(Unicode)ဂျောင်ကုတစ်ယောက် မျက်လုံးများကို ဖြေးညင်းစွာ ဖွင့်ကြည့်မိသည်။ ခန်းဆီးမှတဆင့် ဖြာဆင်းကျနေသော နေရောင်ခြည်ကြောင့် မိုးစင်စင်လင်းနေပြီဖြစ်သည်။ ယနေ့နံနက်ခင်းသည် ဂျောင်ကုအတွက် ထူးခြားလေသည်။ ပုံမှန်အိပ်ယာမှ နိုးထခြင်းမျိုးမဟုတ်ပဲ တက်ကြွစွာဖြင့် စိတ်ရွှင်လန်းနေ၏။
မနေ့ညသည် ဂျောင်ကုရဲ့ဘဝတွင် အကောင်းဆုံးသောညတစ်ညဖြစ်သည်။ ဆော့ဂျင်ဘက်မှ သူ့အား ယုံယုံကြည်ကြည်နှင့် ပေးခဲ့သည်မို့ ဂျောင်ကု ဝမ်းလည်းဝမ်းသာမိသလို တန်ဖိုးလည်းထားမိလေသည်။
ဂျောင်ကု အသာအယာပြုံးလိုက်ရင်း နံဘေးဆီသို့ လှည့်ကြည့်မိတော့ လစ်ဟာနေသော အိပ်ယာခင်းကိုသာ တွေ့လိုက်ရသည်။ ဆော့ဂျင် ရှိမနေတော့။ ဂျောင်ကုတစ်ယောက် အိပ်ယာပေါ်မှ အလျင်အမြန် ကုန်းရုန်းထမိလိုက်သည်။ ဆော့ဂျင် ဘယ်များရောက်သွားသည်လဲ။ သူ့နားမှ ထွက်သွားသည်လား။ သူ့ကို ထားခဲ့လေပြီလား။ မနေ့ညက သူ့ထံတွင် ဆုံးရှုံးခံလိုက်မိသည်ကိုများ နောင်တရသွားပြီလား။ သူ အရမ်းများ ကြမ်းမိသွားလို့လား။ ဒါမှမဟုတ် သူ လုပ်ပေးခဲ့တာများ မကောင်းလို့လား။ ဂျောင်ကုရဲ့ ဦးနှောက်ထဲ အတွေးမျိုးစုံဖြင့် ရူးချင်လာလေသည်။
အောက်ခံဘောင်းဘီတိုကို မြန်မြန်ကောက်ဝတ်လိုက်ပြီးနောက် ဂျောင်ကု အိပ်ခန်းထဲမှ ကသောကမျော ထွက်လာခဲ့သည်။ အခန်းပြင်သို့ ထွက်လာသည့်အခါ ထမင်းစားခန်းတွင် သူ့အား ကျောပေးရင်း တစ်ခုခုကို ပြင်ဆင်နေပုံရသော ဆော့ဂျင်ကို မြင်လိုက်ရသည်မို့ ဂျောင်ကုတစ်ယောက် အောင့်ထားမိသော အသက်ရှူမှုများကို ခပ်ဖြေးဖြေး မှုတ်ထုတ်လိုက်မိတော့သည်။ ဂျောင်ကုရဲ့ Oversized Hoodie အပြာရောင်လေးကို ဝတ်ထားသော ဆော့ဂျင်သည် နံနက်စာကို ပြင်ဆင်နေပုံရလေသည်။
ကျောပေးထားရာမှ လှည့်လာသော ဆော့ဂျင်က ဂျောင်ကုအား မြင်သောအခါ ရွှင်မြူးစွာ ပြုံးပြရင်းဖြင့် နှုတ်ဆက်လာလေသည်။
"မောနင်း..."
ဆော့ဂျင်ထံသို့ ဂျောင်ကု ခြေလှမ်းကြဲကြဲများဖြင့် အမြန်လျှောက်သွားလိုက်ပြီး အနှီသူအား ခပ်တင်းတင်း ပွေ့ဖက်လိုက်သည်။ သူရဲ့ ရုတ်တရက် အပြုအမူများကြောင့် ဆော့ဂျင် လန့်သွားမှန်း ဂျောင်ကု သိလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသော ဆော့ဂျင်ရဲ့ စိတ်ထဲတွင် ဂျောင်ကုတစ်ယောက် ဘာများဖြစ်လို့ပါလိမ့်ဟု စဉ်းစားနေလောက်မည်။
![](https://img.wattpad.com/cover/287338196-288-k445184.jpg)
YOU ARE READING
Perfect Flaws ✔️
General FictionStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]