Chapter(7)

27.5K 3.9K 146
                                    

လော်ဆန်းနဲ့အချိန်အတိုင်းအတာတစ်ခုအထိ တွဲခဲ့ဖူးတဲ့ မုန့်ရန် ကလော်ဆန်း ရဲ့အကြောင်းတွေကိုသေချာသိပါတယ်။လော်ဆန်း က အဖိုးဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး သူအရွယ်ရောက်တော့မှသာ လော်ရှို့ ဆီကိုပြန်ရောက်လာခဲ့တာဖြစ်တယ်။လော်ဆန်း က အပြင်မှာသီးသန့်အိမ်တစ်လုံးဝယ်ထားတာကြောင့် အဓိကအိမ်တော်( လော်ရှို့ရဲ့အိမ်)ကို ပြန်မလာဖြစ်တာများတယ်။

တကယ်လို့ သူပြန်လာဖြစ်ခဲ့ရင်တောင် ကြီးမားလှတဲ့အဓိကစံအိမ်တော်ကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖြစ်ဖို့ဆိုတာသိပ်မလွယ်ပါဘူး။မုန့်ရန် ကတော့
လော်ဆန်း ရောက်မလာခင်ရက်အနည်းငယ်လောက်ထိဒီစံအိမ်တော်မှာနေထိုင်ဖို့တွေးထားခဲ့တယ်။

သို့ပါသော်လည်း မုန့်ရန်နဲ့ လော်ရှို့ တို့အတူတူနံနက်စာစားနေတုန်းမှာ လော်ဆန်း တစ်ယောက်ရောက်ချလာပါလေရော။

လော်ဆန်း က လော်ရှို့ ကိုတစ်ခုခုပြောချင်နေပေမယ့် မုန့်ရန်ကိုတွေ့လိုက်ရတာကြောင့် အတော်အံ့အားသင့်သွားခဲ့တယ်။

"မင်း ဒီမှာဘာလုပ်နေတာလဲ?"

လော်ဆန်း တစ်ယောက်အခုမှ အာရုံပြန်လည်လာပုံနဲ့မေးခွန်းပြောင်းမေးလိုက်ပြန်တယ်။

"ဒီကိုလာဖို့မင်းကိုဘယ်သူကခွင့်ပြုလို့လဲ!?"

မုန့်ရန်က မေးနေတာကိုပြန်ဖြေရမယ့်အစား
အပြစ်ကင်းပြီးအကူအညီမဲ့နေတဲ့မျက်ဝန်းတွေနဲ့ တမင်တကာကိုလော်ရှို့ကို လှမ်းကြည့်လိုက်တယ်။

"သူက ငါဖိတ်ထားတဲ့ဧည့်သည်၊ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘာပြောချင်သေးလဲ?"

လော်ရှို့ ရဲ့အသံက ရေခဲတမျှအေးစက်နေတယ်။

လော်ရှို့ ရဲ့စကားတွေက လော်ဆန်း ကို ပိုတောင်အံ့အားသင့်သွားစေခဲ့တယ်။

"အဖေ!!!သူအဖေ့ကိုဘာတွေပြောထားလို့လဲ?သူနဲ့ကျွန်တော် အစောကြီးကတည်းကလမ်းခွဲထားပြီးသား၊သူပြောသမျှတွေအကုန်လုံးက အလိမ်အညာတွေကြီးပဲ၊အဖေသူ့ကိုမယုံနဲ့!!"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now