(Unicode)ဂျောင်ကုတစ်ယောက် ခေါင်းကိုငိုက်စိုက်ရင်း ရုံးခန်းထဲသို့ဝင်လာလိုက်သည်။ ပခုံးတစ်ဖက်စီတွင် အလေးတုံးကြီး တင်ထားသလို လေးကန်စွာဖြင့် အလုပ်စားပွဲရှိရာဆီသို့ လျှောက်လာ၏။ ဒီတစ်ခါတွင်တော့ သူ အရင်ကလို အိတ်ကို မပစ်ချတော့ပဲ စားပွဲပေါ် အသာတင်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ချင်တော့အောင် အားအင်တွေဆုတ်ယုတ်နေ၏။
"အဲ့မျက်နှာက ဘယ်လိုဖြစ်တာလဲ..."
အသေကောင်နှင့်မခြားတော့သော ဂျောင်ကု မျက်နှာကိုကြည့်ရင်း ယွန်းဂီ မေးလိုက်လေသည်။ ဂျောင်ကု ဆုံလည်ခုံပေါ် လေးတွဲစွာ ထိုင်ချရင်း လည်ပင်းမှ နတ်ခ်တိုင်ကို ဖြေလျှော့လိုက်သည်။ ထို့နောက် ထိုင်ခုံနောက်မှီကို မှီလိုက်ရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။
"မနေ့ညက တော်တော်ပင်ပန်းသွားပုံပဲ... တစ်ညလုံး မအိပ်ရဘူးလား ဂျောင်ကု... ဟိုဆော့နဲ့ရော ပြန်အဆင်ပြေသွားပြီလား... အေးပေါ့... သူလိုချင်တာရသွားတော့ တော်တော်ပျော်သွားမှာပေါ့..."
ခပ်ပြုံးပြုံးဆိုလာသော အနှီသူ စကားကြောင့် ဂျောင်ကု မျက်လုံးများကို ဖွင့်လိုက်ရင်း ပါးစောင်ထဲ လျှာကိုထိုးထားမိသည်။ ဆို့တက်လာသော စိတ်ခံစားချက်များကို ထိန်းချုပ်ရင်း ခပ်တိုးတိုး ရေရွတ်မိ၏။
"သူ ထွက်သွားပြီ..."
ထိန်းပြောလိုက်သည့်တိုင်အောင် သူ့အသံများက အဖျား၌တိမ်ဝင်သွားကာ လှုပ်ခတ်နေ၏။
ထိုအခါ ခပ်ရေးရေးပြုံးနေသော ယွန်းဂီရဲ့ အပြုံးများသည် ပျောက်ကွယ်သွားပြီး အနှီသူသည် ထိုင်နေရာမှ ထလာကာ သူ့အလုပ်စားပွဲရှိရာသို့ လျှောက်လာ၏။ ထို့နောက် စားပွဲအစွန်းကို အသာမှီရင်း သူ့အား အကဲခတ်လေသည်။
"ဂျောင်ကု... ငါ မင်းကိုအတည်မေးနေတာ... နောက်နေတာမဟုတ်ဘူး... မင်းနဲ့ဟိုဆော့ ဘာတွေဖြစ်ခဲ့တာလဲ..."
သူ့အား စူးစိုက်ကြည့်ရင်း မေးလာသော ယွန်းဂီ၏ စကားသံထဲတွင် စိုးရိမ်ပူပန်မှုများပါ ရောထွေးနေ၏။
VOUS LISEZ
Perfect Flaws ✔️
Fiction généraleStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]