(Unicode)လက်နှစ်ဖက်ကို အားပြုကာ ထောက်ထားရင်း အပေါ်မှ အုပ်မိုးလာသော ဂျောင်ကုသည် ဆော့ဂျင်ရဲ့ မျက်ဝန်းများအား မမှိတ်မသုန် စိုက်ကြည့်လေသည်။ ထို့နောက် ဆော့ဂျင်ရဲ့ နဖူးပြင်ထက်မှ ဝေ့ဝဲကျနေသော ဆံပင်များကို လက်ချောင်းများဖြင့် အသာအယာ သပ်တင်ပေးလာသည်။
ထိုမှတဆင့် ဂျောင်ကုရဲ့ လက်ချောင်းများက ဆော့ဂျင်ရဲ့ အင်္ကျီကြယ်သီးများပေါ်သို့ ရောက်လာလေသည်။ တစ်လုံးချင်းစီ ဖြေးညှင်းစွာ ဖြုတ်နေသော ဂျောင်ကုရဲ့ လက်များသည် သုံးလုံးမြောက်တွင် ရပ်တန့်သွားပြီး ပခုံးများပေါ်အောင် အင်္ကျီကို ဘေးသို့ အသာအယာ ဆွဲချွတ်လိုက်သည်။ လှစ်ဟသွားသော သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများအား မြင်လိုက်ရသောအခါ ဂျောင်ကုက ပင့်သက်ကိုရှိုက်ရင်း အသံတိတ် ကျိန်ဆဲလိုက်မှန်း ဆော့ဂျင် သတိထားမိလိုက်သည်။ အနှီသူ ဘာပြောလိုက်မှန်းမသိသော်လည်း သေချာသည်ကတော့ သူ့ခန္ဓာကိုယ်အား စိုက်ကြည့်လာသော ဂျောင်ကုရဲ့ မျက်ဝန်းများထဲတွင် ရမ္မက်ဆန်သည့် အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။
ဂျောင်ကုရဲ့ တောင့်တင်းသော ရင်အုပ်များက ဆော့ဂျင်ရဲ့ ရင်ဘတ်ပေါ်သို့ ဖိကပ်လာသည်။ ထို့အပြင် အနှီသူရဲ့ အောက်ပိုင်းမှ တင်းမာနေသောအရာက ဆော့ဂျင်ရဲ့ ပေါင်ကို လာပွတ်တိုက်သွားသည်။ ဆော့ဂျင်ရဲ့ နှုတ်ခမ်းများကို စုပ်ယူနမ်းရှိုက်နေရာမှ အနမ်းများက မေးရိုးများဆီသို့ ကူးပြောင်းလာသည်။ ထိုမှတဆင့် ဆော့ဂျင်ရဲ့ လည်တိုင်နှင့် ညှပ်ရိုးများဆီသို့ တဖြည်းဖြည်း ဆင်းသက်လာသည်။ ဆော့ဂျင် အသံထွက် သည်းညူချင်စိတ်များကို ထိန်းချုပ်ထားရသည်။ ဂျောင်ကုရဲ့ အထိအတွေ့များအောက် အရှုံးပေးချင်လောက်အောင် ဆော့ဂျင် ပျော့ညံ့လာသည်။ ဂျောင်ကုရဲ့ လက်ထဲမှ ရုန်းထွက်ဖို့ရန် မေ့လျောသွားသည်အထိပင် ဆော့ဂျင် အားနည်းလာလေ၏။
သူ မလုပ်သင့်ဘူး...။ ဒါဟာ မဖြစ်သင့်ဘူးမလား...။
ဂျင်... သတိကပ်စမ်း...။
ဂျောင်ကုရဲ့အနမ်းများက သူ့အပေါ် ထပ်မံ မကျရောက်လာသောအခါ ဆော့ဂျင် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ဂျောင်ကုက လုပ်နေသမျှကို ရပ်တန့်လိုက်သည်။ သူ့မျက်နှာနှင့် နီးကပ်နေသော ဂျောင်ကုရဲ့ မျက်နှာကို ဆော့ဂျင် ငေးကြည့်နေမိသည်။ ဂျောင်ကုက မျက်လုံးများကို တင်းကျပ်စွာ စုံမှိတ်လိုက်ရင်း ဆော့ဂျင်အပေါ်မှ ဖယ်ခွာသွားပြီး နံဘေးသို့ လှဲချလိုက်သည်။
YOU ARE READING
Perfect Flaws ✔️
General FictionStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]