်ခဲ့တယ်။

ထိုအချိန်တုန်းက လော်ရှို့ တစ်ယောက် ကြောက်စရာကောင်းလောက်အောင် ခေါင်းကိုက်လာခဲဲ့ပြီး အမှောင်ထုထဲကျရောက်သွားသလိုခံစားနေရတယ်။သူ မျက်လုံးတွေကိုဖွင့်ဖို့ အပြင်းအထန်ကြိုးစားပေမယ့် အရာအရာမှောင်မိုက်နေသလိုခံစားနေရဆဲပါ။
သူ့ကား ကို တစ်ခုခုက ဝင်တိုက်နေ
သလိုခံစားလိုက်ရပေမယ့် ဒါကို သူက နာကျင်မှုကြောင့် ထင်ယောင်ထင်မှားတွေဖြစ်နေတယ်လို့ ထင်နေခဲ့တယ်။သူ့ရဲ့ကားက ပြင်းထန်စွာနဲ့တစ်စုံတစ်ခုကို ဝင်တိုက်မိပြီးချိန်မှာ သူအနည်းငယ်လောက်သတိကပ်မိလာခဲ့ပြီးသူ့ရဲ့အမြင်တွေရှင်းလင်းလာတယ်လို့ ခံစားလိုက်ရတယ်။

လက်ရှိအခြေနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ လော်ရှို့ ကားထဲကနေ အမြန်ထွက်လိုက်တယ်။မုန့်ရန်  ရဲ့ကားဆီကိုအမြန်ပြေးသွားလိုက်ပြီး ကားတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါ မုန့်ရန် ရဲ့ မျက်လုံးတွေကပိတ်နေခဲ့ပြီး သူ့ရဲ့နဖူးကနေသွေးတွေစီးကျနေတာကို လော်ရှို့ မြင်လိုက်ရတယ်။လော်ရှို့ အရမ်းကိုထိတ်လန့်သွားပြီး ချက်ချင်းဖုန်းထုတ်ကာ လူတစ်ချို့ကိုလှမ်းခေါ်လိုက်တယ်။အဲ့နောက် မုန့်ရန်ရဲ့အခြေ နေကိုစစ်ဆေးဖို့ ကိုယ်ကိုငုံ့ကိုင်းလိုက်တယ်။

မုန့်ရန်  မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ သူမမေ့မြောခင်လေးကမြင်ခဲ့ဖူးတဲ့ မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်။မုန့်ရန်  ရဲ့မျက်ဝန်းတွေက လော်ရှို့ ရဲ့နှလုံးသားကိုလှုပ်ခတ်စေခဲဲ့ပြီးအံ့အားသင့်မှုတွေနဲ့ပြည့်နှက်နေစေခဲ့တယ်။

မုန့်ရန်  မေ့မြောနေတာမဟုတ်ဆိုတာသေချာတော့မှ လော်ရှို့ က ကားတံခါးကိုပြန်ပိတ်ပေးလိုက်ပြီး မနီးမဝေးမှာရှိနေတဲ့တောင်ကြားလမ်းကွေ့ကို ကြည့်လိုက်တယ်။ထိုကား ကသာ အတင်းအကြပ် သူ့ကားကိုဝင်မတိုက်ပေးခဲ့ရင် သူအခုနေဆို
တောင်အောက်ကိုပြုတ်ကျပြီးသေနေလောက်ပြီ။ထိုကားထဲက လူက သူ့ဘဝကိုကယ်တင်ပေးခဲ့တာပဲ.....

လော်ရှို့ လက်သီးတွေကိုတင်းနေအောင်ဆုပ်ထားမိလိုက်တယ်။သူသေခြင်းတရားနဲ့လက်တစ်ကမ်းအလိုကိုရောက်ခဲ့တယ်ဆိုတဲ့အသိက သူ့ကိုခြောက်လှန့်နေတယ်။

လော်ရှို့ ပိုင်တဲ့ Villaကဒီနေရာနဲ့သိပ်မဝေးတာကြောင့် သိပ်မကြာခင်မှာပဲ သူ့ရဲ့သက်တော်စောင့်တွေရောက်လာတယ်။လော်ရှို့၊မုန့်ရန် ကိုကားထဲကနေဂရုတစိုက်ထုတ်လိုက်ပြီး ဆေးရုံကိုမြန်နိုင်သမျှမြန်အောင်ခေါ်သွားပေးချင်ခဲ့တယ်။

လော်ရှို့ က မုန့်ရန် ကိုသူ့ရဲ့လက်မောင်းတွေထဲမှာပွေ့ထားခဲဲ့ပြီး သူ့ရဲ့သက်တော်စောင့်တွေဖွင့်ပေးတဲ့အရေးပေါ်ဆေးသေတ္တာထဲက ဆေးနဲ့ဂွမ်းကိုထုတ်ယူလိုက်ပြီး မုန့်ရန်  ရဲ့နဖူးကဒဏ်ရာကို ကိုယ်တိုင်ကိုယ်ကျ ဆေးထည့်ပေးလိုက်တယ်။

မုန့်ရန် ရဲ့မှိတ်ထားတဲ့မျက်လုံးတွေက
လော်ရှို့ ကို စိုးရိမ်ပူပန်နေစေပြီး၊စိတ်အနှောက်အယှက်လဲဖြစ်စေပြန်ပါတယ်။
ဒီကလေး က သူ့(လော်ရှို့)ကိုကယ်ဖို့အတွက် သူ့(မုန့်ရန် )ကိုယ်သူ သတ်မိမလိုတောင်ဖြစ်သွားခဲ့ရတာ။

အချိန်အများစုမှာ လော်ရှို့အပြင်ထွက်တိုင်း သက်တော်စောင့်တွေကိုခေါ်သွားလေ့ရှိတယ်။ဒါပေမယ့် တစ်ခါတစ်ရံကျတော့လဲ သူတစ်ယောက်တည်းပဲနေချင်မိတဲ့အတွက် နှင်းလျှောစီးတဲ့နေရာကို သက်တော်စောင့်တွေကိုခေါ်မလာခဲ့တာပါ။

ဒီနေ့မှာတော့ သူရုတ်တရက်ကြီး နှင်းလျှောစီးချင်လာတာကြောင့် တောင်ပေါ်ကို သက်တော်စောင့်တွေမပါဘဲတစ်ယောက်တည်း တက်လာခဲ့တယ်။သူမကြာခဏခေါင်းကိုက်တတ်ပေမယ့် အခုတစ်ခေါက်တုန်းကလောက်တော့ ဘယ်တုန်းကမှမပြင်းထန်ခဲ့ဖူးဘူး။ အဲ့အချိန်တုန်းက သူနဲ့ သူ့လက်မောင်းတွေထဲမှာပွေ့ထားခံရတဲ့ကလေးတို့နှစ်ယောက်လုံး သေသွားနိုင်လောက်အောင် အန္တာရာယ်ရှိနေခဲ့တာ......

သူဆေးရုံကိုရောက်တဲ့အခါ မုန့်ရန် 
ကိုစစ်ဆေးပေးဖို့အတွက်စီစဉ်ပေးခဲ့တယ်။ခံစားနေရတာတွေကအရမ်းထူးဆန်းနေတာကြောင့် သူကိုယ်တိုင်လဲဉီးခေါင်းပိုင်းဆိုင်ရာစစ်ဆေးမှုကိုခံယူခဲ့တယ်။သူ့ရဲ့ခေါင်းကိုက်ရောဂါဘယ်လောက်ထိဆိုးရွားနေပြီလဲဆိုတာကို သူသိချင်နေခဲ့တယ်။အနာဂတ်မှာ ဒီလိုတွေထပ်ဖြစ်လာဉီးမယ်ဆိုရင် သူသွားလေရာတိုင်းကို သက်တော်စောင့်တွေကိုခေါ်သွားဖို့လိုလိမ့်မယ်။

မုန့်ရန် တစ်ယောက် အရက်နာကျနေတဲ့သူတစ်ယောက်လို ခေါင်းကိုက်နေပြီးအစာအိမ်နာနေတာကြောင့်မသက်မသာခံစားနေရတယ်။သူမျက်လုံးတွေဖွင့်လိုက်ပြီး အရာရာကိုရှင်းရှင်းလင်းလင်းမြင်ရအောင် မျက်တောင်အနည်းငယ်ခတ်လိုက်တယ်။

"ဘယ်လိုခံစားနေရလဲ?မင်းအဆင်ပြေရဲ့လား? "

လော်ရှို့ က မုန့်ရန် နိုးလာမယ့်အချိန်ထိအနီးကပ်စောင့်ကြည့်ပေးနေခဲ့တာဖြစ်တယ်။

မုန့်ရန် တစ်ယောက် လော်ရှို့ရဲ့မျက်နှာကို အတော်ကြာတဲ့အထိငေးကြည့်နေခဲ့တယ်။လော်ရှို့က မုန့်ရန် ၁၅နှစ်လုံးလုံးစောင့်မျှော်နေခဲ့တဲ့သူဖြစ်တယ်။ဒီဘဝမှာတော့ လော်ရှို့ ရဲ့ခြေထောက်တွေကလဲအကောင်းတိုင်းပဲရှိနေသေးတဲ့အပြင်၊မျက်နှာကလဲမပျက်စီးသေးဘူး။ဒါက အရမ်းကိုဝမ်းသာအံ့သြဖို့ကောင်းတယ်။

လက်ရှိမှာမြင်နေရတဲ့ လော်ရှို့ နဲ့ အတိတ်ဘဝက လော်ရှို့ တို့က တူညီတဲ့သူတွေမဟုတ်တော့သလိုခံစားရတယ်။လက်ရှိမှာလော်ရှို့ က ချောမောတယ်၊အရပ်ရှည်တယ်၊သန်မာတယ်၊ပြီးတော့ လုံးဝကို ပြီးပြည့်စုံတဲ့ပုံပန်းသဏ္ဍာန်ရှိတယ်။

အတိတ်ကသူတို့ရဲ့ဘဝတွေအကြောင်းကိုတွေးမိတဲ့အခါ မုန့်ရန်  ရဲ့နှလုံးသားတစ်ခုလုံးရှုပ်ထွေးလာခဲ့ပြီး မျက်ဝန်းတွေကိုစိုစွတ်စေခဲ့တယ်။

"အရမ်းနာနေလို့လား?"

မုန့်ရန်  ငိုနေတာကိုလော်ရှို့ နောင်တတွေ
နဲ့ကြည့်နေခဲ့တယ်။မုန့်ရန် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကြောင့် ငိုနေခဲ့တယ်လို့ လော်ရှို့ ထင်နေခဲ့တာ။

မုန့်ရန်  ခေါင်းခါလိုက်ပြီး သူဘာမှမဖြစ်ကြောင်းအချက်ပြလိုက်တယ်။

လော်ရှို့ က နူးညံ့စွာနှစ်သိမ့်ပေးလိုက်တယ်။

"ဘာမှမကြောက်နဲ့၊ဆရာဝန်က မင်းတစ်ကိုယ်လုံးကိုစစ်ဆေးပေးပြီးသွားပြီ။နဖူးကဒဏ်ရာတစ်ခုကလွဲရင် တခြားဘယ်နေရာမှမထိခိုက်ထားဘူး။အဲ့ဒဏ်ရာပျောက်သွားတာနဲ့ မင်းအဆင်ပြေသွားမှာပါ"

မုန့်ရန် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက်ထပ်ထပ်မံအိပ်ပျော်သွားခဲ့ပြန်တယ်။

လော်ရှို့က မုန့်ရန် ကိုအကောင်းဆုံးကုသမှုနဲ့စောင့်ရှောက်မှုတွေပေးနိုင်ဖို့အတွက် အထူးသီးသန့်လူနာခန်းကို ပြင်ဆင်ခိုင်းခဲ့တယ်။နောက်ထပ်ရက်အနည်းငယ်ကြာတဲ့အထိ
မုန့်ရန်  လူနာကုတင်ပေါ်မှာအနားယူရင်း များစွာသောဉီးနှောက်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကို ကြုံတွေ့နေခဲ့ရတယ်။အကောင်းဆုံးဆေးဝါးတွေကိုသုံးပြီး နဖူးကဒဏ်ရာကို
အမာရွတ်မကျန်အောင် ကုသပေးမယ်လို့ ဆရာဝန်တွေက အာမခံခဲ့တယ်။

အခန်းဝန်ဆောင်မှုပေးမယ့်လူတွေကလော်ရှို့ နဲ့အတူနေ့တိုင်းလာနေတာကြောင့် မုန့်ရန်  ဆေးရုံခန်းထဲမှာနေရတာက Hotel မှာနေရတာနဲ့ ဘာမှမကွာခြားသိလိုခံစားရတယ်။တစ်ခုတည်းသောကံဆိုးမှုကတော့မုန့်ရန်  အမြဲတမ်းတက်ရောက်ချင်နေခဲ့တဲ့ St.James Uni ရဲ့ဝင်ခွင့်စာမေးပွဲကို မဖြေလိိုက်ရဘူး။သူ လော်ရှို့ ရဲ့ကံကြမ္မာကို ပြောင်းလဲပေးပြီးရင် အချိန်မှီဝင်ခွင့်စာမေးပွဲသွားဖြေနိူင်မယ်လိို့ထင်ထားတာပါ။ဒဏ်ရာရသွားပြီးကုသမှုခံယူရမယ်လို့ မုန့်ရန်  ထင်မထားခဲ့ဘူး။

"ငါ့ကိုကယ်ပေးတဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်"

လော်ရှို့ က မုန့်ရန်  ကိုနောက်တစ်ခေါက်ကျေးဇူးတင်စကားထပ်ပြောနေတယ်။

"ကျွန်တော် ဘယ်သူလဲဆိုတာ ခင်ဗျားသိပြီးသားမလား?"

မုန့်ရန် ကုတင်ပေါ်မှာထိုင်နေရင်း လော်ရှို့ ကိုကြည့်လိုက်တယ်။

လော်ဆန်း နဲ့တွဲခဲ့တဲ့အကြောင်းတွေအပါအဝင် မုန့်ရန်  နဲ့ပတ်သတ်သမျှအကြောင်းတွေကို လော်ရှို့ သိနေခဲဲ့ပြီးသားပါ။မုန့်ရန် နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုသူမြင်လိုက်ရတုန်းကတိုက်ဆိုင်မှုကြောင့်သူတော်တော်အံ့သြသွားခဲ့တယ်။ သူ့ကိုကယ်တင်တဲ့သူက လော်ဆန်းရဲ့ရည်းစားဟောင်းဖြစ်ပြီး နှစ်ယောက်သားကလဲမနှစ်မြို့ဖွယ်နည်းလမ်းနဲ့လမ်းခွဲခဲ့ကျတယ်လေ။

မုန့်ရန် က သူရှိမနေသင့်တဲ့ဒီနိုင်ငံကိုဒီလိုအချိန်မှာရောက်နေခြင်းက လော်ရှို့ ကိုပိုပြီးခေါင်းရှုပ်စေပါတယ်။ဒီအချိန်ဆိုChina မှာ Uni တွေအတွက်ဝင်ခွင့်စာမေးပွဲကိုဖြေကျပေမယ့်မုန့်ရန်  ကတော့ သူ့ကို ကယ်တင်ဖို့ဒီနေရာမှာပေါ်လာခဲ့ပုံရတယ်။

"ငါမင်းကို ဘယ်လိုပြန်ပေးဆပ်ရမလဲ?"

"ပြန်ပေးဆပ်မယ်?"

မုန့်ရန်  တစ်ခါမှဒီလိုမတွေးခဲ့ဖူးပါဘူး။

"အသက်ကိုကယ်တင်ပေးတဲ့ကျေးဇူးတရားကိုပြန်ပေးဆပ်ရမယ်လေ၊ငါလုပ်ပေးနိုင်တဲ့အရာဖြစ်နေသ၍မင်းကိုကူညီပေးပါ့မယ်"

သူသာတောင်အောက်ကိုကျသွားခဲ့ရင် ကံကောင်းခဲ့မယ်ဆိုရင်တောင် သူ့ဘဝတစ်ဝက်လောက်ကိုဆုံးရှုံးသွားနိူင်တယ်။
ဒါပေမယ့် သူကလူတွေကိုအသက်အကြွေးဆိုမထားနဲ့ရိုးရိုးကြွေးတင်တာကိုတောင်
မကြိုက်တာမို့ မုန့်ရန်  ကို အသက်ကြွေးပြန်ဆပ်ရမယ်။

"ကျွန်တော်စဉ်းစားပြီးရင်အသိပေးပါ့မယ်"

မုန့်ရန် တစ်ယောက်မီးခွက်စောင့်ဘီလူးဆီမှာဆုတောင်းနေရသလိုခံစားနေရတယ်။နောက်ဆုံးတော့ လော်မိသားစုရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ လော်ရှို့လုပ်ပေးနိုင်တာတွေအများကြီးရှိတယ်လေ။ ဒါကြောင့်သူတကယ်စဉ်းစားဖို့လိုခဲ့တယ်။

"ငါအရေးကြီးတဲ့ကိစ္စတွေကိုကိုင်တွယ်ဖို့မနက်ဖြန်ပြန်ရမယ်။ မင်းငါနဲ့ပြန်လိုက်ချင်လား၊ ဒါမှမဟုတ်မင်းပြန်မသွားခင်ပြန်ကောင်းဖို့ဒီနေရာမှာပဲနေချင်လား?"

"ကျွန်တော်၊ခင်ဗျားနဲ့အတူပြန်လိုက်မယ် "

မုန့်ရန် ချက်ချင်းပြန်ဖြေလိုက်တယ်။လော်ရှို့
က Chianကိုပြန်မယ်ဆိုမှတော့ သူလို့ဒီမှာနေခဲ့ရမှာလဲ?

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now