Chapter 18

1.5K 215 8
                                    


(Unicode)

"ကောင်းပြီလေ... သဘောတူတယ်..."

သူ့ရဲ့တခြားသော အကြံအစည်ကြောင့် ဂျောင်ကု သဘောတူလိုက်သည်။ စောနားက ယွန်းဂီပြောထားသော စကားများသည် သူ့နားထဲတွင် ပြန်ကြားယောင်လာ၏။ ဟိုဆော့သာ ကင်ဆော့ဂျင်ကိုမြင်လျှင် သေချာပေါက် အကြီးအကျယ် အူနုကျွဲခတ်ပေလိမ့်မည်။ ရည်းစားဟောင်းထက် အစစအရာရာ အကုန်သာတဲ့ ကင်ဆော့ဂျင်လိုလူမျိုးနှင့်သာ ဂျောင်ကု တွဲနေမှန်းသိလျှင် ဟိုဆော့တစ်ယောက် ဘယ်လောက်တောင် ဆွေ့ဆွေ့ခုန်လိမ့်မည်နည်း။

ဘာမှမသိရှာသော ဆော့ဂျင်ကတော့ အခုမှ သက်ရှူချောင်သွားသည့်ဟန်ဖြင့်...

"ကောင်းတယ်... ကျေးဇူးတင်ပါတယ် ဂျောင်ကု... ဒါက တစ်လနှစ်လလောက်ပဲ ကြာမယ်လို့ ငါ ကတိပေးပါတယ်... ဒါမှမဟုတ်လည်း ဒီတစ်လပြီးတာနဲ့ အကုန်ပြီးအောင် ငါ ဖြေရှင်းပေးပါ့မယ်..."

အနှီသူရဲ့ တဇွတ်ထိုးနိုင်မှုကို ဂျောင်ကု ခပ်ထေ့ထေ့ပြုံးရင်း ခေါင်းခါယမ်းလိုက်သည်။ ထိုအခါ ဆော့ဂျင်က ထိုင်နေရာမှ ချက်ချင်းထသွားပြီး စားပွဲပေါ်မှ စာရွက်နှင့်ဘောပင်ကို ယူလာကာ ဂျောင်ကု နားသို့ ပြန်ရောက်လာသည်။ ထို့နောက် ဆိုဖာတွင်ပြန်ထိုင်လိုက်ပြီး ဂျောင်ကုထံသို့ ထိုစာရွက်နှင့်ဘောပင်ကို ကမ်းပေးလာ၏။

"မင်းစားချင်တဲ့ အစားအစာတွေကို ဒီမှာ ရေးထား... ငါ့အမေကို ပြန်ပေးရမှာမို့... သူက မင်းအကြိုက် ချက်ထားပေးလိမ့်မယ်..."

ဂျောင်ကုလည်း ဆော့ဂျင် ပြောသည့်အတိုင်း စာရွက်ပေါ်တွင် သူ ကြိုက်နှစ်သက်သည့် အစားစာများကို ချရေးပေးလိုက်သည်။ တစ်လုံးရေးလိုက်၊ ဆော့ဂျင် မျက်နှာကို မထေ့တထေ့ပြုံးရင်း တစ်ခါစိုက်ကြည့်လိုက် လုပ်နေသည်မို့ ကြာလာတော့ အနှီသူက စိတ်ရှည်သည့်ဟန် မပေါ်တော့ချေ။

"မင်း ငါ့ကို စိတ်အနှောက်အယှက်ပေးရတာ တော်တော်ကြိုက်ပုံရတယ်... ဘာလဲ... ဒါက မင်းရဲ့ ဝါသနာသစ်လား... ဒါမှမဟုတ် အရင်တည်းကလား... ငါက မင်းရဲ့မန်နေဂျာချုပ် အထက်လူကြီးဆိုတာကို မမေ့လိုက်နဲ့..."

Perfect Flaws ✔️Hikayelerin yaşadığı yer. Şimdi keşfedin