Chapter 11

1.6K 234 11
                                    


(Unicode)

ပြီးခဲ့သောရက်သတ္တပတ်များသည် ဂျောင်ကုအတွက် ရိုလာကိုစတာစီးနေရသလိုပင်။ သို့သော် သူတစ်ယောက်တည်းတော့မဟုတ်။ သူတို့ဌာနတစ်ခုလုံး မန်နေဂျာချုပ်အသစ်ကြောင့် ကျွဲလိုနွားလို ကုန်းရုန်းလုပ်နေရလေသည်။ အနှီသူသည် ရောင်းအားပိုင်းနှင့်ပတ်သက်၍ စည်းကမ်းတင်းကြပ်ထားသောကြောင့် ကိုယ်စားလှယ်များအားလုံး 'အလုပ်မပြုတ်ဖို့အရေး ဒို့အရေး' ဖြစ်နေကြတော့သည်။

တစ်နေကုန် Client များအား အသည်းအသန်လိုက်ရှာကြရသည်။ ထို့နောက် အရောင်းအဝယ်ဖြစ်စေရန် ရှိရှိသမျှအစွမ်း အကုန်ထုတ်သုံးကာ ကြိုးစားကြရသည်။ တစ်လပင်မပြည့်သေးသော်လည်း သူတို့အားလုံး စိတ်ရောကိုယ်ပါ ဖွတ်ဖွတ်ညက်ညက်ကြေနေကြလေပြီ။

ဂျောင်ကုတစ်ယောက်လည်း ခုရက်ပိုင်းများအတွင်း ရုံး၌သိပ်မကပ်ဖြစ်။ ထို့ကြောင့်ပင် သူ့အနမ်းများအား ခိုးယူသွားပါသော အနှီသူကိုလည်း မတွေ့ဖြစ်ပေ။ မတွေ့ရလို့ လွမ်းနေသည်လားဆိုတော့... သူလည်း သေချာမရှင်းပြတတ်ပါ။ အနှီသူနှင့်ပတ်သက်ပြီး သူ့ကိုယ်သူ ဘယ်လိုခံစားချက်မျိုးရှိနေမှန်းပင် ဂျောင်ကုမသိ။ သို့သော် အနှီသူနှင့် နောက်တစ်ကြိမ် ထပ်ဆုံတွေ့ရန် သူ မျှော်လင့်နေမိသည်။

ကင်ဆော့ဂျင်...။

ထိုနေ့ညက ကလပ်အနှံ့လိုက်ရှာပြီး သိခွင့်ရရန် ကြိုးပမ်းခဲ့ရသော နာမည်လေးမှာ ကင်ဆော့ဂျင် ဟူ၍ဖြစ်သည်။ အသည်းအသန်လိုက်ရှာခဲ့ရသော ထိုနာမည်ပိုင်ရှင်သည် သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်ဟု ဘယ်သူကများ ထင်မည်နည်း။ သိချင်သော နာမည်လေးအား သိခွင့်ရသွားသည့်တိုင်အောင် အခြေအနေများသည် မထင်မှတ်ထားသော ရုပ်ရှင်တစ်ခုသဖွယ် မျက်လှည့်ဆန်လွန်းလှသည်။ အဆိုးဆုံးကတော့ ထိုသူသည် သူ့၏ အထက်လူကြီးဖြစ်နေခြင်းပင်။ တစ်ဌာနလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့်တိုင် ခန့်ညားခြင်းအပြည့်နှင့် အင်မတန် ချောမောကြည့်ကောင်းသော သူတို့၏ မန်နေဂျာချုပ်ဆိုလည်း မမှားပေ။

အနှီသူသည် ချောမောသည့်တိုင် စကားအပြောအဆိုကတော့ နူးညံ့ညင်သာခြင်းမရှိ။ ထိုနေ့က အစည်းအဝေးခန်းထဲမှ သူ့အား ပြောလာသောစကားများသည် ဂျောင်ကုအတွက် ပန်းနှင့်ပေါက်ရုံသာရှိသည်ဟုပြောလျှင် လိမ်ရာကျပေမည်။ ပြင်းထန်သော အနှီသူရဲ့ စွပ်စွဲချက်များအပေါ် ဂျောင်ကု သူ့ကိုယ်သူ တန်ဖိုးမရှိသည့်လူတစ်ယောက်လို့ပင် ခံစားမိလေသည်။ အမှန်တရားက ခါးသက်သည်ဆိုသော စကားအတိုင်းပင်။ သို့ပေမယ့် မှန်သည့်တိုင်အောင် တစ်ဖက်သားအပေါ် မပြောသင့်သည့် စကားမျိုးလည်းရှိသည်ကို အနှီသူ သိရောသိလေရဲ့လား။

Perfect Flaws ✔️Where stories live. Discover now