Chapter 59 | M

2.3K 184 2
                                    


* Mature Content Warning *

(Unicode)

ဆော့ဂျင်လို မိဘက ဖူးဖူးမှုတ် အလိုလိုက်ခံထားရ၍ စိတ်ရှိတိုင်း ဆိုးသွမ်းတတ်သည့်သူမျိုးက အင်ဆူအပေါ်တွင် ဖခင်ကောင်းတစ်ယောက် ပီသကာ စိတ်ရှည်သည်းခံတတ်သည်ကို ဂျောင်ကု အံ့သြမိလေသည်။ အခုဆို သူတို့ရဲ့ ချစ်စရာကောင်းသည့် ရင်နင့်သည်းချာလေးက တစ်လပင် ပြည့်လာလေပြီ။

ကလေးဆိုသည့်အတိုင်း ကရိကထကတော့ များလွန်းလှသည်။ အထူးသဖြင့် ဆော့ဂျင်အတွက် အိပ်ရေးပျက်ရသော ညများလည်း များလာလေသည်။ သို့တိုင်အောင် ဆော့ဂျင်က ဘာမှမဖြစ်သလိုပင်။ ဂျောင်ကုက အလုပ်သို့ ပြန်သွားနေရပြီဖြစ်သောကြောင့် ညဘက်များ၌လည်း သူ့ကို မနိုးပဲ အနှီသူ တစ်ယောက်တည်းသာ အပင်ပန်းခံတတ်လေသည်။ ထို့ကြောင့် ရုံးပိတ်ရက်များတွင်တော့ အင်ဆူလေးအတွက် ဂျောင်ကု ပိုတာဝန်ယူကာ ဆော့ဂျင်အား အိပ်ရေးဝအောင် အိပ်ခိုင်းရလေသည်။ တစ်ခါတစ်ရံတွင် ဆော့ဂျင်ရဲ့ မျက်ဝန်းညိုညိုလေးများသည် ပင်ပန်းနေပုံရသောကြောင့် ဂျောင်ကု စိတ်မကောင်းပေ။ သို့တိုင်အောင် ဆော့ဂျင်က ပင်ပန်းမှုအပေါ် ဘယ်တော့မှ ညည်းတွားငြူစူသည့် အရိပ်အယောင်လေးပင် မပြချေ။

ထို့ကြောင့်ပင် အနှီသူအပေါ် ဂျောင်ကု ပိုပြီးလည်း ချစ်မြတ်နိုးလာရ၏။ မွေးတည်းက ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် နေခဲ့ရသော သူဌေးသားလေး ကင်ဆော့ဂျင်သည် အိမ်ထောင်သည်တစ်ယောက်ရဲ့ ဘဝနှင့်ပတ်သက်၍ ဘာတစ်ခုမှ သိခဲ့မည်မဟုတ်ချေ။ အထူးသဖြင့် ကလေးတစ်ယောက်ကို ဘယ်လိုထိန်းကျောင်းရမှန်း၊ အိမ်မှုကိစ္စတွေကို ဘယ်လိုလုပ်ကိုင်ရမှန်းလည်း သေချာနားလည်မည်မဟုတ်ချေ။ သို့ပေမယ့် အိမ်ထောင်ရှင်ကောင်းတစ်ယောက်ပီသအောင်၊ ဖခင်ကောင်းတစ်ယောက်ပီသအောင် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ကြိုးစားပေးလေသည်။

"အလုပ်တွေရော ဘယ်လိုနေလဲ... အဆင်ပြေတယ်မလား..."

ဆော့ဂျင်က မှန်အပြည့်ကာထားသော ပြတင်းနံရံနားတွင် အင်ဆူလေးကို ပွေ့ချီကာ ချော့သိပ်ရင်းမှ မေးလာလေသည်။ နံနက်ခင်း နေရောင်ခြည် သိပ်မပြင်းသော အချိန်များ၌ အင်ဆူလေးကို နေရောင်ခြည်နွေးနွေးလေး ပြပေးရသည်မှာလည်း ဆော့ဂျင်ရဲ့ နေ့စဉ်အလုပ်တစ်ခုပင်ဖြစ်သည်။

Perfect Flaws ✔️Where stories live. Discover now