Chapter 7

1.7K 227 10
                                    


(Unicode)

"ဂျင်... ဟိုမှာ မင်းနမ်းလိုက်တဲ့တစ်ယောက်မလား..."

ဂျီမင်သည် ဆော့ဂျင်ကား၏ ဘက်မှန်မှ လှမ်းကြည့်ရင်း မေးလာသည်။ ဂျီမင်ရဲ့ စကားကြောင့် ဆော့ဂျင်လည်း တစ်ချက်လှမ်းကြည့်လိုက်ရင်း ခေါင်းညိတ်လိုက်သည်။

"အင်း... ဟုတ်မှာပေါ့..."

"သူ မင်းကို လိုက်ရှာနေတာ ထင်တယ်..."

ဂျီမင်က ကားဘက်မှန်ကိုသာ မလွတ်တမ်း စိုက်ကြည့်နေသည်မှာ ကားထဲမှပင် ထွက်တော့မတတ်။

ဆော့ဂျင် ကားစက်ကို အမြန်နိုးလိုက်ပြီး ကလပ်ဝင်းထဲမှ မောင်းထွက်လာခဲ့သည်။ နမ်ဂျွန်းတစ်ယောက် ဒီထက်ပိုပြီး လိုက်နှောင့်ယှက်မည်ကို သူ မလိုချင်တော့။ တိုက်ခန်းကိုသာ အမြန်ပြန်ပြီး ဂျီမင်အတူ အရက်သောက်သည်ကမှ ပိုကောင်းအုံးပေမည်။ ဘယ်သူ့မှလည်း ဂရုစိုက်စရာမလိုသလို၊ ကင်နမ်ဂျွန်းလည်း မနှောင့်ယှက်နိုင်တော့။

"ဘာလို့ ငါ့ကို လိုက်ရှာနေရမှာလဲ... သူ့ကိုနမ်းမိလို့ နစ်နာကြေး လိုက်တောင်းတာတော့ မဖြစ်နိုင်ပါဘူး... Infinity မှာ လာထိုင်တည်းက သေချာပေါက် ပိုက်ဆံလိုချင်တဲ့သူလည်း မဟုတ်လောက်ပါဘူး..."

ဆော့ဂျင် အေးအေးလူလူဖြင့်သာ ဖြေလိုက်သည်။

"မင်းနာမည်ကို သိချင်လို့များလား... ဒါနဲ့ မင်း သိလား... အဲ့လူက တော်တော် ကြည့်ကောင်းတာနော်... မင်း တကယ့်လူချောကိုမှ သွားရွေးနမ်းတာပဲ..."

ဂျီမင်သည် စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် မျက်လုံးများက တောက်ပနေ၏။

"ဟုတ်လား...? သူကြည့်ကောင်းလား၊ မကောင်းလားတောင် ငါ မသိလိုက်ပါဘူး... ယုံချင်ယုံ မယုံချင်နေ... ငါ သူ့မျက်နှာတောင် သေချာမကြည့်မိလိုက်ဘူး... ဒီတိုင်း တွေ့တဲ့သူကို ကောက်ဆွဲနမ်းလိုက်တာ..."

ဆော့ဂျင် ဝန်ခံလိုက်၏။ ထိုစဉ်က သူ့ဦးနှောက်ထဲတွင် ကြာကြာမတွေးနိုင်လောက်အောင် ပူထူနေခဲ့သည်။ ထို့ကြောင့် အတွေးပေါ်လာသည်နှင့် အနားတွင်ရှိသောသူအား ကောက်ကာငင်ကာ နမ်းမိလေခြင်းဖြစ်သည်။ ဂျီမင်ပြောသလို ချောလား၊မချောလားပင် သူ မရွေးနိုင်။

Perfect Flaws ✔️Hikayelerin yaşadığı yer. Şimdi keşfedin