Chapter (45)

24.5K 3.6K 613
                                    

"ဘာကိစ္စကြောင့် ကျုပ်က စကားလျှော့ပြောရမှာလဲ??"

မုန့်ရန် ဒေါသတွေထိန်းမနေတော့ဘဲ လွှတ်ထုတ်နေပြီ။

"မေးကြည့်လိုက်စမ်းပါ၊အဲ့ကောင် ဖူယုကျန်း ကျုပ်ကိုပြသာနာ လာ၊လာရှာတိုင်း ကျုပ်ဘက်က မသိချင်ယောင်ဆောင်နေတယ်။အခုကြတော့ တိုက်ရိုက်ကြီးလာစော်ကားနေတာကို ဘယ်လိုသည်းခံနေရမှာလဲ??!!အဲ့တော့ ကျုပ်ဘက်ကလဲ ပြန်ပြောပြီး သူ့ကို ပြန်ထိုးလိုက်တာ လွန်သလား?? ကျွမ်းကျင်မှုမရှိ၊စာရိတ္တကလဲမကောင်း၊အရည်အချင်းကလဲ မရှိပြန် ၊ ဒီအသိုင်း အဝိုင်းထဲမှာ အနေကြာလာတာတဲ့ သက်တမ်းကို အားကိုးပြီး သူတို့ကိုသူတို့ ရှေးဟောင်းစာအုပ်ကြီးတွေလိုသဘောထားနေတဲ့သူတွေနဲ့ ယှဉ်ရင်ကျုပ်ကတောင် ပိုသာသေးတယ်။Genius ဆိုတဲ့ ဂုဏ်ပုဒ်ကို နိုင်ငံတကာပြိုင်ပွဲတွေ ဝငိပြိုင်ပြီး ရထား။ခင်ဗျားတို့မှာလဲ နိုင်ငံတကာ ပြိုင်ပွဲဝင်ပြိုင်ပြီး ချန်ပီယံဖြစ်နိုင်မယ့် အစွမ်းအစရှိရင် စမ်းကြည့်လိုက်လေ!!!"

"မင်း...."

ထိုဆရာက မုန့်ရန်ကို ဆူပူချင်နေပါသော်လည်း သွေးတွေဆောင့်တက်လာတာကြောင့် ဘာမှ မပြောနိူင်ခဲ့ပေ....

"မုန့်ရန် မင်းပြောလို့ မပြီးနိုင်သေးဘူးလား??"

ဒုဉက္ကဌ. က မုန့်ရန် ကိုဆက်မပြောစေချင်တဲ့အတွက် ဟန့်လိုက်တယ်။

"မပြီးသေးဘူး၊ဆက်ပြောဉီးမှာ...ဘာကြီးပဲ ဖြစ်ဖြစ်၊
ကျုပ်ဘက်က သေချာပေါက် တရားစီရင်ရေးအဖွဲ့ဆီသွားပြီး ခင်ဗျားတို့ကို ဒီနေရာကဖယ်ထုတ်ဖို့ တောင်းဆိုပစ်မယ်။ဒီလူတွေရဲ့ ကြောင်သူတော် မျက်နှာဖုံးတွေကို တစ်ယောက်ချင်းစီ ဆွဲခွာပြမယ်!!!"

မုန့်ရန် အေးစက်စွာနဲ့ ပြောလိုက်တယ်။

"ကျွန်တော်တို့လဲ မုန့်ရန်နဲ့ အတူ တရားစီရင်အဖွဲ့ကို လိုက်ခဲ့မယ်!!"

ဝူဖန် အကျယ်ကြီးထအော်လိုက်တယ်။

" လူသစ်တွေကဘာလို့ အနှိမ်နေရမှာလဲ!!ဘယ် ခေါတ်မှာနေနေကြတာလဲ?? အခုထိ ခွဲခြား၊ခွဲခြားဆက်ဆံနေတုန်းပဲလား??ဒီလိုမျိုးတော့ လာမလုပ်ကြနဲ့!!"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now