Chapter 30

1.8K 221 9
                                    


(Unicode)

ပြီးခဲ့သည့်အပတ်က ရောင်းအားမှတ်တမ်းများကို ပြန်စစ်ရင်းဖြင့် ဆော့ဂျင် အလုပ်များနေသည်။ နေ့လည်တွင်လည်း မီလန်နီယမ် ဟိုတယ်လုပ်ငန်းစုနှင့် ပရောဂျက်ကိစ္စ ဆွေးနွေးရအုံးပေမည်။ အလုပ်များသော်ငြား အခုနောက်ပိုင်း၌ အစစအရာရာ ပိုအဆင်ပြေပြီး ပိုကောင်းလာသလို၊ ဆော့ဂျင်အဖေရဲ့ လုပ်ငန်းသည်လည်း ပိုမိုကျယ်ပြန့်လာသည်။

ထို့ကြောင့်ပင် ဒီရက်ပိုင်းအတွင်း ထယ်ယောင်းနှင့် ဆော့ဂျင် မကြာခဏ ဆုံဖြစ်ကြသည်။ သူတို့ရဲ့ ပရောဂျက်အား လာမည့်လ၌ တရားဝင်ထုတ်ပြန်မည်ဟု သတ်မှတ်ထားကြသည်။ ဒီပရောဂျက်သည် ဆော့ဂျင် ပထမဆုံး စီမံကွပ်ကဲပေးရသော ပရောဂျက်ဖြစ်သည်မို့ အရေးကြီးလေသည်။

"ဝင်ခဲ့ပါ..."

ရုံးခန်းတံခါးသို့ လာခေါက်သံကို ကြားလိုက်ရသည်မို့ ဆော့ဂျင် ပြောလိုက်သည်။

"ဟိုင်း... ဆော့ဂျင်နီလေး..."

လေသံတိုးတိုးဖြင့် နှုတ်ဆက်လာသော ထိုသူကို ဆော့ဂျင် မကြည့်ပဲနှင့်ပင် ကောင်းကောင်း သိလေသည်။ ထိုသူက ပန်းစည်းတစ်စည်းနှင့် အအေးတစ်ဘူးကို ဆော့ဂျင်ရဲ့ အလုပ်စားပွဲပေါ်သို့ လာတင်သည်။

"ပြီးခဲ့တဲ့အပတ်က ငါ့တိုက်ခန်းကနေ မင်း ထွက်ပြေးသွားတယ်... အခုကျတော့ ပန်းစည်းတစ်စည်း၊ အအေးတစ်ဘူးနဲ့ ပြန်ပေါ်လာတယ်... ဟုတ်လား ဂျီမင်...?"

ဆော့ဂျင် ကြိမ်းမောင်းလိုက်သည်။

"အဲ့လို လက်ဆောင်တွေပေးမယ့်အစား ငါ့ကို အိပ်ယာခင်း အသစ်တစ်စုံပဲ ပြန်ဝယ်ပေးသင့်တယ်... ဘာလို့လဲဆိုတော့ ငါ့အိပ်ယာတစ်ခုလုံးကို ရစရာမရှိအောင် လုပ်သွားလို့...! မင်း အိပ်ယာခင်းလေးတောင် ပြန်လဲပေးဖို့ စိတ်ကူးမရှိခဲ့ဘူး... ကိုယ်စားလှယ်မင်နဲ့ ထွက်ပြေးသွားတာများ ဒီတိုင်း ဘာမှမဖြစ်ခဲ့ကြသလိုပဲ... မင်းတို့နှစ်ယောက်လုံးကို တော်တော် စိတ်ပျက်တယ်...!"

ထိုအခါ ဂျီမင်က မျက်လုံးများကို လှန်ကြည့်လာ၏။

"အေးပါကွာ... ငါတို့ပဲ မှားတာပါ... ဒါပေမယ့် ငါ သိသလောက်တော့... အဲ့ညတုန်းက မင်းလည်း ဂျောင်ကုနဲ့ အိပ်ခဲ့တာပဲ... မင်းတို့နှစ်ယောက် ရုပ်ရှင်ကြည့်တဲ့အခန်းထဲမှာ ရှိနေခဲ့တာ ငါတို့ မသိဘူးများ ထင်နေလား... ပြီးတော့ မင်းက ငါ့ကိုကျတော့ စိတ်ပျက်စရာကောင်းတယ်... ဟုတ်လား...?"

Perfect Flaws ✔️Where stories live. Discover now