(Unicode)"CEOကင်မ်က ကိုယ့်ကို စိတ်ဆိုးသွားတယ်လို့ ထင်လား..."
ဂျောင်ကုက ရှပ်အင်္ကျီအစွန်းကို ဘောင်းဘီထဲသို့ သေချာပြန်ထိုးထည့်ရင်းမှ မေးလာသည်။
"သူ တကယ်စိတ်ဆိုးရင် ဘယ်လိုနေလဲဆိုတာ မင်း သိမှာပါ..."
ဆော့ဂျင်လည်း ဖရိုဖရဲဖြစ်နေသော ကိုယ့်အင်္ကျီကိုယ် သေသပ်အောင် ပြန်ပြင်လိုက်ရသည်။
"ပြီးတော့... စောနားက ကိစ္စနဲ့ပတ်သက်ပြီး အဖေက ဘယ်လိုမှနေမှာ မဟုတ်လောက်ပါဘူး... အရင်တုန်းက ငါ့ရဲ့ ဆိုးဆိုးရွားရွား သတင်းတွေနဲ့ယှဉ်ရင် ဒီလောက်ကတော့ သူ့အတွက် ဘာမှမဟုတ်ဘူး..."
ထိုအခါ ဂျောင်ကုက အခုမှ အသက်ရှူချောင်သွားတော့သည့်ပုံဖြင့် အသာပြုံးလာလေသည်။ စောနားက အဖြစ်အပျက်နှင့်ပတ်သက်၍ အနှီသူ ဘယ်လောက် စိုးရိမ်နေမှန်း ဆော့ဂျင် သိပါသည်။ ဟုတ်သည်လေ။ ကိုယ့်အလုပ်ရှင်ရဲ့သားနဲ့ ရုံးခန်းထဲမှာ နမ်းနေတာကို အလုပ်ရှင်ကိုယ်တိုင်မှ လက်ပူးလက်ကြပ်မိသွားသည့် အခြေအနေမျိုးတွင် ဘယ်သူကများ မစိုးရိမ်ပဲ နေနိုင်မည်နည်း။
သို့သော် ဆော့ဂျင်ရဲ့စကားကြောင့် အဖေဆူမှာကို ပူပန်နေရမည့်အစား သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးရယ်မိလိုက်ကြသည်။ စောနားက အဖြစ်အပျက်သည် ရှက်ဖို့ကောင်းသည့်တိုင်အောင် ရယ်ချင်စရာလည်းကောင်းနေပြန်သည်။ ကောင်းသည့်ဘက်မှ ကြည့်မည်ဆိုလျှင် ဂျောင်ကုလည်း သူ့ခံစားချက်များကို သိသွားသောကြောင့် ဆော့ဂျင် ကျေနပ်မိပါသည်။
"ဂျောင်ကု... စောနားက ငါ တွန်းမိလိုက်လို့ တောင်းပန်ပါတယ်... မင်း အဆင်ပြေရဲ့လား... နာနေတုန်းပဲမလား... ငါတို့ ဆေးခန်းသွားပြီး ကျောကို Check up လုပ်ကြည့်သင့်တယ်..."
ဆော့ဂျင် ပြောလိုက်သောအခါ ခါးပတ်ကို သေချာပြန်တပ်နေရာမှ ဂျောင်ကုက မော့ကြည့်လာသည်။
"ကိုယ် အဆင်ပြေပါတယ်... မင်းကြောင့် ကိုယ့်ကျောရိုးကြီး ကျိုးတော့မလိုဖြစ်သွားပေမယ့် ကိုယ် အဆင်ပြေပါတယ်..."
YOU ARE READING
Perfect Flaws ✔️
General FictionStart : 211006 End : 211203 Language : Myanmar [Unicode + Zawgyi]