မုန့်ရန် လပတ်စာမေးပွဲမှာ ပထမရတာကြောင့် သူ့ရဲ့စီနီယာအစ်ကို၊အစ်မတွေအပြင် လုယွင်ကျင့်ကပါ မုန့်ရန်အတွက် ဂုဏ်ပြုပွဲစီစဉ်ပေးဖို့ စိုင်းပြင်းနေကြတယ်။ဒါ့ကြောင့် လူစုံတက်စုံ ပွဲတက်နိုင်အောင် ဉယျာဉ်နဲ့ရေကူးကန်ပါတဲ့ Hotel တစ်ခုမှာ Booking လုပ်ထားပေးလိုက်တယ်။ရှောင်ခယ့်ကိုလဲ မုန့်ရန် ပွဲတက်ဖို့ ဖိတ်ထားသေးတယ်။Bar မှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကြောင့် ရှောင်ခယ့်ကို တရားဝင်သူငယ်ချင်းအဖြစ်လူသိရှင်ကြားခင်မင်ခွင့်ရသွားပြီလေ။
မုန့်ရန် စီနီယာအစ်ကို၊အစ်မတွေနဲ့ စကားပြောနေတုန်းမှာ ရှောင်ခယ်ရောက်လာတယ်။ရှောင်ခယ်က ကိုယ်ပိုင်စုဆောင်းထားတဲ့ ဝိုင်အကောင်းစားတွေကို မုန့်ရန်ပထမရတဲ့အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် လက်ဆောင်ပေးလိုက်တယ်။မုန့်ရန် က ရှောင်ခယ်နဲ့ သီးသန့်စကားပြောချင်တာကြောင့် လူနည်းနည်းရှင်းတဲ့ဆီကို ဆွဲခေါ်လာလိုက်တယ်။
ရှောင်ခယ် ယူလာတဲ့ ဝိုင်ပုလင်းကို ဖောက်ပြီး မုန့်ရန်မြည်းစမ်းကြည့်လိုက်တဲ့အခါ အတော်အရသာကောင်းတယ်ဆိုတာ မုန့်ရန် လက်ခံလိုက်ရတယ်။ရှောင်ခယ်နဲ့အတူ စကားစမြည်ပြောရင်း မုန့်ရန် တစ်ခွက်ပြီးတစ်ခွက်သောက်နေမိတယ်။
"စုတိ အခြေနေဘယ်လိုနေလဲ?"
မုန့်ရန် မေးလိုက်တယ်။
"ဘယ်လိုနေရမှာလဲကွာ၊နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပေါ့"
စုတိရဲ့နာမည်ကို ကြားလိုက်တာနဲ့ ရှောင်ခယ့်ရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေဖြတ်ပြေးသွားတယ်။ရှောင်ခယ် ခါးသက်ခက်နဲ့ပြုံးလိုက်ပြီးဆက်ပြောတယ်။
"အရင်တုန်းက သူ့မှာနာကျင်စရာတွေများခဲ့တယ်ထင်တယ်။ဒါ့ကြောင့် အခုထိ ပြန်နိုးထမလာချင်သေးတာထင်တယ်"
"အရမ်းပင်ပန်းထားတာကြောင့် အနားယူတဲ့အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာနေမှာပါ။သူ အိပ်ရေးဝတဲ့အခါ ကြရင် နိုးလာမှာပါ"
ရှောင်ခယ့်ကို မုန့်ရန် နှစ်သိမ့်ပေးနေတယ်။အတိတ်ဘဝမှာတုန်းက စုတိဘယ်တော့မှ သတိပြန်မလည်လာခဲ့တော့ဘူး။ဒါပေမယ့် မုန့်ရန်ရဲ့ဘိုးဘေးတွေချန်ထားခဲ့တဲ့စာအုပ်ထဲမှာ သတိမေ့မြောနေတဲ့ သူတွေကို ကုသပေးနိုင်တဲ့ နည်းလမ်းတွေရှိနေတယ်။ဒီကုသနည်းတွေကို သေချာ မလေ့လာရသေးသ၍ ရှောင်ခယ့်ကို ဒီအကြောင်းတွေ မုန့်ရန် ပြောပြမှာမဟုတ်သေးဘူး။

YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...