အန်းလော့ကို ပြန်ရောက်တဲ့ ဒုတိယနေ့မှာ မုန့်ရန်က သူ့ရဲ့company ကိုတစ်ယောက်ယောက်ဆီမှာ ခဏလောက်လွှဲထားချင်တဲ့အကြောင်းကို လော်ရှို့ကိုပြောပြခဲ့တယ်။သေချာဝေဖန်သုံးသပ်ပြီးတဲ့နောက်မှာ လော်ရှို့က Planတွေအများကြီးဆွဲပြီးမုန့်ရန်ကိုရွေးချယ်ခိုင်းခဲ့တယ်။ဒီလိုအကြောင်းအရာတွေနဲ့ သိပ်မရင်းနှီးတဲ့ မုန့်ရန်ကတော့ လော်ရှို့ကို Decision ချဖို့ အကူအညီတောင်းခဲ့တယ်။
လဝက်လောက်ကြာတဲ့အခါမှာ Meng Fragrance Company ရဲ့ ဉက္ကဌ ဆွန်ဖန်းအီ က စာရွက်စာတမ်းတစ်ထပ်ပိုက်ပြီး မုန့်ရန်ကို လာတွေ့ခဲ့တယ်။
"မတွေ့တာကြာပြီနော် အန်တီဆွန်"
Villa ထဲက ဧည့်ခန်းလေးထဲကို ဝင်လာတဲ့ မုန့်ရန်က ဆွန်ဖန်းအီကို နှုတ်ဆက်လိုက်တယ်။
"အန်တီ သားကို မတွေ့ရတာအတော်ကြာနေပြီပဲ မုန့်ရန်ရေ...သားတို့ တက်နေတဲ့ ကောလိပ်က အတော်စည်းကမ်းကြီးတယ်ဆို ကျောင်းစာတွေလေ့လာနေရတာနဲ့ အလုပ်များနေမှာပဲ"
ဆွန်ဖန်းအီက အပြုံးတစ်ပွင့်နဲ့ မေးလိုက်တယ်။
"ကျောင်းတက်ရတာအတင်ပြေပါတယ်၊ကျွန်တော်စာလည်းလိုက်နိုင်ပါတယ်။အခု ပြိုင်ပွဲဝင်ဖို့အတွက် အလုပ်များနေတာ"
မုန့်ရန် ဝင်ထိုင်လိုက်ရင်းဖြေလိုက်တယ်။
"အမွှေးနံ့သာအသိုင်းအဝိုင်းမှာ အောင်မြင်ဖို့ဆိုရင် ပြိုင်ပွဲတွေမှာ အနိုင်ရထားမှဖြစ်မှာ"
"ဒီနှစ်တွေထဲမှာ အန်တီဆွန် တကယ်အလုပ်ကြိုးစားခဲ့တာပဲဲနော်"
မုန့်ရန် အမှန်တကယ် ကျေးဇူးတင်တဲ့အနေနဲ့ အရိုးသားဆုံး ကြည့်နေလိုက်တယ်။
"အန်တီ... Company ကို တိုးတက်လာအောင်မလုပ်ပေးနိူင်တဲ့အတွက် တကယ်ရှက်မိပါတယ်။အန်တီ့ကြောင့် Company ကတစ်နှစ်ပြီးတစ်နှစ်အခြေနေဆိုးလာတာပါ။သားရဲ့မေမေနဲ့ အန်တီမယှဉ်နိူင်ပါဘူးကွယ်။အန်တီလဲ Company ကို အောင်မြင်လာအောင်တိုးချဲ့ချင်ပါတယ်။ဒါပေမယ့် ဒါက အန်တီ့အတွက် အပြောလွယ်ပြီး အလုပ်ခက်နေတယ်လေ"
ဒီအတောအတွင်း ဖြတ်သန်းခဲ့ရတဲ့အမှတ်တရတွေကိုပြန်တွေးမိတဲ့အခါ ဆွန်ဖန်းအီရဲ့ နှလုံးသားထဲမှာ ခံစားချက်တွေပြည့်လျှံလာတယ်။
YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...