Chapter 60

1.6K 169 3
                                    


(Unicode)

ကလေးတစ်ယောက်ကို မွေးထားရတာ ဒီလောက်ထိ အလုပ်များပြီး စိတ်ဖိစီးချင်စရာကောင်းမှန်း ဂျောင်ကု မသိခဲ့ပေ။ ပြီးတော့ သူ့အထင်တော့ အင်ဆူလေးက ဆော့ဂျင်လိုပင် ခေါင်းကြောမာတတ်သည့်ပုံပေါ်လေသည်။ အထူးသဖြင့် သူနှင့်ဆော့ဂျင် နှစ်ယောက်တည်း ရှိနေသည့်အချိန်များ၌ အမြဲတမ်းလိုလို အော်ငိုတတ်သည်မှာ တမင်သက်သက် လုပ်နေသလားဟုပင် ဂျောင်ကု ထင်မှတ်လာမိသည်။ ဒါက တော်တော် ရူးချင်စရာကောင်းလေသည်။ ဆော့ဂျင်ကလည်း အမြဲတမ်း အင်ဆူလေးဘက်မှသာ နေသည်မို့ ဂျောင်ကုတစ်ယောက်တည်းသာ လူယုတ်မာကြီးအဖြစ် ရှိနေရတော့သည်။

တစ်ခါတစ်ရံတော့လည်း သူ့ရဲ့ သွေးသားဆန္ဒများအရ ဆော့ဂျင်ကို လိုအပ်သည် မဟုတ်လား။ သူက ဆယ့်နှစ်ရာသီထန်နေသည့် နှာဘူးကောင်လည်း မဟုတ်ပေမယ့်... ဟုတ်ရင်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် သုံးလတောင် ရှိခဲ့လေပြီ။ ဆရာဝန် သတ်မှတ်ထားသည့် ခြောက်ပတ်ဆိုသည်မှာလည်း ပြည့်ပြီးသွားလို့ ကျော်တောင်ကျော်နေလေပြီ။ ဂျောင်ကု အများကြီး မျှော်လင့်ထားသည့်တိုင်အောင် ဘာတစ်ခုမှ မဖြစ်လာခဲ့ပေ။ အမှန်တိုင်း ဝန်ခံရလျှင် ဆော့ဂျင်ထံမှ သူ့အား ပေးလာသော်လည်း အမြဲတမ်း တစ်ဝက်တစ်ပြတ်ဖြင့်သာ အဆုံးသတ်သွားရသည်။ ထို့ကြောင့် အခုနောက်ပိုင်းတွင် သူ့လက်နှင့်သာ သူ့ဘာသာသူ ဖြေရှင်းလိုက်ရသည်က များလေသည်။ သူ့ဘဝက တော်တော် သနားစရာကောင်းလေသည်မလား။

"အင်ဆူလေးကို ကြည့်ပါအုံး... ဘေဘီ... ကြည့်ပါအုံး... ရယ်ပြနေလိုက်တာ..."

အင်ဆူလေးကို ပွေ့ချီရင်းမှ ဂျောင်ကု နံဘေးနားတွင် ဆော့ဂျင်က လာဝင်ထိုင်လေသည်။ သူ့အား ခေါ်နေမှန်းသိသော်လည်း ဂျောင်ကု လှည့်မကြည့်ဘဲ စာရင်းမှတ်တမ်းများကိုသာ အာရုံစိုက်နေလိုက်သည်။ သူ နည်းနည်းလောက်တော့ စိတ်ကောက်လို့ ရတယ်မလား။

ဆော့ဂျင်ကိုယ်တိုင်ကလည်း အင်ဆူလေးနှင့်တင် အလုပ်များနေသည်မို့ အနှီသူရဲ့ အလုပ်တာဝန်များကို ဂျောင်ကု ခွဲယူပေးရလေသည်။ ထို့ကြောင့် ကုမ္ပဏီမှ အလုပ်ကိစ္စများကိုလည်း အိမ်ထိသယ်လာကာ ဂျောင်ကု အလုပ်လုပ်နေဖြစ်သည်။

Perfect Flaws ✔️Where stories live. Discover now