Chapter 62 | M

1.2K 68 1
                                    


* Mature Content Warning *

(Unicode)

ဘာလီခရီးစဉ်အတွက် ဂျွန်ဂျောင်ကုတို့ကတော့ တက်ကြွတဲ့ကြက်ဖ ဖြစ်နေတော့သည်။ သားလေး အင်ဆူတိုးလာပြီးနောက်ပိုင်း ဂျောင်ကုအတွက်တော့ တစ်ခါတစ်ရံ မိုးခေါင်နေသော သဲကန္တာရထဲမှ အပင်တစ်ပင်လို ခံစားရ၏။ သို့ကြောင့်မို့ ဆော့ဂျင်နှင့် နှစ်ယောက်တည်းအတူ ရှိခဲ့ဖူးသော အချိန်အခိုက်အတန့်လေးများအား အောင့်မေ့တမ်းတကာ လွမ်းလှပါသည်။

ထိုသို့ ပြောသည်မို့ သားလေးအင်ဆူကို အလိုမရှိသည်တော့ မဟုတ်။ တစ်ဦးတည်းသော သားလေး အင်ဆူကို ဂျောင်ကု တုန်နေအောင် ချစ်ရသည့်တိုင် အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်အနေနှင့် သွေးသားဆန္ဒအရ လိုအပ်သော အချိန်များ ရှိလေသည် မဟုတ်လား။ ထိုလိုအပ်ချက်များကိုလည်း ဆော့ဂျင်တစ်ဦးတည်းမှသာ ဖြည့်ဆည်းပေးနိုင်၏။ သို့သော် အင်ဆူလေးက အချိန်ကောင်းများကို ဘယ်လိုနှောင့်ယှက်ရမှန်း ကောင်းကောင်း သိလေသည်။

ရေကူးကန်ထဲသို့ ဒိုင်ဗင်ထိုးချလိုက်ရာမှ ထွက်ပေါ်လာသော ရေသံကြောင့် ဆော့ဂျင် စာဖတ်နေရာမှ မော့ကြည့်မိလိုက်သည်။ သူတို့နှစ်ယောက်တည်းအတွက် သီးသန့်ငှါးထားသော ဟိုတယ်ဗီလာ (hotel villa) ရှိ ရေကူးကန်သည် infinity pool ဖြစ်သည့်အလျာက် ရေကန်ရေပြင်သည် အဆုံးမရှိသော ပင်လယ်ပြင်နှင့် တစ်ဆက်တည်း ထိစပ်နေသလို ခံစားရသည်။ ညနေစောင်းအချိန်ဖြစ်သည်မို့ ကောင်းကင်သည်လည်း ခရမ်းရောင်နှင့် ပန်းရောင် ရောယှက်ကာ ကန်ရေပြင်တွင် ထင်ဟပ်နေသည်။

ဆော့ဂျင်သည် ရေကူးကန်နှင့် ဆက်လျက်ရှိသော အနားယူလို့ရသည့် အလတ်စား အပန်းဖြေဆောင်လေးတွင် သက်တောင့်သက်သာ လဲလျောင်းရင်းဖြင့်သာ စာဖတ်နေသည်။ သို့သော် ဂျောင်ကုမှ အပေါ်ပိုင်း ဗလာကျင်းနှင့် ရေကူးလာသောအခါ ဆော့ဂျင် စာအုပ်ထဲတွင် အာရုံမစိုက်နိုင်တော့။ ထို့ကြောင့် အအေးသောက်ရင်းဖြင့် ရေကူးကန်ထဲတွင် မမောနိုင်မပန်းနိုင် ခေါက်တုံ့ခေါက်ပြန် ရေကူးနေသော ခင်ပွန်းသည်ဖြစ်သူကိုသာ ငေးကြည့်နေမိသည်။

Perfect Flaws ✔️Where stories live. Discover now