Chapter 13

1.6K 217 5
                                    


(Unicode)

ဂျွန်ဂျောင်ကု...။

ဂျွန်ဂျောင်ကုဆိုတာ တကယ်တော့ နတ်ဆိုးတစ်ကောင်ပင်...။

သူ့အား ဘယ်လိုသတ္တိမျိုးဖြင့် ရဲတင်းစွာ ညစာအတူစားဖို့ ခေါ်ရဲသည်လဲ...။ ဆော့ဂျင် တွေးရင်းတွေးရင်း ဒေါသထွက်လာ၏။ တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာသည်မို့ ဆော့ဂျင် မျက်နှာကို လက်ဖြင့် ယပ်ခတ်နေခိုက် ဂျီမင်က အခန်းထဲဝင်လာလေသည်။ သူ့ကို မြင်သောအခါ ထိုသူက စိုးရိမ်သည်ထက် စူးစမ်းသည့်ဟန်ဖြင့် မျက်လုံးများကို ကျုံ့ကြည့်လေ၏။

"မင်း ငါ့ကို ခေါ်တယ်ဆိုလို့... ဘာဖြစ်လို့လဲ..."

ဂျီမင်တစ်ယောက် ဆော့ဂျင်ထိုင်နေရာ ဆိုဖာဘေးတွင် လာဝင်ထိုင်လေသည်။ ထို့နောက် စားပွဲပေါ်ရှိ သောက်လက်စ ဝိုင်ခွက်ကို မြင်သွားသောအခါ သူ့အား ပြူးကျယ်စွာ စိုက်ကြည့်လာ၏။

"ဘုရားရေ... ရုံးချိန်မှာ အရက်တွေသောက်နေတယ်..."

ထိုသို့ပြောသည့်တိုင်အောင် ဂျီမင်သည် ဝိုင်ခွက်အားယူကာ မော့သောက်လိုက်လေ၏။

"မင်း ယုံမှာမဟုတ်ဘူး ဂျီမင်... အဲ့ကောင်... အဲ့ကောင်ဂျွန်ဂျောင်ကုက ကလပ်မှာ ငါနမ်းလိုက်တဲ့လူပဲ...!"

ဆော့ဂျင် ပြောလိုက်သော်လည်း ဂျီမင်ဘက်မှ ဘာမှမတုံ့ပြန်လာသည်မို့ မျက်မှောင်ကျုံ့လိုက်သည်။

"ဂျီမင်... ငါပြောနေတာရော ကြားရဲ့လား...?"

ဆော့ဂျင်တစ်ယောက် သူငယ်ချင်းဖြစ်သူကို စိတ်မရှည်စွာ မေးလိုက်မိသည်။

"အေး... ကြားတယ်..." ဂျီမင်က ဝိုင်ကို ခပ်ဖြေးဖြေးသောက်ရင်း အဖြေပြန်ပေး၏။

"မင်းက ငါ့ကို ဘယ်လိုတုံ့ပြန်စေချင်တာလဲ... ငါမင်းကို အစတည်းက ပြောသားပဲမလား... ကိုယ်စားလှယ်ဂျွန်က အဲ့လူပါဆိုတာကို... ဒါပေမယ့် မင်းက ဘူးခံငြင်းတယ်လေ... အဲ့တော့ မင်း ငါ့ဆီက အဖြေကိုကြားချင်တယ်ဆိုရင်တော့... ငါမအံ့သြဘူးလို့ ဖြေရမှာပဲ..."

ဂျီမင်ရဲ့ စကားအပေါ် ဆော့ဂျင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဂျီမင်ပြောတာ မမှားပေ။ ဂျီမင်သည် အစတည်းက ဂျွန်ဂျောင်ကုဟု ထင်ကြေးပေးခဲ့သည်မဟုတ်လား။ သူကသာ အတန်တန်ငြင်းနေခဲ့တာ။ ဆော့ဂျင် ကိုယ့်ကိုကိုယ် သတိကပ်လိုက်ရင်း...

Perfect Flaws ✔️Wo Geschichten leben. Entdecke jetzt