Chapter 28

1.7K 228 11
                                    


(Unicode)

"သူမှန်း ဘယ်လိုလုပ်သိတာလဲ..."

ဂျောင်ကုက ကော်ဖီကို သောက်နေရင်းမှ ဆော့ဂျင်အား မေးလာသည်။ ဂျောင်ကုကို ကြည့်ရသည်မှာ ဆော့ဂျင်နှင့် မျက်လုံးချင်းဆုံရန် ရှောင်လွှဲနေပုံပေါ်သည်။ ဟိုဆော့ ပြောခဲ့တာများနှင့်ပတ်သက်၍ ကိုယ့်ကိုကိုယ် ရှက်ရွံ့နေပုံရသည်။

"ငါ မင်းအိမ်ကို လာတုန်းက ဓာတ်ပုံတွေ့ခဲ့တယ်လေ..."

စောနားက အဖြစ်အပျက်များပြီးနောက် ဂျောင်ကုသည် ဆော့ဂျင်အတွက် တစ်မျိုးတစ်ဖုံ ထူးဆန်းစေသည်။ အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစွာဖြင့် ဆော့ဂျင်အား အထက်လူကြီးတစ်ယောက်ဟုပင် သဘောမထားပဲ ရဲရဲတင်းတင်း စကားဆိုတတ်သော ဂျောင်ကုသည် ယခုအခါကျ အနေအေးကာ အရှက်အကြောက်ကြီးသော ကောင်လေးတစ်ယောက်နှင့် ပိုတူနေသည်။ ဆော့ဂျင်သိခဲ့သော ဂျွန်ဂျောင်ကုများ ဟုတ်ပါရဲ့လား။

"မင်း အဆင်ပြေရဲ့လား ဂျောင်ကု... မင်းကို ကြည့်ရတာ စိတ်ပင်ပန်းနေသလိုပဲ..."

ထိုအခါ ဂျောင်ကုက အသာ ပြုံးပြလာသည်။ သို့တိုင်အောင် ဆော့ဂျင်ရဲ့ မျက်လုံးများကို ရှောင်ဖယ်နေသေးသည်။

"ဟိုဆော့က တစ်ဖက်သားကို မခံချင်အောင် စကားနိုင်လုတတ်တယ်... စောနားက သူ မင်းကို ပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ်..."

"သူ့ပုံစံက အဲ့လိုပုံစံမှန်း သိသာပါတယ်... ဒါပေမယ့် အဆင်ပြေပါတယ်... သူ ငါ့ကိုတော့ စကားနိုင်လုနိုင်မယ်မထင်ဘူး..."

ဆော့ဂျင် ရယ်မောရင်း ခပ်နောက်နောက် ပြောလိုက်သည်။ ဂျောင်ကုက အခုလိုဖြစ်နေတော့ ဆော့ဂျင်အတွက်လည်း စိတ်သက်သာရာမရပေ။ ထို့ကြောင့် ဂျောင်ကုအား သူ သက်တောင့်သက်သာ ဖြစ်စေချင်သည်။

"ဆောရီး... ငါ သူ့ကို အဲ့လိုပြောခဲ့မိလို့ တောင်းပန်ပါတယ်... စောနားက ငါ့ရဲ့စကားတွေကြောင့် မင်းရဲ့ခံစားချက်တွေကို ထိခိုက်သွားတယ်မလား..."

ရည်းစားဟောင်းဖြစ်သော ဟိုဆော့အပေါ် ဂျောင်ကု မပြတ်နိုင်သေးမှန်း ဆော့ဂျင် သိပါသည်။ ပွဲတုန်းက ဟိုဆော့အား မြင်လိုက်သည်နှင့် ဂျောင်ကု ဘယ်လောက်တောင် စိတ်လှုပ်ရှားနေမှန်း ဆော့ဂျင် သတိထားမိခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားပြီး အရည်လဲ့နေသော ဂျောင်ကုရဲ့မျက်လုံးများကို ဆော့ဂျင် ပြန်မြင်ယောင်မိသည်။ ဂျောင်ကုသာ အမှန်တကယ် ပြတ်သားနိုင်သည်ဆိုလျှင် ထိုကဲ့သို့ ဖြစ်စရာအကြောင်းမရှိပေ။ ဟိုဆော့သည် ယခုထိတိုင် ဂျောင်ကုအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်ကို ဆော့ဂျင် သတိထားမိပါသည်။

Perfect Flaws ✔️Where stories live. Discover now