Chapter 49

2.1K 227 10
                                    


(Unicode)

ဒီတစ်ပတ်ပိတ်ရက်အတွက် ဂျောင်ကု စိတ်လှုပ်ရှားနေမိသည်။ နောက်ဆုံးတော့ ဂျောင်ကုအတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်နိုင်သည့်အပြင် ထိုအိမ်လေးအတွက် လိုအပ်သော ပစ္စည်းပစ္စယာနှင့် ပရိဘောဂများကို ဆော့ဂျင်နှင့်အတူ လိုက်ကြည့်ရန် ဆုံးဖြတ်ထားလေသည်။

"ရိုးရိုးရှင်းရှင်းမျိုးကို သဘောကျတာလား... ဒါမှမဟုတ် ပရိဘောဂအများကြီး ထည့်ရတာကို သဘောကျတာလား... ပြီးတော့ ဘယ်လို အရောင်မျိုးကို တွဲပြီးထားချင်လဲ..."

နံဘေးနားမှ ဆော့ဂျင်သည်လည်း ဂျောင်ကုနှင့်နည်းတူ တက်ကြွနေ၏။ သူတို့နှစ်ယောက်သည် ပရိဘောဂ အသုံးအဆောင်ပစ္စည်းများ ရောင်းချသောဆိုင်ထဲတွင် သူတို့၏ အိမ်သစ်လေးအတွက် လိုအပ်သည်များကို လိုက်လံကြည့်ရှုနေကြသည်။ ဟုတ်သည်။ သူတို့နှစ်ဦး၏ အိမ်သစ်လေး ဖြစ်သည်။

"မီးခိုးရောင်ရယ်၊ အဖြူရောင်ရယ်၊ ပြီးတော့ အပြာဖျော့ရောင်လေးရယ်ဆို အဆင်ပြေလား...?"

ဂျောင်ကုက များသောအားဖြင့် အမှောင်ဘက်သို့သွားသော ခပ်မှိုင်းမှိုင်းအရောင်များကို သဘောကျတတ်လေသည်။ သို့သော် ဆော့ဂျင်က ဖြူဖျော့သော pastel အရောင်လေးများကို နှစ်သက်သည်မို့ ယခုတွဲဖက်ထားသည့် အရောင်များသည် အနှီသူအတွက်ပါ အဆင်ပြေမည်ဟု ဂျောင်ကု မျှော်လင့်မိသည်။

"အဆင်ပြေပါတယ်... အဲ့လိုဒီဇိုင်းမျိုးကို ငါ မြင်ဖူးတယ်... တော်တော်လေးလည်း လှတယ်... အဲ့မှာ အဝါဖျော့လေးတောင် ဖောက်ထားသေးတယ်... မင်း သဘောကျတဲ့ ဘာအရောင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်... မင်းရဲ့ အိမ်လေးပဲလေ..."

သူဟာ ဆော့ဂျင်နှင့်ရော အမှန်တကယ် ထိုက်တန်ရဲ့လား။ ဂျောင်ကု တစ်ခါတစ်ရံ မေးခွန်းထုတ်ကြည့်မိ၏။ ဆော့ဂျင်သည် သူ့အပေါ် ကောင်းလွန်းသည်။ အနှီသူသည် သူ့ရဲ့ သဘောထားနှင့် ထင်မြင်ချက်များကို အမြဲတမ်း အလေးအနက်ထား နားထောင်ပေးတတ်ပြီး တန်ဖိုးထားတတ်သည့်အပြင် အားပေးအားမြှောက်လည်း ပြုတတ်သော သူတစ်ယောက်ဖြစ်သည်။

Perfect Flaws ✔️Where stories live. Discover now