Chapter(19)

25.4K 3.7K 44
                                    

နွေဉီးရောက်တဲ့အခါ ကျောင်းသားတွေကျောင်းပြန်တက်ဖို့ ပြင်ဆင်နေကြပြီ။Uni တက်မယ့် ကျောင်းသားသစ်တွေကလဲ ကျောင်းအပ်ဖို့ ပြင်ဆင်နေပြီ။

မုန့်ရန်  တက်ချင်နေတဲ့ St.James ဆိုတဲ့ Uni က  ကိုယ်ပိုင်တက္ကသိုလ်တစ်ခုဖြစ်တဲ့အပြင် နာမည်ကျော်ပုဂ္ဂိုလ်အတော်များများကို မွေးထုတ်ပေးနိူင်တာကြောင့် တိုင်းပြည်တစ်လွှားမှာ နာမည်ကျော်ကြားလှပါတယ်။

မုန့်ရန်  တကယ်တမ်း ဒီတက္ကသိုလ်ကို တက်ချင်ရတဲ့ ရည်ရွယ်ချက်က တစ်နိူင်ငံမှာအကောင်းဆုံးသော ရေမွှေးထုတ်လုပ်ရေးဌာန က ဒီတက္ကသိုလ်မှာပဲရှိတာကြောင့်ဖြစ်တယ်။

ရေမွှေးနဲ့ ပက်သတ်ဆက်စပ်တဲ့ အခြေခံဗဟုသုတတွေကို ငယ်ငယ်ကတည်းက လေ့လာခဲ့ရတာကြောင့် မုန့်ရန်  အနေနဲ့ အခြေခိုင်နေပြီလို့ ပြောလို့ ရတယ်။အထူးသဖြင့်ရုက္ခဗေဒ အပိုင်းမှာတော့ မုန့်ရန်  အတော်လေးထူးချွန်တယ်။အတိတ်ဘဝမှာတုန်းကလည်း သူ ဒီတက္ကသိုလ်မှာပဲတက်ခဲ့တယ်။ဒီတက္ကသိုလ်ကိုရောက်မှသာ အရည်အချင်းကွာခြားမှုတွေ ပိုပြီကွာဟ လာခဲ့ရတာဖြစ်တယ်။


လော်ရှို့ ကိုကယ်တင်နေရတဲ့အတွက်
မုန့်ရန်  ဝင်ခွင့်ဖြေဆိုခွင့် လွတ်သွားတာကြောင့် ကျောင်းအပ်လို့မရခဲ့ဘူး။သို့ပေမယ့် လော်ရှို့ က St. James မှာရှိတဲ့ ရေမွှေးဌာနနဲ့ စီးပွားရေးဌာနတွေကို ပမာဏအတော်များများနှစ်စဉ်ထောက်ပံ့ပေးနေတာကြောင့် မုန့်ရန်  အတွက်ကျောင်းဝင်ခွင့်သီးသန့် ဖြေဆိုခွင့်တောင်းလိုက်တယ်။သဘာဝကျကျပြောရရင် တက္ကသိုလ် ဘက်ကလဲ ဒီလောက်ကြီးမားတဲ့ ငွေကြေးအထောက်အပံ့ပေးသူကို မငြင်းဆန်ခဲ့ဘူးလေ။

မုန့်ရန်  ရဲ့ ဝင်ခွင့်စာမေးပွဲရမှတ်ကအတော်လေးမြင့်မားတယ်။ဒါပေမယ့် တခြားလူတွေကတော့ မုန့်ရန်  ကို နောက်ဖေးပေါက်ကဝင်လာတဲ့ သူလို့ပဲမြင်နေကြတယ်။

[TN:အရည်အချင်းမရှိတာကြောင့် လာဘ်ထိုးပြီး နေရာယူတဲ့သူ]

ပထမဆုံးကျောင်းတက်ရတဲ့နေ့မှာ မုန့်ရန်  ရေမွှေးဌာနရဲ့ ကျောင်းသားသစ်တွေရှိရာစာသင်ခန်းထဲကို ဝင်သွားလိုက်တယ်။St.James ရဲ့ရေမွှေးဌာန ရဲ့အပြင်အဆင်က ရှေးဟောင်းဉယျာဉ်တစ်ခုသဖွယ်အထက်တန်းကျကျ သေချာပြင်ဆင်ထားတယ်။

ကျောင်းသားတွေကို အဆင့်တွေအရ အခန်းတွေခွဲထားပေမယ့် ပထမဆုံးကျောင်းတက်တဲ့ရက်မှာတော့ အကုန်လုံးကို တစ်ခန်းထဲမှာ စုပေါင်းထားတယ်။ထိုင်ခုံတွေကို စက်ဝိုင်းခုံးသဏ္ဍာန်စီရီထားပြီးအရှေ့ဆုံးရဲ့အလယ်မှာရှိတဲ့ ထိုင်ခုံက ဝင်ခွင့်မှာ ပထမရတဲ့သူအတွက် ဖြစ်တယ်။

မုန့်ရန်  ရဲ့ဝင်ခွင့်ရမှတ်က ယွီကျွင်းချန်  ထက်ပိုမြင့်တယ်။ဒါပေမယ့် ကောလိပ်နောက်ဆုံးစာမေးပွဲရဲ့ပျှမ်းမျှအဆင့်တွေကတော့ ယွီကျွင်းချန်  က မုန့်ရန်  ထက်ပိုမြင့်တယ်။
ယွီကျွင်းချန်  က ပထမနေရာမှာထိုင်နေပြီး မုန့်ရန်  ကတော့ ဒုတိယနေရာမှာဝင်ထိုင်လိုက်တယ်။

မုန့်ရန်  အခန်းထဲဝင်လာပြီး ထိုင်ခုံမှာဝင်ထိုင်နေတာကိုအခန်းထဲကလူတွေစိတ်ဝင်တစားကြည့်နေကြတယ်။အဲ့နောက် ဖုန်းတွေထုတ်လိုက်ပြီး၊ မုန့်ရန် က ယွီကျွင်းချန်  ရဲ့ ပထွေးဘက်ကပါတဲ့ ညီအစ်ကိုဖြစ်ကြောင်း၊
လော်ဆန်း တို့သားအဖနဲ့ သူတို့ညီအစ်ကိုတို့နှစ်ယောက်ကြားက စေ့စပ်ပွဲ၊လက်ထပ်ပွဲတွေအကြောင်း အတင်းအဖျင်းတွေကို တစ်ယောက်နဲ့တစ်ယောက်မျှဝေနေကြတယ်။

ယွီကျွင်းချန်  ကလဲ မုန့်ရန်  ကိုလှမ်းကြည့်လိုက်ပြီးဘယ်လိုစကားပြောရမလဲချောင်းနေတယ်။မုန့်ရန်  နဲ့ ပြန်အဆင်ပြေပြီး အရင်လို မုန့်ရန်  သူ့အပေါ်ယုံကြည်လာစေချင်တယ်။မုန့်ရန်  ဆီမှာရှိတဲ့ ရှေးဟောင်းစာအုပ်တွေကို သူလေ့လာချင်နေတယ်။

ကျောင်းသားသစ်တွေအနေနဲ့ Master တွေရဲ့ဟောပြောချက်ကို တစ်လမှာ နှစ်ကြိမ်ပဲနားထောင်ခွင့်ရကြတယ်။ပထမနှစ်ပြီးဆုံးတဲ့အခါ အထူးတန်းကိုဝင်ခွင့်ရသူတွေသာ Master တွေရဲ့ဟောပြောချက်တွေကို နားထောင်ခွင့်ရတော့မှာဖြစ်တယ်။

ဒါ့ကြောင့် ပထမဆုံးအကြိမ် Master တွေရဲ့ဟောပြောချက်တွေကို နားထောင်ဖို့ ကျောင်းသားတွေစိတ်လှုပ်ရှားနေကြတယ်။နိူင်ငံတကာအဆင့်မှီMaster တော်တော်များများရဲ့ဟောပြောချက်တွေကိုနားထောင်ခွင့်ရဖို့ဆိုတာ တစ်ချို့ကျောင်းသားတွေအတွက်ကတော့ တစ်သက်မှာ နှစ်ခါပြန်မရနိုင်တဲ့မဟာအခွင့်အရေးကြီးပဲလေ။

ပေါ့ပါးတဲ့ သတိပေးသံတစ်ချက်ထွက်ပေါ်လာတဲ့အခါ ကျောင်းသားတိုင်းမတ်တပ်ထရပ်လိုက်ကြတယ်။အခန်းရှေ့က စင်မြင့်ပေါ်ကို Master တွေရောက်လာကြပြီ။Master တစ်ယောက်ချင်းဆီရဲ့နောက်မှာ ကျောင်းသားနှစ်ယောက်ဆီပါလာကြတယ်။Master တွေ ထိုင်ခုံမှာ ထိုင်လိုက်တော့မှ ကျောင်းသားတွေလဲ ပြန်ထိုင်ခွင့်ရကြတယ်။

စင်မြင့်ရဲ့အလယ်မှာထိုင်နေတဲ့Master နှစ်ယောက်ထဲက တစ်ယောက်က မျက်နှာထားတင်းတင်းနဲ့ အေးစက်တဲ့ဟန်ပန်ရှိတယ်။သူရဲ့အကြည့်တစ်ချက်က ကျောင်းသားသစ်တွေကို ခိုက်ခိုက်တုန်အောင်ကြောက်ရွံ့သွားစေနိုင်တယ်။ ထို Master ကတော့ ယွီကျွင်းချန်  ရဲ့ဆရာဖြစ်တဲ့ ကမ္ဘာ့အဆင့် ရေမွှေးနံ့သာရောစပ်ခြင်းနဲ့ရနံ့ကုထုံးပညာရှင် ရွှီဝမ်းယာ ဖြစ်တယ်။နောက် Master တစ်ယောက်ကတော့ ကြင်နာတတ်တဲ့အပြုံးမျက်နှာရှိတဲ့ ကမ္ဘာ့အဆင့် ရနံ့ပညာရှင် လင်စုန့်ထိုင် ဖြစ်တယ်။

ထို Master နှစ်ယောက်ကို တိုင်းပြည်ကိုယ်စားပြု ရနံ့ပညာရှင် တွေအဖြစ်သက်ဆိုင်ရာအသိုင်းအဝိုင်းတစ်ခုလုံးက အသိအမှတ်ပြုထားကြတယ်။သူတို့နှစ်ယောက်က အကျင့်စရိုက်ကွဲပြားရုံသာမကပဲ အယူအဆသဘောထားတွေပါကွဲပြားကြမှန်း ရနံ့အကြောင်း သင်ကြားပေးတဲ့ ပညာရေးအသိုင်းအဝိုင်းတစ်ခုလုံး လက်ခံထားကြတယ်။

ထိုင်လိုက်ပြီးတာနဲ့ ရွှီဝမ်းယာ ကျောင်းသားသစ်တွေကို တစ်ချက်လောက်လိုက်ကြည့်လိုက်တယ်။ရွှီဝမ်းယာရဲ့အကြည့်တွေက မုန့်ရန်  ဆီရောက်တဲ့အခါ မျက်မှောင်ကြုံ့ပြီးမေးခွန်းထုတ်လိုက်တယ်။

"ထိုင်ခုံနေရာတွေကို ဘယ်သူနေရာချတာလဲ?"

အတန်းပိုင်ဆရာက အမြန်မတ်တပ်ရပ်လိုက်ပြီးပြန်ဖြေတယ်။

"ထိုင်ခုံနေရာတွေကို ရမှတ်အလိုက် စီထားတာပါ"

"ငါတခြားကျောင်းသားတွေကိုမေးနေတာမဟုတ်ဘူး။ဝင်ခွင့်တောင် ဝင်မဖြေထားဘဲ နောက်ဖေးပေါက်ကနေဝင်လာတဲ့သူကို ဘယ်နေမှာ ထိုင်ခိုင်းထားတာလဲ?"

အတန်းပိုင်ဆရာက မုန့်ရန်  ကိုတစ်ချက်ကြည့်လိုက်ပြီးပြန်ပြောတယ်။

"မုန့်ရန်  ကတခြားကျောင်းသားတွေနဲ့အတူ ဝင်ခွင့်မဖြေပေမယ့် ကျောင်းကသူ့အတွက် သီးသန့် ဝင်ခွင့်စာမေးပွဲလုပ်ပေးခဲ့တယ်။သူ့ရဲ့ရမှတ်က ကျောင်းသားသစ်တွေထဲမှာဒုတိယအမြင့်ဆုံးပါ။ဒါ့ကြောင့်...."

"စည်းကမ်းချိုးဖောက်သူတွေကိုစည်းမျဉ်းတွေအရဖယ်ထုတ်ပစ်ရမှာပဲ။အထူးအခွင့်ရေးတွေဆိုတာ ဒီစာသင်ခန်းထဲမှာအကျုံးမဝင်ဘူး။ဒါက စည်းကမ်းလိုက်နာတဲ့ တခြားကျောင်းသားတွေအတွက် မတရားဘူး"

ရွှီဝမ်းယာ ကခပ်ပြတ်ပြတ်ထပ်ပြောတယ်။

"သူဘာသာသူစာမေးပွဲကျသည်ဖြစ်စေ၊ မဖြေသည်ဖြစ်စေ၊ သူ့ရဲ့ရမှတ်တွေကိုစိတ်မဝင်စားဘူး။ ထည့်တွက်စရာမလိုလောက်ဘူးလို့ပဲငါမြင်တယ်။သူ့ကို နောက်ဆုံးခုံကိုပို့လိုက်"

အတန်းပိုင်ဆရာက မုန့်ရန် ကို တစ်ချက် ကြည့်လိုက်တယ်။အခုချိန်မှာ သူဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဖြစ်နေတယ်။

မုန့်ရန် ရဲ့ရမှတ်က ယွီကျွင်းချန် ထက်မြင့်တယ်ဆိုတာ ရွှီဝမ်းယာ မယုံဘူး။ဘာကြောင့်လဲဆိုတာအကြောင်းအရင်းရှိတယ်။ မုန့်ရန်  နဲ့ ယွီကျွင်းချန်  တို့နှစ်ယောက် ရေမွှေးပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ခဲ့ကြတယ်။တစ်ကယ်တော့ အဆင့်မြင့်တဲ့ပြိုင်ပွဲမဟုတ်တဲ့အတွက် ရွှီဝမ်းယာ ကဒီပွဲကို မတက်ချင်ခဲ့ဘူး။သူငယ်ချင်းဟောင်းတစ်ယောက်က သူ့ကို အကဲဖြတ်ဒိုင်အဖြစ်ဖိတ်ကြားခဲ့တယ်။ပွဲစဉ်တစ်လျှောက်လုံးက စိတ်ဝင်စားစရာအရမ်းကောင်းတယ်။ မုန့်ရန်  ကလဲ Semi Final ထိရောက်အောင် ကြိုးစားနိုင်ခဲ့တယ်။ဒါပေမယ့် မုန့်ရန်  မှာ ပူပန်စရာတစ်ချို့ရှိနေတာကြောင့် အနံ့ရောစပ်တဲ့နေရာမှာနည်းနည်းလေးလွဲချော်သွားတယ်။ကုန်ကြမ်းရောစပ်တဲ့ အချိုးအဆကလဲ နည်းနည်းလေးလွဲသွားတယ်။ဒါ့ကြောင့် ရွှီဝမ်းယာ ရဲ့ဝေဖန်မှုကိုခံခဲ့ရတယ်။

မုန့်ရန်  ရဲ့ရမှတ်တွေကိုတခြားကျောင်းသားတွေကလဲ မယုံနိုင်ကြသေးဘူး။ယွီကျွင်းချန်  ရဲ့ဆရာနဲ့ ရွှီဝမ်းယာ တို့က သူငယ်ချင်းတွေဖြစ်တာကြောင့် ယွီကျွင်းချန်  ရဲ့ဆရာ၊တပည့်တွေ မုန့်ရန်  မကောင်းကြောင်းတွေပြောနေတာကို ရွှီဝမ်းယာ တစ်စွန်းတစကြားခဲဖူးတယ်။ဒါ့ကြောင့် ရွှီဝမ်းယာ တစ်ယောက် မုန့်ရန်  ကိုမုန်းနေတာဖြစ်တယ်။

ရွှီဝမ်းယာ က အတန်းပိုင်ဆရာကို မုန့်ရန်  ကိုနေရာရွှေ့ဖို့ပြောနေပေမယ့် အတန်းပိုင်ဆရာကတော့ ပျာယာခတ်နေပြီ။သူ့လို အတန်းပိုင်ဆရာအဆင့်လေးက ရွှီဝမ်းယာ ကိုရော လော်ရှို့ ကိုရော ဘယ်လိုဆန့်ကျင်ရဲပါ့မလဲ။ အင်မော်တယ်(မသေမျိုး)တွေရဲ့ရန်ပွဲက သာမာန်လူတွေကို ထိခိုက်စေတယ်ဆိုတယ်စကားလဲရှိနေတာပဲ။သူဘယ်ဘက်ကို ပြေးကပ်ရပါမလဲ?

[TN:မီယန်မာလိုဆို ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်ပါ]

အတန်းပိုင်ဆရာတစ်ယောက် တောင့်တောင့်ကြီးရပ်နေသေးတာကို မြင်တဲ့အခါ ရွှီဝမ်းယာ ကသူ့နောက်က တပည့်တစ်ယောက်ကို ခိုင်းလိုက်တယ်။အဲ့အခါ ယွီကျွင်းချန်  မတ်တပ်ထရပ်လိုက်ပြီးတရိုတသပြောလိုက်တယ်။

"ဆရာ၊ဒီနေ့တော့ခွင့်လွှတ်ပေးလိုက်ပါ၊ကျောင်းကဒီလိုစီစဉ်ပေးတယ်ဆိုမှတော့ တခြားကျောင်းသားတွေလဲဒါကို သိပ်ဂရုမစိုက်လောက်ဘူးလို့ကျွန်တော်ထင်တယ်။အချိန်က တန်ဖိုးရှိပါတယ်။တခြားကျောင်းသားတွေကလဲ ဟောပြောချက်တွေနားထောင်ဖို့စောင့်နေကြတယ်။ဒီကိစ္စတွေကို ခဏဘေးချိတ်ထားလိုက်လို့ရမလား"

ယွီကျွင်းချန်  ရဲ့အရည်အချင်းနဲ့ပါရမီကြောင့် ရွှီဝမ်းယာ က ယွီကျွင်းချန်  ကို အတော်လေးမျက်နှာသာပေးတယ်။ယွီကျွင်းချန်  သာ ကြိုးကြိုးစားစားသင်ယူလေ့လာနေသ၍ သက်တူရွယ်တူ ရေမွှေးပညာရှင်ကို ကျော်တက်သွားနိုင်လိမ့်မယ်လို့ ရွှီဝမ်းယာ တွေးထားတယ်။ပြီးတော့ ယွီကျွင်းချန်  ရဲ့ အကျင့်စရိုက်နဲ့ အပြုအမူတွေကလဲ ကောင်းမွန်တဲ့အပြင်၊ပင်ကိုယ်ဗီဇကလဲကောင်းမွန်သေးတယ်လေ....

ယွီကျွင်းချန် က မုန့်ရန်  ဘက်ကနေ ကူပြီးပြောပေးတဲ့အတွက် မုန့်ရန်  သူ့ကိုကျေးဇူးတင်နေမှာပဲလို့တွေးနေခဲ့တယ်။ဒါကို ကြိုမြင်နေတဲ့ မုန့်ရန်  က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီးပြောလိုက်တယ်။

"Mr.ရွှီ"

မျက်လုံးချင်းဆုံပြီးစကားမပြောခင် မုန့်ရန်  ရိုသေသမှုပြုတဲ့အနေနဲ့ခါးကိုအနည်းငယ် ကိုင်းလိုက်တယ်။

"ကျွန်တော်က ကျောင်းစစတက်ချင်းမှာကျောင်းရဲ့စည်းမျဉ်းစည်းကမ်းတွေကိုမလိုက်နာခဲ့တဲ့အတွက်ဒီနေရာမှာထိုင်ဖို့မသင့်တော်ဘူးလို့ ခင်ဗျားထင်နေတာမလား?"

ယွီကျွင်းချန် ချက်ချင်း မုန့်ရန်  ဘက်ကိုလှည့်ပြောလိုက်တယ်။

"မုန့်ရန် ....."

"ဘာလဲ?မင်းက ငြင်းချင်တာလား?"

ရွှီဝမ်းယာ မျက်မှောင်ကြုံ့ပြီးပြန်မေးတယ်။

"ဒီတက္ကသိုလ်ကိုစဖွင့်ကတည်းက အခုချိန်အထိ ကျွန်တော့်လို ဝင်ခွင့်ကိုသီးခြားဖြေဆိုတဲ့သူ အနည်းဆုံးရာဂဏန်းလောက်တော့ရှိတယ်လို့ ကျွန်တော်ကြားထားတယ်။ဒါက တက္ကသိုလ်ကပြဌာန်းထားတဲ့ စည်းမျဉ်းဖြစ်တဲ့အတွက် ကျွန်တော် တစ်ယောက်တည်းအတွက် ချွင်းချက်ပေးထားမှမဟုတ်တာ။Mr.ရွှီ လဲ ဒီကျောင်းမှာစာသင်နေတာ ဆယ်နှစ်ကျော်နေပြီပဲ၊ကျွန်တော့်ထက်အရင် ဝင်ခွင့်သီးခြားဖြေဆိုသူတွေကိုတွေ့ခဲ့ဖူးမှာပေါ့။အဲ့တုန်းကတော့ တစ်ချက်လေးမှ မငြင်းခဲ့ဘဲနဲ့၊အခုကျွန်တော့်အလှည့်ကြမှပြသာနာထရှာတယ်ဆိုတော့ ခင်ဗျားက ခင်ဗျားမကျေနပ်တဲ့သူတွေကို စည်းမျဉ်းတွေနဲ့ကိုင်ပေါက်တတ်တယ်လို့ လူတွေထင်ကုန်ကြတော့မှာပဲ"


ရွှီဝမ်းယာ မျက်နှာတစ်ခုလုံး ဒေါသကြောင့် အတော်ကြည့်ရဆိုးနေပြီ။တစ်ချို့ဆို စကားတောင် မပြောနိင်အောင် အံ့သြနေကြတယ်။မုန့်ရန်  လို ကောင်လေးက သူ့ကိုနည်းနည်းလေးလောက်တောင် မျက်နှာသာမပေးဘူးဘဲ။

လင်စုန့်ထိုင် ကလဲ လက်ထဲကရေနွေးခွက်ကိုဘေးချလိုက်ပြီး အပြုံးတစ်ခုနဲ့ ဝင်ပြောတယ်။

"ဒီကောင်လေးရဲ့စကားတွေက အကျိုးအကြောင်းဆီလျော်သားပဲ။ဒီနည်းလမ်းက မတရားဘူးလို့ မင်းထင်ရင် တခြားကျောင်းသားတွေတုန်းက မင်းဘာလို့ မကန့်ကွက်ခဲ့လဲ။ဘာလဲ မင်းရဲ့လုပ်သက်နဲ့ရာထူးကို အကြောင်းပြပြီး စည်းမျဉ်းတွေကို ဘယ်သူကတော့လိုက်နာရမယ်၊ဘယ်သူကတော့ မလိုက်နာနဲ့ဆိုပြီး သတ်မှတ်ပေးချင်နေတာလား?"

မုန့်ရန်  ကိုဆက်မပြောခင် ရွှီဝမ်းယာ တစ်ယောက် လင်စုန့်ထိုင် ကိုအရင်ကြည့်လိုက်သေးတယ်။

"မင်းကအသက်ငယ်သလောက် လျှာစောင်းတော့ထက်သားပဲ၊စကားလုံးတွေနဲ့ထောင်ချောက်ဆင်တဲ့နေရာမှာတော်သားပဲ။ငါ့ကိုမင်းဘာထင်နေလဲ?မင်းစကားတွေလောက်နဲ့ ငါကမင်းထောင်ချာက်ထဲဝင်သွားမယ်လို့ထင်နေတာလား?မင်းရဲ့အကျင့်စရိုက်နဲ့ကြံစည်မှုတွေက တစ်နေ့ကျရင် မင်းကိုဒုက္ခလှလှရောက်စေလိမ့်မယ်"

"ဒါဆို ကျွန်တော့် စကားတွေက ကျိုးကြောင်းမဆီလျော်တာလား၊ မမှန်ကန်တာလား။ခင်ဗျားဘယ်လိုထင်လဲ?လမ်းညွှန်ပေးနိုင်မလား"

မုန့်ရန်  ကတော့ မောက်မာတယ်လဲမဟုတ် နှိမ့်ချတယ်လို့လဲ မဆိုသာတဲ့ အမူအရာနဲ့ပြန်မေးလိုက်တယ်။

"မင်းအတွက်ကြောင့်နဲ့တခြားသူတွေရဲ့အချိန်တွေကိုအနှောက်အယှက်မပေးချင်ပါဘူး။ဒါပေမယ့်မင်းကိုပေးတဲ့ လွတ်လမ်းကို မင်းကိုယ်တိုင်မရွေးမှတော့ ငါကပဲရှင်းအောင်လုပ်ပေးရတော့မှာပေါ့။မင်းရဲ့ရမှတ်တွေက အတုတွေဖြစ်တဲ့အတွက် တခြားကျောင်းသားတွေတွက် မတရားဘူး။မင်းကဒီနေရာမှာထိုင်နေတာကို နောင်တမရတဲ့အပြင် ငါ့ကိုတောင် ပြန်ပက်လိုက်သေးတယ်။ဘယ်သူမှ မင်းအကြောင်းကိုမဖော်သ၍ မင်းဒီမှာပဲထိုင်နေနိုင်မယ်လို့ထင်နေတာလား?"

"Mr.ရွှီ က ကျွန်တော့်ရဲ့ ဝင်ခွင့်အောင်မှတ်ကို အတုလို့ထင်နေမှတော့ ရှင်းပြနေလို့လဲအပိုပဲ။ခင်ဗျားရဲ့အိုဟောင်းနေတဲ့ စိတ်ထဲမှာ ဒါကိုလှည့်စားမှုလို့ပဲထင်နေမှာမလား?အဲ့တော့ တခြကျောင်းသားတွေအရှေ့မှာ ဘာလို့ စာမေးပွဲ တစ်ခုထပ်မစစ်ကြည့်ရတာလဲ?"

"လော်ကျင်း ငါ့ဆီကို စာမေးပွဲမေးခွန်းတွေယူလာခဲ့ပေးစမ်း"

ရွှီဝမ်းယာ တစ်ယောက် မုန့်ရန်  ကို မပြောခင် သူ့နောက်က တပည့်တစ်ယောက်ကို အရင်ခိိုင်းလိုက်တယ်။

"မင်းကဒါကိုတောင်းဆိုနေမှတော့ မင်း ကိုယ့်အဆင့်ကိုယ်သိသွားအောင် ငါလုပ်ပေးမှာပေါ့။ကျွင်းချန် ကို မင်းနဲ့အတူ စာမေးပွဲဖြေခိုင်းပြီး မင်းနဲ့သူနဲ့ကြားမှာဘယ်လောက်ကွာခြားတယ်ဆိုတာ မင်းသိအောင် ငါလုပ်ပေးရမှာပေါ့"

Zawgyi code

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now