(Unicode)ကိုယ်ဝန်ဆောင် နောက်ဆုံးအပတ်ထဲသို့ ဝင်လာသောအခါ ဆော့ဂျင်လည်း အလုပ်မှ နားလိုက်ရတော့သည်။ သားလေးကလည်း ဘောလုံးသမား ဝင်စားလေသလားမသိ၊ တစ်ချိန်လုံး ကန်နေတတ်သည်မို့ ဆော့ဂျင်အတွက်လည်း အိပ်ရေးပျက်ရသော ညတွေများလာသည်။ သွားတာလာတာ၊ အထိုင်အထများ၌လည်း အဆင်မပြေ ဖြစ်လာသည်မို့ သားဖြစ်သူနားတွင် ဂရုစိုက်ပေးရန် CEO ကင်မ်ကလည်း ဂျောင်ကုအား အလုပ်မှ ခတ္တခွင့်ပေးလိုက်သည်။ မျိုးရိုးအမွေဆက်ခံမည့် မြေးဦးလေးကို ချီရတော့မည်ဖြစ်၍ CEO ကင်မ်က ပိုလို့တောင် တက်ကြွနေသေး၏။
ဆော့ဂျင်သည် Lazy boy chair/ Recliner (သက်တောင့်သက်သာဖြင့် လဲလျောင်းထိုင်လို့ရသော ဆိုဖာခုံ) တွင် ထိုင်ကာ အရှေ့တည့်တည့်ရှိ အမှန်အပြည့်ကာထားသော ပြတင်းနံရံမှတဆင့် ကျယ်ပြောလှသည့် ဆိုးလ်ရှုခင်းနှင့် ကောင်းကင်ပြာကို အမြဲလိုလို ငေးမောကြည့်တတ်သည်။ ယူနစ်အသစ်သို့ ပြောင်းရွေ့လာပြီးနောက် ထိုနေရာသည် တစ်အိမ်လုံး၌ ဆော့ဂျင် သဘောအကျဆုံး နေရာလည်းဖြစ်သည်။
ဆော့ဂျင်ရဲ့ ခြေထောက်များကို ဂျောင်ကု နှိပ်ပေးသောအခါ ထိုသူသည် ဆိုဖာခုံတွင် လဲလျောင်းကာ ဗိုက်ထဲမှ သားလေးအား ပုံပြင်စာအုပ် ဖတ်ပြနေသည်။
"ငါ့ခြေထောက်တွေက ရုပ်ဆိုးကုန်ပြီ..."
ဆော့ဂျင်သည် နှုတ်ခမ်းကို အသာစူလာပြီး ကိုယ်ဝန်ကြောင့် အနည်းငယ် ယောင်ကိုင်းလာသော ခြေထောက်များကို ဝမ်းနည်းစွာ ကြည့်သည်။
"မဟုတ်တာ... ဘာမှမဖြစ်ပါဘူး ကိုယ့်ဘေဘီလေးကလည်း... ကိုယ့်ကလေးလေးက အမြဲတမ်း ကြည့်ကောင်းပြီးသား..."
ဂျောင်ကု မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ပြောလိုက်သောအခါ ထိုသူက အသာပြုံးလာသည်။ ထို့နောက် ပါးနှစ်ဖက် နီမြန်းကာ ရှက်သွားသေး၏။ သားလေး အင်ဆူ ကိုယ်ဝန်ကို လွယ်ထားစဉ်အတော်အတွင်း၌ တဖြည်းဖြည်းနှင့် ဂျောင်ကု နားလည်လာသည်က ဆော့ဂျင်သည် ချီးကျူးစကားများ နားထောင်ရသည်ကို နှစ်သက်လာသည်။ အထူးသဖြင့် ကိုယ်ဝန်ကြောင့် အနည်းငယ် တက်လာသော ကိုယ်အလေးချိန်နှင့် တဖြည်းဖြည်း ဖောင်းလာသော ဝမ်းဗိုက်ကြောင့် ဆော့ဂျင်သည် စိတ်အားငယ်တတ်လာသည်။ သို့သော် ဂျောင်ကုမှ ထိုသူအား ဘယ်လောက် လှကြောင်း၊ ဘယ်လောက် ကြည့်ကောင်းကြောင်း ချီးမွှမ်းလိုက်သောအခါ ပြန်ပြီး ကျေနပ်သွားတတ်၏။
![](https://img.wattpad.com/cover/287338196-288-k445184.jpg)
YOU ARE READING
Perfect Flaws ✔️
General FictionStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]