* Mature Content Warning *(Unicode)
ဆော့ဂျင်ရဲ့ နို့နှစ်ရောင် အသားအရေလေးသည် ရွှေမှုန်လေးများကြဲထားသလို တောက်ပနေလေသည်။ အနှီသူရဲ့ ချောမွတ်သော ပါးပြင်နှစ်ဖက်သည် ပန်းရောင်သန်းနေကာ နဖူးပြင်ထက်တွင် ချွေးအနည်းငယ် စို့နေလေ၏။ ဆော့ဂျင်က ဂျောင်ကုရဲ့ ပေါင်ပေါ်တွင် ခွထိုင်ထားရင်းဖြင့်သာ ခေါင်းကို ဂျောင်ကုရဲ့ ပခုံးပေါ်သို့ အသာတင်ထားလေ၏။ ဂျောင်ကုကတော့ ခုတင်ခေါင်းရင်းကို မှီထားရင်းဖြင့်သာ အနှီသူအား မြတ်နိုးစွာဖြင့် ငုံ့ကြည့်နေမိသည်။
သူ့အား ဖက်တွယ်ထားသော ဆော့ဂျင်ရဲ့ ပခုံးပေါ်သို့ ဂျောင်ကု ခပ်ဖွဖွဖြင့် အနမ်းများ ပေးနေမိသည်။ သစ်သီးနံ့နှင့် ချိုအီသောရနံ့လေး ရောထွေးနေတတ်သော ဆော့ဂျင်ရဲ့ ခန္ဓာကိုယ်သည် ချောမွတ်ကာ ပိုးသားကဲ့သို့ နူးညံ့နေ၏။
ထို့နောက် ခေါင်းကို ငုံ့ထားရာမှ ဂျောင်ကုအား ပြန်မော့ကြည့်လာသော ကင်ဆော့ဂျင်လေးသည် ကလေးတစ်ယောက်လို နှုတ်ခမ်းများကို အသာစူထားလေ၏။
"ဘာဖြစ်တာလဲ အဲ့နှုတ်ခမ်းက..."
"ဒီတစ်ခါလည်း ငါတို့ ကွန်ဒုံးသုံးဖို့ မေ့သွားပြန်ပြီ..."
ဆော့ဂျင်ရဲ့ ချစ်စဖွယ်အပြောကြောင့် ဂျောင်ကု ရယ်လိုက်မိလေသည်။
"မင်းလေးပဲ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ မဟုတ်ဘူးလား..."
ဂျောင်ကုတစ်ယောက် ဆော့ဂျင်ရဲ့ နှာခေါင်းထိပ်ဖျားလေးအား အသည်းယားစွာဖြင့် ဖိညှစ်မိရင်း ပြောလိုက်သည်။ ထိုအခါ သူ့အား ပြန်ပြုံးပြလာသော ဆော့ဂျင်ရဲ့ အပြုံးလှလှများသည် အနှီသူရဲ့ ခံစားချက်အစစ်အမှန်မှန်း ဂျောင်ကု သိလေသည်။
"ကြောက်နေလား..."
ချက်ချင်း ခေါင်းခါပြလာသော ဆော့ဂျင်ကြောင့် ဂျောင်ကုရဲ့ နှလုံးသားတစ်ခုလုံး နူးညံ့သိမ်မွေ့သွားသလိုပင်။ အနှီသူရဲ့အဖြေသည် သူ့အတွက် အများကြီး အဓိပ္ပါယ်သက်ရောက်လေ၏။
"မင်းသာ ငါ့ကို ထားသွားရင်တော့ ငါ ကြောက်မိပေမယ့်... မင်းက ထားမသွားဘူးလို့ ပြောတာပဲ..."
YOU ARE READING
Perfect Flaws ✔️
General FictionStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]