Chapter(8)

26.8K 3.9K 16
                                    

မုန့်ရန် မောင်းနှင်လာတဲ့ကားက ရှောင်ခယ် ကားမောင်းလေ့ကျင့်ပြီး ကားပြိုင်ပွဲတွေသွားပြိုင်နေကျ ကားပြိုင်ကွင်းဆီကိုဉီးတည်နေခဲ့တာဖြစ်တယ်။ထိုကားပြိုင်ကွင်းက ဒီမြို့ရဲ့အကြီးဆုံးကားပြိုင်ကွင်းတစ်ခုဖြစ်တယ်။ရှောင်ခယ် ကိုယ်ပိုင်အဖွဲ့တစ်ခုဖွဲ့ထားပြီး ပုံမှန်ကားပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်လေ့ရှိတယ်။

ပိုက်ဆံကိုမီးရှို့နေရတာနဲ့တူတဲ့ အလွန်အမင်းစိတ်လှုပ်ရှားစရာကောင်းတဲ့ ကားပြိုင်ပွဲတွေက လူချမ်းသာသခင်လေးတွေကြားမှာ အလွန်ရေပန်းစားတယ်။မုန့်ရန် လဲ
လောဆန်း နဲ့ ဒီကားပြိုင်ကွင်းမှာပဲစတင်တွေ့ဆုံခဲ့ကျတာဖြစ်တယ်။

လက်တွေကိုချည်နှောင်ထားခံရတဲ့ရှောင်ခယ် ကတော့ တောက်လျှောက်အော်ဟစ်ကျိန်ဆဲနေပြီး သူ့ကိုလွှတ်ပေးဖို့ မုန့်ရန် ကိုချိန်းခြောက်နေတယ်။မုန့်ရန် ကတော့ မကြားချင်ယောင်ဆောင်နေလိုက်ပြီး ကားပြိုင်ကွင်းထဲကို တိုက်ရိုက်မောင်းဝင်သွားလိုက်တယ်။

ပုံမှန်ဆိုရင်တော့ ကားမောင်းလေ့ကျင့်ဖို့ဖြစ်စေ၊ပြိုင်ပွဲဝင်ဖို့ဖြစ်စေ ကားပြိုင်ကွင်းထဲကို ဝင်မယ်ဆိုရင် ဂိတ်ပေါက်မှာ Member card ပြရမှာပါ။ဒါပေမယ့်ရှောင်ခယ် ရဲ့ အဖေက ဒီကားပြိုင်ကွင်းရဲ့ ရှယ်ယာဝင်တစ်ယောက်ဖြစ်တယ်။ဒါ့ကြောင့် လုံခြုံရေးတွေက
ရှောင်ခယ် ရဲ့ကားကိုမှတ်မိနေကျတာကြောင့် တားဆီးမနေတော့ဘဲဝင်ခွင့်ပေးလိုက်ကျတယ်။လုံခြုံရေးတွေကရှောင်ခယ်ဒေါသဖြေဖို့ ဒီကိုရောက်လာတယ်ထင်ပြီး ကားနားတောင်မကပ်ရဲကျဘူး။

လမ်းကွေ့တွေ၊ဆင်ခြေလျှောတွေ၊ကျောက်တုံးခင်းထားတဲ့လမ်းကြောင်းတွေ၊ရွှံ့အိုင်တွေ၊သဲခင်းလမ်းတွေ၊အစရှိတာတွေကို
မုန့်ရန် ရှောင်ခယ့်ကားကိုမောင်ပြီး Driftဆွဲတယ်၊လေပေါ်မြောက်နေအောင် ကျော်မောင်းတယ်။မုန့်ရန် သူ့ရဲ့ကားမောင်းSkillကိုထုတ်ကြွားနေရတာကြောင့် သိပ်ကိုကျေနပ်အားရနေခဲ့ပါတယ်။

ရှောင်ခယ် အရင်ကလဲ ကားပြိုင်ပွဲတွေဝင်ပြိုင်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ အရမ်းကိုကြောက်လန့်နေတဲ့အပြင် တစ်ခါတစ်ရံဆိုအော်ငိုမိတဲ့အထိပါပဲ။ကားက အရမ်းအမြင့်ကြီးမှာ တစ်ကယ်ကြီးပျံသန်းနေသလို
ရှောင်ခယ် ခံစားနေရတယ်။မုန့်ရန် လမ်းကွေ့တစ်ချို့မှာ နံရံကိုတိုက်မိမလိုတွေဖြစ်ခဲ့ပေမယ့် တစ်ကယ်တမ်းဖြတ်ကျော်ချိန်မှာတော့ ဘာကိုမှ မတိုက်မိခဲ့ပေ။

မုန့်ရန် မောင်းနေတဲ့အရှိန်ကရူးလောက်အောင်ကြောက်ဖို့ကောင်းတဲ့အပြင် လမ်းချိုးအကွေ့တွေကိုကွေ့လိုက်တိုင်း ကားမှန်နဲ့ခေါင်းနဲ့ရိုက်မိတဲ့အရှိန်ကြောင့် ရှောင်ခယ် တစ်ယောက် မူးဝေနေပါပြီ။

လုယွင်ကျင့် ကားကိုပတ်လမ်းထဲကိုမောင်းဝင်လိုက်ပြီးဘေးချရပ်ထားလိုက်တယ်။ကြီးမားတဲ့ Screen ပေါ်မှာမြင်နေရတဲ့ ပုံရိပ်တွေကြောင့် အတော်လေးအံ့အားသင့်နေရတယ်။

// မုန့်ရန် ရဲ့ကားမောင်းSkillကဘယ်တုန်းကဒီလောက်ထိကောင်းသွားရတာလဲ?ဒါက professionalပြိုင်ကားမောင်းသမားတွေလိုပဲ//

ကားပြိုင်ကွင်းမှာရှိတဲ့စောင့်ကြည့်ခန်းကလူတွေကလည်း မုန့်ရန်ရဲ့ကားမောင်းSkillကိုစိတ်လှုပ်ရှားစွာချီးကျူးနေကျတယ်။

“ဝိုးဝိုးဝိုးးးးးးဒီမှာဘာတွေဖြစ်ကုန်တာလဲ?သခင်လေးရှောင်ခယ် ဆေးမှားသောက်ထားတာလား?သူကအရမ်းအံ့သြဖို့ကောင်းတယ်! “

“ထောင့်ချိုးတွေချိုးသွားတာ
မြန်လွန်းတယ်၊သူကအရမ်းကျွမ်းကျင်တာပဲ”

“ဆင်ခြေလျှောကိုကျော်သွားတဲ့အကွက်လေးကအရမ်းမိုက်တာပဲ”

“ပြန်ကျလာပြီ!! ကျလာပြီ! ပြီးပြီကွ!!!!။ ဘယ်လောက်တောင်လန်းတဲ့အကွက်တွေလဲ?”

“ငါပြောမယ်၊ ကားမောင်းနေတဲ့
သူကတကယ်ပဲ သခင်လေးXiao လား။ သေချာတာကတော့အဲဒီနေရာမှာအခြားတစ်ယောက်ရှိနေတာဖြစ်မယ်”

“ဖြစ်နိုင်တယ်၊မနေ့ကသူကောင်းကောင်းမလေ့ကျင့်နိုင်ခဲ့ဘူး။အခုသူရုတ်တရက်ကြီးအရမ်းကောင်းအောင်မောင်းနိုင်နေတယ်။အဲဒါကသိပ်တော့သဘာဝမကျဘူး”

“ဟုတ်တယ်၊ သူမောင်းနေတာမဟုတ်လောက်ဘူး”

မုန့်ရန် လမ်းကြောင်းအားလုံးကိုမောင်းပြီးတဲ့အခါ  လုယွင်ကျင့် နောက်ကနေလိုက်သွားပြီးကားကိုကားပြိုင်ကွင်းထဲကနေတိုက်ရိုက်မောင်းထွက်လိုက်တယ်။

ရှောင်ခယ် အံကိုခပ်တင်းတင်းကြိတ်ထားတာကြောင့်မျက်နှာကကြည့်ရဆိုးနေခဲ့တယ်။သူရဲ့အစာအိမ်အောင့်နေတာကြောင့်အော့အန်လိုက်ဖို့အသည်းအသန်ကြိုးစားနေရတယ်။ဒါဟာသူ့ဘ၀ မှာပထမဆုံးအကြိမ်
အဖြစ်ကားစီးရခြင်းကိုကြောက်ရွံ့ခဲ့ရခြင်းဖြစ်တယ်။

မုန့်ရန် ကားပြိုင်ကွင်းထဲကနေထွက်လာခဲ့ပြီးသူတို့စတွေ့ခဲ့တဲ့လမ်းဘေးမှာရပ်လိုက်တယ်။ သူကကားကိုတည်ငြိမ်စွာရပ်လိုက်ပြီးကားနောက်ခန်းတံခါးကိုဖွင့်လိုက်တယ်။ မုန့်ရန် က ရှောင်ခယ် ရဲ့လက်ကိုချည်ထားတဲ့ခါးပတ်ကိုဆွဲပြီးသူ့ကိုကားထဲကနေဆွဲထုတ်လိုက်တယ်။

ရှောင်ခယ် ကားအပြင်ကိုရောက်တဲ့အခါခေါင်းကလဲမူးဝေနေတယ်၊ခြေထောက်တွေကလည်းပျော့ခွေနေတာကြောင့်မတ်တပ်တောင်သေချာမရပ်နိုင်ရှာတော့ဘူး။
ရှောင်ခယ် လမ်းပေါ်မှာထိုင်ချလိုက်ပြီး သူ့ဆံပင်တွေကိုဆုပ်ကိုင်နေတယ်။

ရှက်လွန်းတာကြောင့်သူခေါင်းမမော့နိုင်ခဲ့ဘူး။မုန့်ရန်ကိုမရိုက်နှက်နိုင်ခဲ့တဲ့အပြင် ကြောက်ရွံ့ထိတ်လန့်စွာအော်ဟစ်ခဲ့တာကြောင့်သူပိုပြီးရှက်နေခဲ့တာပါ။

လုယွင်ကျင့် ကလည်းသူ့ကားကိုမောင်းလာခဲ့တယ်။မုန့်ရန် လမ်းလျှောက်လာပြီးကားထဲကရေပုလင်းကိုယူသောက်လိုက်တယ်။

လုယွင်ကျင့်၊မုန့်ရန် ရဲ့ကာမောင်းSkillအရမ်းကောင်းလာတာကိုမြင်ခဲ့တာကြောင့်မုန့်ရန် ကိုမေးချင်နေသော်လည်း မုန့်ရန်သူ့ကိုကြည့်
ပြီးဆက်မမေးဖို့အချက်ပြလိုက်တယ်။
လုယွင်ကျင့် ရှောင်ခယ် ကိုကြည့်လိုက်ပြီးဆက်မမေးတော့ပေ။

မုန့်ရန် က ရှောင်ခယ် ကိုကြည့်ပြီးမေးလိုက်တယ်။

”မင်းဘယ်လိုခံစားရလဲ?စိတ်လှုပ်ရှားဖို့ကောင်းတယ်မလား?အရမ်းမိုက်တယ်မလား?”

”မင်းမောင်းတာအရမ်းမိုက်တယ်။ဒီလိုSkillမျိုးကိုမင်းအရင်ကဘာလို့ထုတ်မပြခဲ့တာလဲ? လောဆန်း ရဲ့ကျော်ကြားမှုကို ထိခိုက်မိမှာစိုးလို့လား?”

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now