Chapter 25

1.8K 231 17
                                    


(Unicode)

နေ့လည်တွင် ချိန်းထားသော Client နှင့် သွားတွေ့ရန် ပြင်ဆင်နေသည်အထိ ကင်ဆော့ဂျင်နှင့် ကင်ထယ်ယောင်း ပြန်မရောက်လာသေးသောကြောင့် ဂျောင်ကုရဲ့ စိတ်များ ဂနာမငြိမ်ဖြစ်လာရသည်။ အနှီသူကျတော့ ကြိုက်တဲ့သူနဲ့ ဒိတ်ခွင့်ရှိပြီး သူကျတော့ မရပေ။ နှစ်ဦးနှစ်ဖက် သဘောတူထားသည့် ဒီဆက်ဆံရေးတွင် အနှီသူဘက်မှသာ ပြောပိုင်ခွင့်ရှိပြီး သူကျတော့ ငြင်းဆိုပိုင်ခွင့် မရှိပေ။ ဒါက လုံးဝ မတရားဘူးမလား။

ဂျောင်ကု ချိန်းဆိုထားသော ကော်ဖီဆိုင်ထဲသို့ ဝင်လာပြီး Client ကို စောင့်နေလိုက်သည်။ ဆိုင်ရဲ့ ထောင့်ကျသော နေရာတွင် ထိုင်ပြီး စားပွဲပေါ်သို့ Laptop နှင့် လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်နေခိုက် သူ့ဖုန်းဆီမှ အသံမြည်လာလေသည်။ မက်ဆေ့ချ်စာစောင် ရောက်နေခြင်းဖြစ်သည်။

KSJ : မင်း ဒီမှာ ဘာလုပ်နေတာလဲ...?

မက်ဆေ့ချ်ကို ဖတ်ပြီး ဂျောင်ကု မျက်လုံးများကို လှန်လိုက်ရင်း စားပွဲပေါ်သို့ ဖုန်းကို ပြန်တင်လိုက်သည်။ အနှီသူရဲ့ အဓိပ္ပါယ်မရှိသည့် မေးခွန်းအား ပြန်ဖြေဖို့ သူ့မှာ အချိန်မရှိပေ။ ထိုအခါ ဆိုင်ရဲ့ အခြားတစ်ဖက် စားပွဲဝိုင်းမှာ ဒိတ်လုပ်နေသော ကင်ဆော့ဂျင်တစ်ယောက် သူ့အား မျက်လုံးစိမ်းများဖြင့် စူးရဲစွာစိုက်ကြည့်လာသည်ကို ဂျောင်ကု လှမ်းမြင်လိုက်သည်။

ငါက ဒီကို တကယ့်အလုပ်သဘောရ ဆွေးနွေးစရာရှိလို့ ရောက်လာတာ... မင်းလို မဟုတ်ဘူး...။

ဒီစကားကို ဂျောင်ကု ပြောပစ်လိုက်ချင်သော်လည်း မသိချင်ယောင်ဆောင်ထားလိုက်သည်။ ပိုစိတ်တိုသွားတော့လည်း ကောင်းတာပေါ့။ ကင်ဆော့ဂျင်နဲ့ အခုလို တစ်ဆိုင်တည်းမှာ သွားတိုးလိမ့်မည်ဟု ဂျောင်ကု ကိုယ်တိုင်လည်း မထင်ထားပေ။

နောက်ဆုံးတော့ ဂျောင်ကုရဲ့ Client ရောက်လာခဲ့သည်။ အာရာ ဟုအမည်ရသော ထိုမိန်ခလေးသည် ငယ်လည်းငယ်ရွယ်သလို ဆွဲဆောင်မှုလည်း ရှိလေသည်။ ပြီးတော့ အနည်းငယ်လည်း ရဲတင်းသည်မို့ ဂျောင်ကု စိတ်ထဲ ကြိတ်ဝမ်းသာမိ၏။ သူ့အား ဘာမလုပ်ရ၊ ညာမလုပ်ရဖြင့် လိုက်အမိန့်ပေးနေသော ကင်ဆော့ဂျင်ကို ပြရသေးတာပေါ့။

Perfect Flaws ✔️Waar verhalen tot leven komen. Ontdek het nu