Chapter (22)

26.1K 3.8K 118
                                    

နောက်တစ်နေ့မှာ Master လင်စုန့်ထိုင်ရဲ့ သင်ကြားရေးခြံဝန်းလေးဆီ မုန့်ရန်သွားရောက်ခဲ့တယ်။အဲ့နောက်မှာတော့ မုန့်ရန်က Master လင်စုန့်ထိုင်ရဲ့တရားဝင်တပည့်တစ်ယောက်အဖြစ်အသိအမှတ်ပြုခံလိုက်ရပြီဖြစ်တယ်။မုန့်ရန် သူ့ရဲ့ စီနီယာအစ်ကိုတွေ၊အစ်မတွေနဲ့လဲစကားပြောဖြစ်ခဲ့တယ်။သူ့ရဲ့ စီနီယာအစ်ကိုတွေ၊အစ်မတွေက သဘောကောင်းကြတဲ့သူတွေဆိုတာ မုန့်ရန် အကဲခတ်မိခဲ့တယ်။ဒီမှာ အတန်းလာတက်ရတာ မုန့်ရန်အတွက် ဘာအခက်အခဲမှ မရှိခဲ့ဘူး။Master လင်စုန့်ထိုင် က သူနဲ့ အကျင့်စရိုက်တူတဲ့သူတွေကိုပဲ တပည့်ရွေးခဲ့တယ်ဆိုတာ မုန့်ရန်နားလည်ခဲ့ရတယ်။

လင်စုန့်ထိုင် စာသင်ချိန်ပြီးဆုံးလို့ အခန်းထဲက ထွက်သွားတာနဲ့ မုန့်ရတ်တို့ကလဲ ပစ္စည်းတွေကို သိမ်းဆည်းပြီး အတန်းဆင်းဖို့ပြင်ဆင်နေကြတယ်။

"မုန့်ရန်ရေ...ဒီည ငါတို့တွေပါတီလုပ်မလို့။မင်းငါတို့နဲ့ အတူလိုက်ခဲ့ပါလား"

ရှေ့တန်းကဝူဖန် က နောက်တန်းကမုန့်ရန့်ကို လှည့်ပြောလိုက်တယ်။

"တောင်းပန်ပါတယ်၊စီနီယာရယ် ကျွန်တော်ဒီနေ့ ချိန်းထားပြီးသားဖြစ်နေလို့ပါ။နောက်တစ်ခေါက်မှပဲလိုက်ခဲ့တော့မယ်နော်"

သူ လော်ရှို့နဲ့မတွေ့ရတာ သုံးရက်တောင်ရှိနေပြီ။အတန်းဆင်းတာနဲ့ ရုံးကိုသွားပြီး လော်ရှို့နဲ့ညစာအတူတူစားမယ်၊အတူတူအနားယူကြမယ်။

"အခုကလဲ အလောတကြီးစီစဉ်လိုက်ရတာဆို​တော့။ရပါတယ်ကွာ၊နောက်တစ်ခါဆို ကြိုပြောမယ်နော်"

"ဟုတ်ကဲ့၊ဒါဆိုကျွန်တော် အရင်သွားနှင့်တော့မယ်နော် စီနီယာ"

မုန့်ရန် ပစ္စည်းတွေသိမ်းဆည်းပြီး ဝူဖန် ကို နှုတ်ဆက်လိုက်တယ်။

"ok"

ဝူဖန်ကလဲခေါင်းပြန်ညိတ်ပြတယ်။

မုန့်ရန် ခြံဝင်းလေးထဲက ထွက်လာတဲ့ အချိန်မှာ ယွီကျွင်းချန်ကလဲ သူရဲ့ စီနီယာနှစ်ယောက်နဲ့အတူ မုန့်ရန်ရဲ့ မျက်နှာချင်းဆိုင်ဘက်ကနေ လျှောက်လာနေတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now