Chapter (60)

24.6K 3.3K 210
                                    

[TN: ကြိုတင်သတိပေးချက် ဒီအပိုင်းကို မဖတ်ခင် ရေဘူးတွေ ဆောင်ထားကြပါ။ပြီးမှ ဒီရေဘဝဲသူရဲကောင်းကြီးကို အပြစ်မပြောကြပါနဲ့😋😋]

ကားပေါ်မှာ မုန့်ရန်က သူ့ကို မျက်လုံးပြူးပြူးလေးတွေနဲ့ ကြည့်နေတဲ့ သားဖြစ်သူ ကို ထိုင်ကြည့်နေတယ်။

"မျက်လုံးမှိတ်ပြီး အိပ်ပါတော့ကွာ...မင်းဒီလိုကြည့်နေတော့ ပါပါးဘယ်လိုထားခဲ့ရက်မှာလဲ??ပါပါးကို မသွားစေချင်လို့ တမင်လုပ်နေတာမလား??ပုံမှန်ဆို ဒီအချိန် အိပ်ပျော်နေကြမလား??"

မုန့်ရန်ကို ကျောင်းလိုက်ပို့မယ်ဆိုကတည်းက ဒီလိုမြင်ကွင်းကို မြင်ရမယ်ဆိုတာ လော်ရှို့ ကြိုတင်မှန်းဆထားပြီးနေပြီ....

"ကျွန်တော်သွားတော့မယ်။ဒီနေ့ အတန်းချိန် နှစ်ချိန်ပဲတက်ရမှာ ပြီးတာနဲ့ Company ကိုပဲတန်းလာခဲ့မယ်"

"ဟားး"

လော်ရှို့က ခေါင်းညိတ်ပြလိုက်ပြီး ရယ်လိုက်မိတယ်။မုန့်ရန် ဒီစကားကို ပြောနေတာ ဒါနဲ့ဆိုငါးကြိမ်ရှိနေပြီ...

"ဘာရယ်တာလဲ??"

မုန့်ရန်က လော်ရှို့ရဲ့ခါးကို ဆိတ်ဆွဲလိုက်တယ်။

"ကိုယ် မင်းကို အတန်းချိန်နှစ်ချိန်စလုံးစောင့်နေရမလား??မင်းဒါကို ခဏခဏပြောနေတာလေ"

လော်ရှို့ ကမုန့်ရန်ရဲ့ ဆံပင်လေးတွေကို ထိုးဖွလိုက်ပြီး...

"သားနဲ့ မခွဲနိုင်ရင် ကိုယ်နဲ့အတူ Company ကိုလိုက်ခဲ့လိုက်ပါတော့လား?"

"အတန်းချိန် နှစ်ချိန်ဆိုတာ ခဏလေးနဲ့ ပြီးသွားမှာပါ။သားလေးလဲ အိပ်ပျော်နေမှာပဲလေ...ကျွန်တော် သည်းခံနိူင်ပါတယ်"

ခက်ခက်ခဲခဲ စိတ်ပိုင်းဖြတ်ထားရတဲ့ မုန့်ရန်က ကလေးငယ်လေးရဲ့ နဖူးကိုနမ်းလိုက်ပြီး ကားတံခါးကိုဖွင့်ခါနီးမှာ လော်ရှို့ကို တစ်ချက်ကြည့်လိုက်တယ်။

"ကျွန်တော်သွားတော့မယ်​နော်..သားလေးနိုးလာရင် ဖက်ထားပေးဖို့ မမေ့နဲ့ဉီး"

"ကိုယ်သိပါတယ်ကွာ..သားကိုပဲနမ်းတော့မှာလား ကိုယ့်ကိုရော မနမ်းတော့ဘူးလား??"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now