Chapter 3

1.8K 232 3
                                    


(Unicode)

"မင်းအဲ့လို ရူးရူးမိုက်မိုက်တွေ လုပ်လိုက်မယ်လို့ ငါမထင်ထားဘူး ဂျောင်ကု..."

မင်ယွန်းဂီသည် တန်ဖိုးကြီးလက်ဝတ်ရတနာများအား ရောင်းချသည့်ဆိုင်ထဲသို့ ဝင်လာပြီးနောက် ခေါင်းကိုခါယမ်းရင်းပြောသည်။ ထို့နောက် မီးရောင်များထိုးထားသော အရောင်တလက်လက်ဖြာနေသည့် မှန်ဘောင်များထဲမှ လက်ဝတ်ရတနာများကို လိုက်ကြည့်နေသည်။ နောက်ဆုံးပေါ် ဒီဇိုင်းများအား ခင်းကျင်းထားသည့်နေရာသို့ ရောက်သောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ရွှေဖြူနှင့်စိန်ကို ရောစပ်ထားသော ဆွဲကြိုးလေးသည် ဆလိုက်မီးရောင်အောက်တွင် ကြယ်ကလေးသဖွယ် တောက်ပနေသည်။

တစ်နည်းအားဖြင့်တော့ ဟိုဆော့ လိုချင်နေခဲ့သော ဆွဲကြိုးလေး...။

"ဒါလေးက ဘယ်လောက်လဲ..."

ယွန်းဂီသည် ဆိုင်ဝန်ထမ်းကောင်မလေး ထုတ်ပြလာသော ထိုဆွဲကြိုးလေးကို တို့ထိကြည့်ရင်းမှ မေးလိုက်သည်။

"ဒေါ်လာ ၁၇၀၀ ပါ..."

လက်ထဲမှ ဆွဲကြိုးပင် ပြုတ်ကျမတတ်ဖြစ်သွားရ၏။ အနည်းဆုံး ဝမ်သိန်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါးရှိသည့် ထိုဆွဲကြိုးလေးကို တစ်ချက်ကြည့်ရင်း သူ့နံဘေးနားမှ ဂျောင်ကုကို စိုက်ကြည့်လိုက်၏။

"ဒါ ဘယ်လိုတောင်လဲ ဂျောင်ကု... မင်းတကယ်ပဲ ရူးနေပြီလား..."

ယွန်းဂီသည် မျက်မှောင်များကိုကျုံ့ရင်း ခပ်ကြိတ်ကြိတ်မေးလေသည်။ သူငယ်ချင်းဖြစ်သူ၏ မယုံကြည်နိုင်သည့် အကြည့်စူးစူးများအောက် ဂျောင်ကု နှုတ်ခမ်းများကို ဖိကိုက်ထားမိရင်း မြေကြီးထဲသို့သာ တိုးဝင်ပျောက်ကွယ်သွားချင်မိသည်။

"လုပ်ပါကွာ ယွန်းဂီရာ... ငါမင်းကို ပြန်ဆပ်မှာပါ..."

ဂျောင်ကု ယွန်းဂီကို အနူးအညွတ်တောင်းဆိုမိသည်။ ထိုအခါ အနှီသူက ခေါင်းများကို ခါယမ်းရင်း...

"ဒီဆွဲကြိုး ဈေးကြီးတာ၊မကြီးတာကို ငါ စိတ်မဝင်စားဘူး... ပိုက်ဆံကြောင့်မို့ ငါ ဒီစကားပြောနေတာမဟုတ်ဘူး... ငါပြောနေတာ မင်းရည်းစားဆိုတဲ့ကောင် ခြယ်လှယ်သမျှကို အရူးတစ်ယောက်လို လိုက်လုပ်နေတဲ့ မင်းကိုပြောတာ... ဘယ်ချိန်ထိတောင် နွားကျနေအုံးမှာလဲ..."

Perfect Flaws ✔️Hikayelerin yaşadığı yer. Şimdi keşfedin