လော်ရှို့ခါးမှာတဘက်တစ်ထည်ပတ်ပြီးရေချိုးခန်းထဲက ထွက်လာတယ်။အခြား တဘက်တစ်ထည်နဲ့ ရေစိုနေတဲ့ဆံပင်တွေကို သုတ်လိုက်တယ်။
"အန်ကယ်လော်..."
မုန့်ရန်လှမ်းခေါ်လိုက်တယ်။ ကုတင်ဘေးကိုရောက်လာတဲ့လော်ရှို့က မုန့်ရန်ကို ငုံ့ကြည့်နေတယ်။မုန့်ရန်က လော်ရှို့ခါးက တဘက်ကို လက်ချောင်းလေးတွေနဲ့ ဆုပ်ကိုင်လိုက်တယ်။
လော်ရှို့က မုန့်ရန်ရဲ့လက်ကို ကိုင်လိုက်ပြီး ကုတင်ပေါ်ထိုင်ချလိုက်တယ်။အဲ့နောက် မုန့်ရန်နဲ့ နဖူးချင်းထိပြီးမေးလိုက်တယ်။
"မင်းလေးဘက်က အဲ့တာလုပ်ဖို့ သေချာနေပြီလား??"
"ပထမဆုံးသုံးလနဲ့ နောက်ဆုံးသုံးလဲပဲရှောင်ရမယ်လို့ ဆရာဝန် ပြောထားပြီးပြီ"
မုန့်ရန် Hintပေးတဲ့ အနေနဲ့ထပ်ပြောလိုက်တယ်။
"ခင်ဗျား သေချာသတိထားပြီးလုပ်နော်"
လော်ရှို့ခါးမှာပတ်ထားတဲ့တဘက်ကို ဖြည်ချလိုက်ပြီး စောင်ထဲကို ဝင်လိုက်တယ်။မုန့်ရန်ရဲ့ဘေးမှာ ဝင်လှဲလိုက်ပြီး မုန့်ရန်ကို နမ်းလိုက်တယ်။
"အများကြီး သတိထားပေးပါ့မယ်။မင်း ကိုယ့်ကို လမ်းညွှန်ပေးမလား??"
"အင်းးး"
မုန့်ရန်က လော်ရှို့ရဲ့ လည်ပင်းကို သိုင်းဖက်ပြီး ပြန်နမ်းလိုက်တယ်။
လော်ရှို့ က မုန့်ရန်ကို ဖိမိမှာစိုးတဲ့အတွက် မုန့်ရန်ကို သူ့ကိုယ်ပေါ် ပင့်တင်လိုက်တယ်။ထို့နောက် သံလိုက်လို ဆွဲငင်နိုင်တဲ့အသံနဲ့ မုန့်ရန်ရဲ့ နား နားမှာ ကပ်ပြောလိုက်တယ်။
" commderလေးရေ...ရှေ့ဆက်ကြမယ်လေ "
"ဗိုလ်ကြီး ကျွန်တော်တို့မှာ အမြှောက်တွေလိုနေသေးတယ်"
မုန့်ရန် ရဲဝံ့စွာတောင်းဆိုလိုက်တယ်။
"စစ်ဆေးဖို့ လိုသေးလား??ဒီက ဗိုလ်ကြီးက မင်းလေးကိုထိခိုက်မိမှာစိုးရိမ်လို့ပါ။ဒီအမြှောက်က မင်းကို နာကျင်စေလိမ့်မယ်"
မုန့်ရန် လက်မလေးကိုက်ပြီး ခဏလောက်စဉ်းစားခန်းဝင်လိုက်သေးတယ်။သူ့မှာ အခုဆို ကိုယ်ဝန်ရှိနေပြီ ဒီလို စွမ်းအားပြင်းတဲ့ လက်နက်ကို ရင်ဆိုင်နိုင်မှာ မဟုတ်လောက်ဘူး။လေးလေးနက်နက် စဉ်းစားကြည့်ပြီးနောက်....

YOU ARE READING
သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်
AdventureTitle....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပိုင်းပါ complete ဖြစ်ပြီးသားပါရှင့် Readerလေးတစ်ယောက် Recommend ပေးလို့ Tran ကြည့်တာပါ ဖတ်ရှုဝေဖန်ပ...