Chapter 1

3.9K 299 6
                                    


(Unicode)

သူငယ်ချင်းဖြစ်သူ ဂျီမင်နှင့်သာ ကုန်ဆုံးဖြစ်သော ပုံမှန်ညတစ်ညဖြစ်သည်။ မြူးကြွသောတီးလုံးသံများနှင့် မီးရောင်စုံများလက်နေသော ကလပ်များသည် ဆော့ဂျင်အား အမှန်တကယ်ပင် စိတ်လွတ်လပ်ပေါ့ပါးစေလေသည်။ စိတ်ဖိစီးမှုများမှလည်း ရုန်းထွက်နိုင်သည်။ အိမ်မှ အဖေ၏ ပူညံပူညံလုပ်မှုများမှလည်း ရုန်းထွက်နိုင်သည်။ ထို့အပြင် ယခုထက်ထိပင် မပြတ်နိုင်သေးပဲ လိုက်,လိုက်ဆက်နေသော ရည်းစားဟောင်းဆီမှလည်း ရုန်းထွက်နိုင်သည်။

အဖေသည် ဆော့ဂျင်အား သူ့ကုမ္ပဏီလက်အောက်တွင် အလုပ်လုပ်စေချင်သည်။ သို့သော် သူ ငြင်းကာ မသိချင်ယောင်ဆောင်ထားလိုက်သည်။ အခုမှ ပူပူနွေးနွေးဘွဲ့ရထားသည်မို့ လူငယ်ဘဝကိုသာ စိတ်လွတ်လက်လွတ် ဖြတ်သန်းချင်သေးသည်။ အလုပ်ဆိုသည်က သေသည်ထိ လုပ်သွားရမည်မဟုတ်ပါလား။

သူ့ကို ခေါင်းကြောမာသည်ဟု သတ်မှတ်ချင်သတ်မှတ်နိုင်သည်။ သို့သော် တာဝန်ဝတ္တရားများမရှိပါပဲ လွတ်လပ်သောဘဝကို ပိုင်ဆိုင်နိုင်ခွင့်သည် သူ့ထံတွင် အပြည့်အဝရှိသည်ဟု ဆော့ဂျင် ယုံကြည်သည်။ အရွယ်ကောင်းတုန်း ကလပ်များတွင် ကြိုက်သလောက် ပျော်ပါးမည်။ ရည်းစားများလည်း ကြိုက်သလောက်ထားအုံးမည်။

ရည်းစားဆိုမှ ရည်းစားဟောင်းဖြစ်သူ ကင်နမ်ဂျွန်းဆိုသူကို သတိရသွားသည်။ အနှီသူသည် တော်တော်ကို စိတ်ဒုက္ခပေးသောသူဖြစ်သည်။ သူနှင့်တွဲနေစဉ်အတော်အတွင်းမှာပင် တခြားတစ်ယောက်နှင့် ဖောက်ပြန်ခဲ့သော လူလိမ်ကောင်ဖြစ်သည်။ အခုတော့ ထိုကောင်မလေးနှင့်ပြတ်သွားသည်မို့ သူနှင့် ပြန်ဆက်ရန်ကြိုးစားနေသည်လေ။ သို့ပေမယ့် ထွေးပြီးသား တံထွေးကို ပြန်မြိုရလောက်အောင် သူသည် နွားကျခံမည့်လူစားမျိုးမဟုတ်။ ကင်ဆော့ဂျင်ဆိုတာ ကစားချင်တိုင်းကစားလို့ရမည့် နယ်ရုပ်လေးမဟုတ်။

အခုလက်ရှိ ဆော့ဂျင်၏ ပြဿနာသည် ကင်နမ်ဂျွန်းဟု သတ်မှတ်နိုင်သော်လည်း အနှီသူက တစိတ်တပိုင်းသာ ဖြစ်သည်။ အဓိကပြဿနာကတော့ ပတ်ဂျီမင်၏ လုပ်ကြံလိမ်လည်ထားသောဇာတ်လမ်းပင်။ ပတ်ဂျီမင်၏ သူငယ်ချင်းဖြစ်သူကို ကာကွယ်ပေးချင်ဇောဖြင့် တီထွင်ထားသောဇာတ်လမ်းမှာ ဆော့ဂျင်သည် ယခုလက်ရှိတွင် ရည်းစားအသစ်တစ်ယောက်ရနေပြီဟူသော လိမ်ဆင်ကြီးပင်။ နမ်ဂျွန်းကလည်း ခပ်တုံးတုံးကောင် မဟုတ်သည်မို့ ဂျီမင်၏လီဆယ်ဇာတ်လမ်းကြီးတွင် မျောပါသွားသူမဟုတ်ပေ။ ထိုအခါ သူ့ထံ အတင်းကာရော သက်သေလာတောင်းတော့သည်။ ဒါပေမယ့် သူ့မှာ အကောင်လိုက် ရုပ်လုံးပြရမည့် ရည်းစားလည်းမရှိလေတော့ ဆော့ဂျင် ဘယ်လိုလုပ်ရမှန်းမသိ။

Perfect Flaws ✔️Tahanan ng mga kuwento. Tumuklas ngayon