Chapter 34

1.7K 219 5
                                    


(Unicode)

"ပြတ်သွားတယ်...? ပြတ်သွားတယ်လို့ ပြောရအောင် မင်းနဲ့သူနဲ့က ဘာမှမဟုတ်ခဲ့ဘူးမလား..."

ယွန်းဂီက မေးလာသည်။

"ပြီးတော့ မင်းတို့က ဟန်ဆောင်ထားကြတာပဲ..."

အနှီသူရဲ့ စကားများအပေါ် ဂျောင်ကု ဘာမှတုံ့ပြန်ချင်စိတ်မရှိတော့။ အခုခံစားချက်များသည် သူ့အား ဟိုဆော့မှ ထားသွားသည့် ခံစားချက်များကဲ့သို့ပင်။ နှလုံးသားကြီးတစ်ခုလုံး လစ်ဟာသွားသလို။ ထိုလစ်လပ်နေသော ခံစားချက်များသည် ဆော့ဂျင်ကြောင့် တဖြည်းဖြည်း မှေးမှိန်လာခဲ့ရသည်။ ဆော့ဂျင်နှင့်အတူ ရှိနေရသောအချိန်များသည် သူ့နှလုံးသားရဲ့ နာကျင်မှုများကို မေ့လျော့သွားစေနိုင်သည်။ ဟိုဆော့ကြောင့် ထင်ကျန်ခဲ့ရသည့် သူ့နှလုံးသားဒဏ်ရာများကို ဆော့ဂျင်က တဖြည်းဖြည်းနှင့် ကုစားပေးလာခဲ့သည်ကို ဂျောင်ကု ဝန်ခံပါသည်။ သို့သော်လည်း အခုတော့ အရာအားလုံး ပြီးဆုံးသွားလေပြီ။

"အရင်နေ့က မင်းအပေါ်မှာ ဂျီမင် စွတ်စွဲခဲ့တာတွေအတွက် ငါ တောင်းပန်ပါတယ်... ဂျီမင်က သူမှန်တယ်ထင်ရင် အဲ့လိုပဲ ခေါင်းကြောမာတတ်တယ်..."

ယွန်းဂီက ဗော့ကာ (Vodka) ခွက်ကို ဘားကောင်တာပေါ်သို့ တင်လိုက်ပြီးနောက် ဂျောင်ကုအား ငဲ့ကြည့်လေသည်။

"ဂျောင်ကု... မင်း ငါ့ကို စိတ်ဆိုးနေတာ ငါ နားလည်ပါတယ်... ငါ မင်းကို အတင်းအကျပ် စွတ်စွဲခဲ့မိလို့လည်း ငါ တောင်းပန်ပါတယ်... ငါ့ဘာသာ ရမ်းသမ်းပြီး ကောက်ချက်မချခင် မင်းဘက်က စကားတွေကို ငါ သေချာနားထောင်ခဲ့သင့်တယ်..."

ထိုအခါ ဂျောင်ကုက ခပ်မဲ့မဲ့ပြုံးရင်း ထေ့ငေါ့လိုက်သည်။

"ငါသာ မင်းကို စိတ်ဆိုးနေရင်... ဘားကို ငါနဲ့အတူ လိုက်ခဲ့ပေးဖို့ ခေါ်ပါ့မလား... ဒါပေမယ့် အဲ့နေ့က ကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ဆိုးတာထက် စိတ်မကောင်းဖြစ်သွားတာကိုတော့ ငါ ဝန်ခံရမယ်..."

"ဆောရီး... ငါ တောင်းပန်ပါတယ်..."

ဂျောင်ကု ပခုံးတွန့်ပြလိုက်သည်။ ယွန်းဂီအပေါ် သူ စိတ်မဆိုးနိုင်ပါ။ အနှီသူသည် ဂျောင်ကုအတွက် တစ်ဦးတည်းသာရှိသော သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်။ အနှီသူအပေါ်၌ ဂျောင်ကု ဘာမှဖုံးကွယ်ထားစရာလည်း မလိုသလို၊ သူ့အပေါ်တွင်လည်း စိတ်ရှည်သည်းခံပေးလေသည်။

Perfect Flaws ✔️Where stories live. Discover now