Chapter 17

1.5K 220 10
                                    


(Unicode)

ဒီနေ့တော့ ဂျောင်ကု ကုမ္ပဏီသို့ နောက်ကျမှ ရောက်လာခဲ့သည်။ မနေ့ညက တစ်ညလုံးလည်း ကောင်းကောင်း အိပ်မပျော်ပေ။ အခုရက်ပိုင်း ညအိပ်ယာဝင်ချိန်များကို အရက်နှင့်သာ နှစ်ပါးသွားနေဖြစ်သည်။ ဟိုဆော့အပေါ်တွင် သူ့၏ ခံစားချက်များ အပြီးတိုင် ဆိတ်သုဉ်းသွားပြီဟုပြောလျှင် ဂျောင်ကု လိမ်ရာကျပေမည်။ ဟိုဆော့ သူ့ကို ထားသွားသည်မှာ တစ်လခန့်ပင် ရှိပြီဖြစ်သော်လည်း အနှီသူနှင့်ပတ်သက်သမျှ မှတ်ဉာဏ်များသည် ယခုထိတိုင် ဂျောင်ကုအား ခြောက်လှန့်နေဆဲပင်။ အနှီသူသည် ငွေတစ်ခုတည်းအတွက်နဲ့ သူ့အား စွန့်ပစ်ပြီး သူဌေးအဘိုးကြီးကို ရွေးချယ်သွားသည်မှာ ဂျောင်ကု ခုထက်ထိပင် မယုံကြည်နိုင်သေး။ ဘယ်လိုပဲဖြစ်ဖြစ်... ပြီးခဲ့တာတွေလည်း ပြီးပြီမို့ ဟိုဆော့အပေါ် သူ ပြတ်သားနိုင်ရတော့မည်။

မနေ့ညကတော့ ဂျောင်ကုအတွက် ပျော်ဖို့ကောင်းသည့်ညဟု ဆိုနိုင်ပေသည်။ ကင်ဆော့ဂျင်ဆိုသူနှင့် ညစာ အတူစားရသည်မှာ ဘယ်လောက်များ ကံကောင်းလိုက်သလဲ။ မနေ့ညက အနှီသူသည် နတ်သားလေးတစ်ပါးလို ချောမောကာ ခန့်ညားနေသည်။ သို့တိုင်အောင် တစ်ခါတစ်ရံ ရှက်သွားသည့်အခါ ချစ်စရာကောင်းနေပြန်သည်။ သူ့အတွက် စိတ်ပူပေးသည့်အခါကျ ပိုလို့တောင် ချစ်ဖို့ကောင်းလေ၏။

မနေ့ညက သူ့ကြောင့် အနှီသူ စိတ်အနှောက်အယှက်ဖြစ်သွားမည်မှာ သေချာပါသည်။ ဂျောင်ကုဘက်မှာလည်း ထိုကိစ္စက သေရေးရှင်ရေးတမျှ အရေးကြီးနေသောကြောင့် အနှီသူအား မပြောလို့တော့ မဖြစ်ပေ။ ကင်ဆော့ဂျင်ဘက်မှလည်း သူ့အား စိတ်အေးချမ်းသာစွာ နေနိုင်ရန် CEO ကင်မ်နှင့် သေချာဖြေရှင်းပေးမည်ဟု ကတိပေးသွားသောကြောင့် ဂျောင်ကု အနည်းငယ် စိတ်အေးသွားရပါသည်။

"မနေ့ညက ဘယ်လိုလဲ..."

မင်ယွန်းဂီက ပြီတီတီမျက်နှာပေးဖြင့် မေးလာသည်။

"မင်း သူ့ကို ပြောလိုက်လား..."

ထိုအခါ ဂျောင်ကု ခေါင်းညိတ်ပြလိုက်ရင်း...

"သေချာပေါက် ပြောလိုက်တာပေါ့... ပြီးတော့ သူက CEO ကင်မ်ကိုလည်း သေချာပြောပေးမယ်တဲ့..."

Perfect Flaws ✔️Where stories live. Discover now