Chapter (26)

29.6K 3.9K 318
                                    

မုန့်ရန် ရဲ့ဒဏ်ရာတွေကသိပ်မပြင်းထန်ပေမယ့် လော်ရှို့ကတော့ မုန့်ရန် ကို ၂ ရက်လောက် အနားယူခိုင်းပြီးမှကျောင်းပြန်တက်ခိုင်းခဲ့တယ်။

ကျောင်းသားသစ်တွေရဲ့သင်တန်းကာလ က မကြာခင်ပြီးဆုံးတော့မှာဖြစ်တယ်။သင်တန်းကာလပြီးဆုံးတာနဲ့ လပတ်စာမေးပွဲတွေကို ဖြေဆိုကြရတော့မယ်။လပတ်စာမေးပွဲတွေရဲ့ အဆင့်တွေပေါ်မူတည်ပြီး ထိုင်ခုံနေရာနဲ့ တက်ရမယ့် အခန်းတွေကို ခွဲခြားပေးမှာဖြစ်တယ်။အခန်းတိုင်းမှာ သင်ကြားပေးတဲ့ Course တွေကလဲမတူညီတဲ့အတွက် အခန်းခွဲတယ်ဆိုတာ ကျောင်းသားတွေအတွက် အရမ်းရေးကြီးတဲ့ အရာဖြစ်တယ်။လကုန်ရက်တိုင်းက ကျောင်းသားတွေအတွက် ဖိအားအများဆုံးသော နေ့ရက်တွေဖြစ်တယ်။

Master လင်စုန့်ထိုင် ပေးထားတဲ့ သင်ခန်းစာတွေကို မှတ်သားပြီးတဲ့အခါ မုန့်ရန်နဲ့ သူ့ရဲ့စီနီယာအစ်ကို၊အစ်မတွေက ပစ္စည်းတွေကို သိမ်းဆည်းပြီး အတန်းဆင်းဖို့ပြင်ဆင်နေကြတယ်။

"မင်းတို့တွေအားလုံး အခုလာမယ့် စာမေးပွဲအတွက် ယုံကြည်ချက်ရှိကြရဲ့လား?"

"ဟုတ်ကဲ့ ဆရာ!!ကျွန်တော်တို့​ စာမေးပွဲတိုင်းအတွက်ယုံကြည်ချက်ရှိပြီးသားပါ!!"

ဝူဖန်က တမင်လုပ်ယူထားတဲ့ လေးနက်တဲ့အမူအရာနဲ့ ပြန်ဖြေတယ်။

"ဒါပေမယ့် ယုံကြည်ချက်တစ်ခုတည်းကို ပဲအားကိုးနေလို့မရပါဘူး"

"မင်းကိုယ်မင်း အားကိုးလို့မရဘူးလို့ငါထင်တယ်"

လင်စုန့်ထိုင် က ဝူဖန်ကို တစ်ချက်ကြည့်ပြီးပြောလိုက်တယ်။

"ပုံမှန်ဆို ငါက ရမှတ်တွေကို သိပ်ဂရုမစိုက်တတ်ပါဘူး။ဒါပေမယ့် မင်းတို့အကုန်လုံး ရမှတ်တွေကောင်းပြီး ဟိုအဖိုးကြီးရွှီဝမ်းယာကို စိတ်မကြည်အောင်လုပ်နိုင်မယ်ဆို ဒီဆရာအရမ်းပျော်မိမှာပဲ၊သဘောပေါက်ကျလား?"

"ကျွန်တော်တို့သဘောပေါက်ပါတယ်ဆရာ!!!"

မုန့်ရန့်ရဲ့ စီနီယာအစ်ကို၊အစ်မတွေက သူတို့ဆရာအကြောင်းကို သိနေကြတဲ့အတွက် ခေါင်းညိတ်ပြီးသံပြိုင်အော်လိုက်တယ်။ဒီဆရာတပည့်တစ်သိုက်ကိုကြည့်ရတာ ရယ်စရာတော့ကောင်းနေတာအမှန်ပဲ။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now