Chapter 43 | M

3.7K 233 14
                                    


* Mature Content Warning *

(Unicode)

ရှပ်အင်္ကျီထဲသို့ လျှိုဝင်လာသော ဂျောင်ကုရဲ့လက်များသည် ဆော့ဂျင်ရဲ့ ခန္ဓာကိုယ်အနှံ့ကို ထိတွေ့ပွတ်သပ်နေ၏။ တစ်ခါမှ မခံစားဖူးသော အထိအတွေ့အာရုံများကြောင့် ဆော့ဂျင် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်မိသည်။

ဂျောင်ကုက အနမ်းများကို ခဏရပ်တန့်လိုက်ပြီး အင်္ကျီနှင့်တစ်ပါတည်း ဘောင်းဘီကိုပါ ဆွဲချွတ်လိုက်လေသည်။ အတွင်းခံဘောင်းဘီ တစ်ထည်တည်းသာ ကပ်နေသော ဂျောင်ကုရဲ့ ဗလာကျင်းနေသည့်ခန္ဓာကိုယ်ကြောင့် ဆော့ဂျင် သိမ့်ခနဲဖြစ်သွားရသည်။ ထို့နောက် ဂျောင်ကုက ဆော့ဂျင်ရဲ့ နှုတ်ခမ်းများအား ဆွဲယူနမ်းရှိုက်လာသည်မို့ ဆော့ဂျင်လည်း မျက်လုံးများကို မှိတ်ထားလိုက်မိသည်။ သူ့လက်ချောင်းများသည်လည်း အနှီသူရဲ့ ဝမ်းဗိုက်ကြွက်သားများပေါ်သို့ သွားရောက်ပွတ်သပ်နေမိသည်။

ဂျောင်ကုက ဆော့ဂျင်ရဲ့ ရှပ်အင်္ကျီကြယ်သီးများကို ဖြုတ်ကာ ခန္ဓာကိုယ်မှ ဖယ်ရှားလိုက်လေသည်။ ဂျောင်ကုရဲ့ လက်ချောင်းများက နှင်းကဲ့သို့ နူးညံ့ချောမွတ်နေသော ဆော့ဂျင်၏ အပေါ်ပိုင်းခန္ဓာကိုယ်အစိတ်အပိုင်းများမှတဆင့် ဘောင်းဘီနားသို့ ဆင်းသက်သွားသည်။ ထို့နောက် ဆော့ဂျင်ရဲ့ ဘောင်းဘီအား ဆွဲချွတ်လိုက်သည်မို့ ဆော့ဂျင် လန့်သွားရသည်။

ဆော့ဂျင် ရှက်လည်းရှက်သလို စိတ်လည်း လှုပ်ရှားနေမိသည်။ ရှက်သည်မှာ သူ့အတွင်းခံဘောင်းဘီထဲမှ တက်ကြွနေမှုသည် အထင်သားပေါ်နေသောကြောင့်ဖြစ်ပြီး စိတ်လှုပ်ရှားသည်မှာတော့ ယခုလိုအခြေအနေမျိုးသည် သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင်။ ဂျောင်ကုရဲ့ အထိအတွေ့များအား ဆော့ဂျင် ပိုလိုချင်လာသကဲ့သို့ အနှီသူသည်လည်း အောက်ပိုင်းမှ တင်းမာနေမှုအပေါ် ဖုံးမရဖိမရ ဖြစ်နေလေသည်။ ဂျောင်ကုက သူ့အောက်ပိုင်းကို ကြည့်နေမို့ ဆော့ဂျင်တစ်ယောက် ရှက်ရှက်နှင့်သာ နံရံကို မျက်နှာမူထားမိတော့သည်။

ထိုအခါ ဆော့ဂျင်ရဲ့ အရှက်သည်းမှုအပေါ် သဘောကျနေသော ဂျောင်ကုက ခပ်ပြုံးပြုံးဖြင့် ကြည့်လာသည်။ ဂျောင်ကု ရှေ့တွင် ပါးပြင်နှစ်ဖက် သွေးရောင်လွှမ်းနေသော ဆော့ဂျင်သည် နီဆွေးနေသော နှင်းဆီဖူးလေးသဖွယ်။ ရှက်နေသည့်ပုံစံလေးကြောင့် ပိုပြီး ဆွဲဆောင်မှုရှိနေလေသည်။

Perfect Flaws ✔️Dove le storie prendono vita. Scoprilo ora