Chapter 50 | M

2.9K 198 4
                                    


* Mature Content Warning *

(Unicode)

"စောနားက ကိစ္စအတွက် ကိုယ် တောင်းပန်ပါတယ်..."

အိမ်အပြန်တွင် ဝယ်လာသော စားစရာများကို ဂျောင်ကု စားပွဲပေါ်သို့ တင်လိုက်ရင်းမှ ပြောလိုက်သည်။

တစ်နေကုန် အပြင်ထွက်ခဲ့ရသည်မို့ ပင်ပန်းသွားပုံပေါ်သည် ဆော့ဂျင်သည် ဆိုဖာပေါ်သို့ ပစ်လှဲလိုက်လေသည်။

"အဲ့ကိစ္စကို စိတ်ထဲ မထားပါနဲ့... ငါက သူ့ထက်တောင် ပိုပြီး ဆိုးပါသေးတယ်... သူ့ကို ဂျီမင်နဲ့သာ ပေးတွေ့လိုက်ချင်တယ်... ဂျီမင်က ပါးစပ်တင်မဟုတ်ဘူး လက်ပါ,ပါတတ်တာ... ဂျီမင်သာဆိုရင် အဲ့ဒီကောင်ရဲ့ နှာခေါင်းရိုးကို ကျိုးသွားအောင် ထိုးပစ်လောက်တယ်..."

ဆိုဖာပေါ်တွင် လှဲကာ လက်ကို လေထဲ ဆန့်တန်းရင်း ပြောလာသော ဆော့ဂျင်ရဲ့ ပုံစံလေးကြောင့် ဂျောင်ကု ရယ်မိလေသည်။ စောနားက ဟိုဆော့ ပြောသွားခဲ့သော သူ့ရဲ့ ခပ်စုတ်စုတ် ဆိုဖာလေးပေါ်တွင် သက်တောင့်သက်သာ လှဲအိပ်နေသော ဆော့ဂျင်သည် မျက်လုံးများ မှေးစင်းလာလေ၏။ ကြည့်ရသည်မှာ ဒီနေ့အဖို့ တော်တော် ပင်ပန်းသွားပုံပေါ်လေသည်။

"ဟင်းချက်ချင်သေးလား... ဒါမဟုတ်လည်း ညစာအတွက် အသင့်စား ခေါက်ဆွဲပဲ စားကြရအောင်လား..."

ဂျောင်ကု မေးလိုက်သောအခါ မှိတ်ထားသော ဆော့ဂျင်ရဲ့ မျက်လုံးတောက်တောက်လေးများက အလျင်အမြန် ပြန်ပွင့်လာ၏။

"အင်း... စားချင်တယ်... ခေါက်ဆွဲထဲကို ကြက်ဥနဲ့ ကြက်သွန်မြိတ်ထည့်ပေးလို့ ရမလား..."

ဆော့ဂျင်က စားချင်သည်များကို တောင်းဆိုပြီးနောက် မျက်လုံးများ ပြန်မှိတ်သွားလေ၏။

ဂျောင်ကုလည်း ဆော့ဂျင် စားချင်သည့်အတိုင်း ခေါက်ဆွဲကို ပြင်ဆင်လိုက်သည်။ ဆော့ဂျင်က အစားအသောက်တိုင်းကို ကြိုက်နှစ်သက်သူပီပီ အသင့်စား ခေါက်ဆွဲကိုတောင် အထူးတလည်ဖြစ်နေမှ သဘောကျတတ်သူဖြစ်သည်။ ပဲခေါက်ဆွဲဆိုလည်း steak ပါမှ စားချင်လေသည်။ ရာမြောန်ခေါက်ဆွဲဆိုလည်း အပေါ်က ချိစ်ပါမှ စားချင်လေသည်။ သို့မဟုတ်လည်း ယခုလိုမျိုး ကြက်ဥနှင့် ကြက်သွန်မြိတ်ထည့်ပေးရန် တောင်းဆိုတတ်လေသည်။ အနှီသူက ဘာကို ကြိုက်တတ်ပြီး၊ ဘာကို သဘာမကျတတ်မှန်း ဂျောင်ကု တော်တော်လေး မှတ်မိလာလေပြီဖြစ်သည်။

Perfect Flaws ✔️Where stories live. Discover now