Chapter 35

1.8K 214 8
                                    


(Unicode)

တစ်လကြာမြင့်ပြီးနောက်...။

ဌာနထဲသို့ ဝင်လာသော ယွန်းဂီက ဂျောင်ကုရဲ့ အလုပ်စားပွဲပေါ်သို့ စာရွက်စာတမ်းများကို ခပ်သာသာ ပစ်ချလာသည်။

"အခုဆို ဇိမ်ခံကွန်ဒိုမီနီယမ်တွေရဲ့ Pre-selling (အကြိုအရောင်းပြပွဲ) လည်း စတော့မယ်... ဒီတစ်ခေါက် မီလန်နီယမ်နဲ့ ပေါင်းလုပ်တဲ့ ပရောဂျက်က လုံးဝ အားရစရာပဲ... ပြီးတော့ အခုတစ်ခေါက် ယူနစ်တွေက လုံးဝဇိမ်ခံအမိုက်စားယူနစ်တွေ...! သူတို့ရဲ့ Construction (ဆောက်လုပ်ရေးလုပ်ငန်း) တွေ စလုပ်တဲ့အထိတောင် ငါ မစောင့်နိုင်တော့ဘူး... ငါ ထင်တာတော့ သူတို့ ပရောဂျက်ကို အခုလာမယ့် ၁၆ ရက်နေ့ကျရင် ကြေညာလိမ့်မယ်ထင်တယ်..."

ယွန်းဂီက စိတ်အားထက်သန်စွာ ပြောရင်းဆိုရင်းဖြင့် ဂျောင်ကုရဲ့ စားပွဲအစွန်းတွင် လာထိုင်လေသည်။ ဂျောင်ကုကတော့ အနှီသူ ပေးလာသော စာရွက်စာတမ်းများကို လှန်လှောကြည့်နေလိုက်သည်။

ထို့နောက် ဂျောင်ကု ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး စာရွက်စာတမ်းများကို စားပွဲပေါ် ပြန်တင်ကာ လက်တော့ပ်ကို ဖွင့်လိုက်သည်။

"အဲ့တော့ ငါတို့ RFO ထက် ဒီပရောဂျက်ကို ပိုအာရုံစိုက်ရမှာပေါ့..."

[Note : RFO - Ready For Occupancy ကို ဆိုလိုခြင်းဖြစ်သည်။ Real Estate ဟုခေါ်သည့် အိမ်ခြံမြေလုပ်ငန်းများတွင် RFO သည် အကုန်အချောသတ်ပြီးသော တိုက်ခန်းကွန်ဒိုယူနစ်များကို ဆိုလိုခြင်းဖြစ်သည်။ ငွေချေပြီးသည်နှင့် အဆင်သင့် ပြောင်းရွေ့နေထိုင်လို့ရသော ကွန်ဒိုများဖြစ်သည်။ Pre-selling သည် အကြမ်းထည်အိမ်ခန်းများ၊ သို့မဟုတ် ဆောက်လုပ်ရေး မစရသေးသော်လည်း အရောင်းပြပွဲများကျင်းပ၍ ကြိုတင် ဝယ်ယူကာ ရင်းနှီးမြှုပ်နှံထားနိုင်သော တိုက်ခန်းကွန်ဒိုများကို ဆိုလိုခြင်းဖြစ်သည်။]

ထိုအခါ ယွန်းဂီက စာရွက်များကို လိပ်ကာ ဂျောင်ကုရဲ့ ပခုံးပေါ်သို့ ရိုက်လာလေသည်။

"မင်း ဘာကိုမှ သေချာမဖတ်တာ သိသာတယ်... အခု ပရောဂျက်အတွက် ဒီနေ့နေ့လည်ကျရင် ဌာနတွင်းအစည်းအဝေးရှိတယ်... အဲ့ဒီကွန်ဒိုယူနစ်တွေအတွက် ကင်ထယ်ယောင်းက အဖွဲ့သစ်တစ်ခု ထပ်ဖွဲ့လိမ့်မယ်..."

Perfect Flaws ✔️Where stories live. Discover now