Chapter 12

1.5K 225 3
                                    


(Unicode)

ဂျောင်ကုတစ်ယောက် သူ့အား စူးရဲစွာစိုက်ကြည့်နေသော မျက်ဝန်းလှလှလေးများအား တန်ပြန်စိုက်ကြည့်လိုက်ရင်း ခပ်ထေ့ထေ့ပြုံးလိုက်သည်။

"ကျွန်တော် ဘာကိုမှ ရည်ရွယ်ပြီး ဆိုလိုချင်တာမဟုတ်ပါဘူး မန်နေဂျာချုပ်ကင်မ်... ဒါပေမယ့် အနည်းဆုံးတော့ ကိုယ့်လက်အောက်ငယ်သား ဝန်ထမ်းတစ်ယောက်ကို ချိုချိုသာသာ စကားဆိုသင့်တယ်လို့မထင်ဘူးလား... အင်း... ဘယ်လိုပြောရမလဲ... ကျွန်တော့်နာမည်ကို ကိုကိုလို့ပေးရလောက်တဲ့အထိကို ချိုသာတဲ့စကားမျိုးပေါ့..."

ဂျောင်ကုရဲ့ စကားများကို ကင်ဆော့ဂျင်ဆိုတဲ့ အနှီသူသည် သဘောမပေါက်သေးသည့်ဟန်ဖြင့် ခပ်တွေတွေ စိုက်ကြည့်လာသည်။ ထို့နောက် တစ်ခုခုကို မြည်တွန်းတောက်တီးရန် နှုတ်ခမ်းဖူးဖူးများက ဒေါသတကြီး လှုပ်ရွလာတော့သည်။

"ခင်ဗျား ကျွန်တော့်အပေါ် မထီမဲ့မြင်လာလုပ်နေတာလား... ဘယ်ကကိုကို-"

ထိုသူသည် ရုတ်တရက် ပြောလက်စ စကားများကို ရပ်တန့်လိုက်ကာ ပြူးကျယ်ဝိုင်းစက်သော မျက်လုံးများဖြင့် ဂျောင်ကုအား စိုက်ကြည့်လာ၏။

နောက်ဆုံးတော့ သိသွားပြီပေါ့...။ ထိုနေ့ညက သူ့လက်မောင်းများအား အတင်းဖက်တွယ်ပြီး ရည်းစားပါ၊ ချစ်သူပါဟု တစ်ဖက်သတ်ပြောခံခဲ့ရတဲ့လူက ဂျွန်ဂျောင်ကုဆိုတာ နောက်ဆုံးတော့ သိသွားပြီမလား...။

ဂျောင်ကု တစ်ချက်အသံထွက်ရယ်လိုက်ရင်း လှောင်ပြုံးတစ်ခုကို ဆင်မြန်းထားလိုက်သည်။

"အဲ့ဒီညက အဖြစ်အပျက်တွေကို မေ့သွားပြီလား... မန်နေဂျာချုပ်ကင်မ်..."

ထိုအခါ ထိုသူ၏ လည်ဇလုတ်သည် တက်လိုက်ကျလိုက်ဖြင့် အလျင်အမြန်လှုပ်ရှားနေသည်ကို ဂျောင်ကု လှမ်းမြင်ရသည်။ အောက်နှုတ်ခမ်းဖျားတို့သည်လည်း တုန်ယင်နေသည့်ဟန်။ စကားပြောရန် နှုတ်ခမ်းများကို လှုပ်ရှားလိုက်သည့်တိုင်အောင် ဘာစကားမှမထွက်လာနိုင်သော အနေအထားဖြင့် ထိုနှုတ်ခမ်းဖူးဖူးများက ပိတ်လိုက်၊ဖွင့်လိုက်။ ကင်ဆော့ဂျင်ရဲ့ ထိတ်လန့်တုန်လှုပ်နေမှုကိုကြည့်ရင်း ဂျောင်ကု ပိုပြုံးချင်လာသည်။ ထိုသူ၏ လည်တိုင်နုနုနှင့် နားနှစ်ဖက်သည် တဖြည်းဖြည်းနှင့် နီမြန်းလာပြီး ပန်းရောင်သမ်းလာသော ပါးပြင်နှစ်ဖက်ကြောင့် တည်ငြိမ်ခန့်ညားမှုများမှ ကွဲထွက်ကာ တစ်မူထူးခြားနေသည်။ အင်း... ချစ်စရာကောင်းနေသည်ပေါ့။

Perfect Flaws ✔️Where stories live. Discover now