Chapter(20)

27.1K 3.5K 37
                                    

ရွှီဝမ်းယာ ရဲ့ လက်ထောက်နှစ်ယောက် က မေးခွန်းတွေကိုသယ်ဆောင်လာတယ်။
မေးခွန်းလွှာဆိုတာ စာရွက်တွေမဟုတ်ဘဲ သစ်သားသေတ္တာထဲမှာ အစီအရီထည့်ထားတဲ့ရေမွှေးပြုလုပ်ရာမှာအသုံးပြုတဲ့အမျိုးမျိုးသော အမှုန့်တွေ၊အရည်တွေ၊အနှစ်တွေရယ်နဲ့ ကုန်ကြမ်းပစ္စည်းတွေရယ်ကိုရည်ညွှန်းခြင်းဖြစ်တယ်။

"ကျွင်းချန် ရေ.. သူ့အတွက် မတရားသလိုဖြစ်မှာဆိုးလို့ မင်းအနေနဲ့ မျက်လုံးစည်း စည်း ပြီးပြိုင်လိုက်"

"ဟုတ်ကဲ့"

ယွီကျွင်းချန်  ပြန်ဖြေလိုက်ပြီးတာနဲ့ ပိတ်စဖြူတစ်ခုကိုယူပြီးမျက်လုံးတွေကို စည်းနှောင်လိုက်တယ်။မုန့်ရန် နဲ့ဒီထက်ပိုပြီး ဆက်ဆံရေးမဆိုးရွှားစေချင်ပေမယ့် အချိိန်ကျလာပြီဆိုမှတော့ သူ့ရဲ့ခွန်အားကို ပြရတော့မှာပဲလို့ ယွီကျွင်းချန် တွေးလိုက်တယ်။

မုန့်ရန် ကလဲ  မျက်လုံးစည်း စည်းလိုက်တာကိုမြင်တဲ့ အခါ ရွှီဝမ်းယာ မျက်မှောင်ကြုံ့သွားတယ်။

ရွှီဝမ်းယာရဲ့လက်ထောက်နှစ်ယောက်က သစ်သားသေတ္တာထဲကနေ အဖုံးပါတဲ့ပန်းကန်ပြားသေးသေးလေးတွေကို မုန့်ရန် နဲ့ ယွီကျွင်းချန်  ရှေ့မှာရှိတဲ့ စားပွဲရှည်ပေါ်မှာ သေချာစီရီထားလိုက်တယ်။

ယွီကျွင်းချန်  တစ်ယောက် ပန်းကန်ပြားတစ်ခုကိုကောက်ယူလိုက်ပြီး အနံ့ခံနေတုန်းမှာပဲ မုန့်ရန် ရဲ့ဖြေဆိုသံကိုကြားလိုက်ရတယ်။

"Lingxiang ပဲအမှုန့်"

ယွီကျွင်းချန် တစ်ယောက်တောင့်ခဲသွားတယ်။ဒါပေမယ့် အဖြေမှန်ကြေငြာမှာကိုနားစွင့်လိုက်တယ်။

လက်ထောက်က ထိုအမှုန့်တွေကို အဖုံးထဲပြောင်းထည့်လိုက်ပြီး ပန်းကန်ပြားအောက်ခြေမှာရေးထားတဲ့ အဖြေစာလုံးကို ကြေငြာလိုက်တယ်။

"အဖြေမှန်တယ်၊Lingxiangပဲအမှုန့်!!"

ယွီကျွင်းချန် :"Fir moss oil"

"အဖြေမှန်တယ်"

လက်ထောက်က ပန်းကန်ပြားအောက်ခြေက အဖြေကို အားလုံးမြင်အောင်ပြလိုက်တယ်။

"Tuberose အမြစ်"

"အဖြေမှန်တယ်"

"Zi သစ်ခွပန်းရဲ့အရွက်"

"အဖြေမှန်တယ်"

"Guihui မြက်ပင်"

"အဖြေမှန်တယ်"

"Honey Pod"

"အဖြေမှန်တယ်"

မုန့်ရန် ငါးမျိုးလောက် ဆက်တိုက်ဖြေပြီးချိန်မှာ ယွီကျွင်းချန်  ကတော့ ဒုတိယတစ်ခုရဲ့အဖြေကို ဖြေနေဆဲဖြစ်တယ်။

တခြားသူတွေအံ့သြနေကြသလောက် ရွှီဝမ်းယာကတော့ ပိုပိုပြီး မျက်မှောင်ကြုံ့နေလေပြီ။

ယွီကျွင်းချန်  ကလဲ အရမ်းစိတ်ပူနေပြီ။မုန့်ရန်ရဲ့အမြန်နှုန်းကိုအမှီလိုက်ချင်ပေမယ့် မျက်လုံးစည်းထားရတာကြောင့် သေချာအာရုံမစိုက်နိူင်ဘူးဖြစ်နေတယ်။

တဖြည်းဖြည်းနဲ့ စာမေးပွဲက မုန့်ရန်ရဲ့တစ်ကိုယ်တော် One man Show လိုဖြစ်လာနေပြီ။ယွီကျွင်းချန်  ရဲ့တိကျမှုနှုန်းကကောင်းပေမယ့်လည် အမြန်နှုန်းနဲ့ယှဉ်ရင် မုန့်ရန် ကို လိုက်မမှီနိုင်ဘူးဖြစ်နေတယ်။


"sophora Butter နဲ့ရောထားတဲ့ Benzoinကိုcistanche၊ citrus pine၊လိမ္မော်ဆီ၊ဂုံးကောင်တွေနဲ့ ရောစပ်ထားတယ်။အတွင်းပိုင်း ချီဓာတ်ကို လှုံ့ဆော်ပေးနိုင်ပြီး တစ်နေကိုယ် စိတ်ရောကိုယ်ပါလန်းဆန်းစေတယ်"

"ဒီတစ်ခုလဲ အဖြေမှန်တယ်"

ရွှီဝမ်းယာ ရဲ့လက်ထောက်ကတော့ မုန့်ရန် ကို ဂြိုလ်သားတစ်ယောက်လိုကြည့်နေပြီ။

Benzoin ဆိုတာအခြေခံအမွှေးနံ့သာ တစ်မျိုးဖြစ်ပေမယ့် ပေါင်းစပ်ရတဲ့ ပါဝင်ပစ္စည်းတွေအရမ်းများတယ်။မုန့်ရန် ကတော့ ပါဝင်ပစ္စည်းအမယ်တွေကို တစ်ချက်လောက်အနံ့ခံကြည့်ရုံနဲ့ လက်တန်းဖြေသွားနိုင်တဲ့အပြင် တစ်ခုလေးတောင် မလွဲသွားဘူး။

မုန့်ရန် ရဲ့ဖြေဆိုပုံတွေက ကျောင်းသားတွေကို Shock ရသွားစေတယ်။စင်မြင့်ပေါ်မှာထိုင်နေတဲ့ Master တွေတောင် မယုံနိုင်လောက်တဲ့ နှုန်းနဲ့ဖြေဆိုသွားတာဖြစ်တယ်။ပုံမှန်ဆို ပါဝင်ပစ္စည်း နှစ်မျိုး၊သုံးမျိုးလောက်ကို ဖြေနိုင်ရုံနဲ့တင် အတော် ကျေနပ်စရာကောင်းတဲ့ရလဒ်အဖြစ် သတ်မှတ်နိူင်တယ်။ဒီလိုမျိုး ပါဝင်ပစ္စည်းတွေကို တစ်ခုမကျန် မှန်အောင် ဖြေဆိုနိူင်တယ်ဆိုတော့ မုန့်ရန် ရဲ့အနံ့ခံအာရုံကဘယ်လောက်တောင်များ ထက်မြက်နေမလဲဆိုတာ မတွေးနိူင်အောင်ပါပဲ........

ယွီကျွင်းချန်  ထိတ်ထိတ်ပျာပျာဖြစ်နေပြီ။ဒါပေမယ့် သူပိုပြီးပျာယာခတ်လေ အာရုံစိုက်ဖို့ပိုခက်ခဲလေ ဖြစ်နေတာကြောင့် မုန့်ရန် ကို ဘယ်လိုမှ အမှီမလိုက်နိူင်အောင်ဖြစ်နေတယ်။

စားပွဲပေါ်မှာရှိတဲ့ ရေမွှေးနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကို မုန့်ရန် မှန်အောင်ဖြေပြီးချိန်ထိ ယွီကျွင်းချန်  ကတော့ သုံးခုလောက်ပဲဖြေရသေးတယ်။ရလဒ်ကို မျက်မြင်ကိုယ်တွေ့မြင်နေသည့်တိုင် ရွှီဝမ်းယာ ကတော့ မျက်နှာတစ်ခုလုံးမည်းမှောင်နေလေပြီ။

မုန့်ရန် မျက်လုံးစည်းကို ချွတ်လိုက်ပြီး ရွှီဝမ်းယာ ကိုမေးလိုက်တယ်။

"Mr.ရွှီဘာတွေများထပ်ပြီးစစ်ဆေးချင်သေးလဲ?ဆေးဝါးဗေဒလား?ရုက္ခဗေဒ လား?သတ္တဗေဒလား?ဓာတုဗေဒလား?ရူပဗေဒလား?ဒါမှမဟုတ် ရနံ့တွေရဲ့သမိုင်းကြောင်းလား?ဆေးဖက်ဝင်အပင်တွေ
ပေါက်ရောက်တဲ့ နေရာဒေသတွေအကြာင်းလား?"

"ဒီလိုအခြေခံအကြောင်းအရာတွေကို ထပ်စစ်ဆေးရမှာစိတ်ဝင်စားစရာသိပ်မကောင်းဘူး။မင်းကိုယ်တိုင် နံ့သာခဲ ဖော်စပ်တာကို ကြည့်ကြရအောင်"


လင်စုန့်ထိုင် လက်မြှောက်ပြလိုက်ပြီး ပစ္စည်းကိရိယာတွေသယ်လာခိုင်းလိုက်တယ်။

ယွီကျွင်းချန်  မျက်လုံးစည်းကို ချွတ်လိုက်ပေမယ့် ရွှီဝမ်းယာ ကိုမကြည့်ရဲ့တာကြောင့် စားပွဲခုံကိုပဲ စိုက်ကြည့်နေခဲ့တယ်။တခြားသူတွေထက်စာရင် သူက အရည်ချင်းပိုရှိတယ်ဆိုပေမယ့်လဲမုန့်ရန် ရဲ့အရည်အချင်းတွေက သူ့ကို တုန်လှုပ်စေခဲ့တယ်။သူ မုန့်ရန် ကိုရှုံးမယ်လို့ အိမ်မက်တောင်မမက်ဖူးဘူး။


ယွီကျွင်းချန်  ရဲ့စီနီယာအစ်ကိုနှစ်ယောက်ကလဲ ယွီကျွင်းချန်  ကို မကယ်နိုင်တော့တဲ့ပုံနဲ့ကြည့်နေတယ်။ရွှီဝမ်းယာ တစ်ယောက်
မုန့်ရန် ကိုရှုံးရပါ့မလားဆိုပြီး ယွီကျွင်းချန်  ကိုဆူမှာကို သူတို့စိုးရိမ်နေကြတယ်။

လင်စုန့်ထိုင် ရဲ့လက်ထောက်က နံ့သာခဲပြုလုပ်တဲ့ ပစ္စည်းတွေကို သယ်လာပြီး မုန့်ရန်ရဲ့စားပွဲပေါ်မှာနေရာချပေးလိုက်တယ်။မုန့်ရန် ရဲ့နံ့သာခဲဖော်စပ်ခြင်းကို  လင်စုန့်ထိုင် အလေးအနက်အာရုံစိုက်ပြီးကြည့်နေတယ်။

နံ့သာခဲဖော်စပ်ခြင်းဆိုတာ လက်ဖက်ရည်တည်ခင်းခြင်းအခမ်းအနားလို အဆင့်ဆင့် လုပ်ဆောင်ရတာဖြစ်ပြီး သေချာ နည်းလမ်းတကျနဲ့ တဆင့်ချင်းစီကို အာရုံစိုက်ရတာဖြစ်တယ်။

ရှေးခေါတ်ကတည်းက နံ့သာခဲဖော်စပ်ခြင်းကို အနုပညာရသတစ်ခုအဖြစ် တင်စားသတ်မှတ်ထားကြတယ်။အဆင့်အတန်းအမျိုးမျိုး သတ်မှတ်ထားတဲ့ ကျောင်းတွေမှာ စိတ်နဲ့ခန္ဓာကို လေ့ကျင့်ပျိုုးထောင်ဖို့အတွက် ဒီပညာရပ်ကို သင်ကြားပေးကြတယ်။

မုန့်ရန် ရဲ့လှုပ်ရှားမှုတိုင်းကို လင်စုန့်ထိုင် အသေချာဂရုတစိုက်ကြည့်နေတယ်။အစပိုင်းတော့ သူ့ရဲ့ လေးနက်မှုနဲ့ မျှော်လင့်ချက်တွေကို မျက်နှာအမူအရာနဲ့ဖော်မပြခဲ့ပေမယ့် မုန့်ရန် ရဲ့ ပေါ့ပါးတဲ့ လှုပ်ရှားမှုတွေကြောင့် သူပြုံးလိုက်မိတယ်။မုန့်ရန် ဒီလို လှုပ်ရှားမှုတွေကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်နေတာတောင် အမှားအယွင်းမရှိမှန်ကန်နေသေးတယ်။လှုပ်ရှားမှုမမှန်ကန်ရင် ထွက်ပေါ်လာတဲ့ နံ့သာခဲကလဲ လူတွေကိုစိတ်ကျေနပ်စေနိုင်မှာမဟုတ်ဘူး။ဒါ့ကြောင့် ဒီလိုတိကျသေချာတဲ့လှုပ်ရှားမှုမျိုးကို ကျောင်းသားတိုင်းသင်ယူချင်ကြတာမဆန်းပါဘူး။မုန့်ရန် ရဲ့ ပြုလုပ်ပုံအဆင့်ဆင့်က လင်စုန့်ထိုင် သဘောကျတဲ့ Style မျိုးဖြစ်နေတယ်။

နံ့သာအိုးထဲကို နံ့သာမှုန့်တွေကို ဖြည့်ပြီးတဲ့အခါ တံဆိပ်ပါတဲ့ ပုံစံခွက်လေးနဲ့ ဖိလိုက်ပြီး နံ့သာခဲဖော်စပ်ခြင်းကို အဆုံးသတ်လိုက်တယ်။

လက်ထောက်က နံ့သာအိုးလေးကို သေချာဂရုတစိုက်လာသယ်သွားတယ်။လင်စုန့်ထိုင် ရဲ့အနားကိုရောက်တဲ့ အခါ ထိုနံ့သာအိုးလေးကို စားပွဲပေါ်တင်ပေးလိုက်တယ်။

လင်စုန့်ထိုင် အဖုံးကိုဖွင့်ပြီး တံဆိပ်ခတ်ထားတဲ့ပုံစံကိုသေချာအကဲခတ်လိုက်တယ်။နောက်တော့ စိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြီး အသိအမှတ်ပြုခဲ့တယ်။

နောက်တော့ နံ့သာအိုးကို မီးညှိလိုက်ပြီး ထွက်ပေါ်လာတဲ့ရနံတွေကို မျက်လုံးမှိတ်ပြီး အာရုံစူးစိုက်လေ့လာကြည့်နေတယ်။

ဒီနံ့သာမှုန့်ကို မုန့်ရန် မြန်မြန်ဆန်ဆန်ပြင်ဆင်ခဲ့တာဖြစ်ပေမယ့် ရလဒ်ကတော့ အေးမြလန်းဆန်းပြီး သက်တောင့်သက်သာဖြစ်စေတယ်။ပါဝင်ပစ္စည်းတွေကို အချိုးစားကျကျ ထည့်သွင်းနိုင်တဲ့ မုန့်ရန် ရဲ့Skillကတော့ လက်ဖျားခါလောက်ပါပေတယ်။
ရွှီဝမ်းယာ အပါအဝင်  လင်စုန့်ထိုင် ရဲ့အနားမှာ ဝိုင်းအုံနေကြတဲ့သူတွေကလဲ ဒီအကြောင်းအရာတွေကို အသိအမှတ်ပြုကြတယ်။

သူ့ဘေးနားမှာခေါင်းတညိတ်ညိတ်လုပ်နေကြတဲ့ Master တွေကို လင်စုန့်ထိုင် မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်တယ်။

"မင်းငါ့ရဲ့ လမ်းညွှန်မှုတွေကိုနားထောင်ဖို့ဆန္ဒရှိရင်မနက်ဖြန်ငါ့ဆီကိုရောက်အောင်လာခဲ့"

ဒါက လင်စုန့်ထိုင် က မုန့်ရန် ကိုပြောလိုက်ခြင်းဖြစ်တယ်။

လင်စုန့်ထိုင် တိုက်ရိုက်ကြီး မုန့်ရန် ကိုတပည့်အဖြစ်လက်ခံဖို့ပြောနေတာမြင်တော့ ကျန်တဲ့ကျောင်းသားတွေအားလုံး မုန့်ရန် ကိုမနာလိုဖြစ်နေကြတယ်။ကမ္ဘာ့အဆင့်မှီရေမွှေးMaster တစ်ယောက်ရဲ့ တစ်သက်တာတပည့်ဆိုတဲ့ အခွင့်အရေးကိုမမက်မောတဲ့သူ ဘယ်သူများရှိမှာလဲ?

"ကျွန်တော့ကိုအခုလိုအခွင့်အရေးပေးတဲ့အတွက် Mr.လင်ကိုကျေးဇူးတင်ပါတယ်။ကျွန်တော်အကောင်းဆုံးကြိုးစားသင်ယူပါ့မယ်"

မုန့်ရန် လေးလေးနက်နက် ပြန်ဖြေလိုက်တယ်။ကမ္ဘာ့ဆင့်မှီ Master တစ်ယောက်ရဲ့ တပည့်တွေမှာအားသာချက်တွေအများကြီးရှိတယ်။မုန့်ရန် သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့ Master တစ်ယောက်ရဲ့တပည့်ဖြစ်လာဖို့မလိုဘူးဆိုရင်တောင် လင်စုန့်ထိုင် လိုလူကောင်းတစ်ယောက်ဆီမှာ တပည့်ဖြစ်ရတာ သူ့အတွက်အရှုံးမရှိဘူးလေ။

လင်စုန့်ထိုင် ပြုံးပြီးခေါင်းညိတ်ပြတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now