Chapter (61)

23.4K 3.1K 54
                                    

သားငယ်လေးရဲ့ တစ်လပြည့်မွေးနေ့ပွဲပြီးကတည်းက မုန့်ရန်နဲ့သားလေးကို ခေါ်ပြီး မွေးရပ်မြေမှာ ဘိုးဘေးတွေကိုကန်တော့ဖို့ လော်ရှို့ပြင်ဆင်ထားခဲ့တယ်။လော်ရှို့က အဖေဖြစ်သူကို မြေးအရင်းနဲ့ မိတ်ဆက်ပေးချင်နေတယ်။ဒါ့အပြင်နောက်ထပ်အကြောင်းအရာတစ်ခုလည်းရှိနေပါသေးတယ်။လော်ဆန်းရဲ့နာမည်ကို Family tree ကနေပယ်ဖျက်ပစ်ပြီး လော်ကျွင်းရယ်ရဲ့ နာမည်ကို Family tree မှာ ထည့်သွင်းပေးချင်နေတာပါ...

အရင်တုန်းကဆို လော်ရှို့က ဘိုးဘေးတွေကို ကန်တော့ဖို့ မွေးရပ်မြေကို သုံးနှစ်နေမှ တစ်ခါလောက်သာ ပြန်ဖြစ်ခဲ့တယ်။သူ့ဉီးလေးတွေ၊ညီငယ်တွေ၊ဝမ်းကွဲတွေကသာ ချမ်းသာမှုကိုကြွားဝါချင်တာကြောင့် မွေးရပ်မြေကို နှစ်တိုင်း ပြန်ကြတာပါ။

မုန့်ရန်တို့သားအဖကို မွေးရပ်မြေကို မခေါ်သွားခင်ကတည်းက ဘိုးဘေးတွေရဲ့ကဗျည်းတိုင်ကိုစောင့်ရှောက်သူတွေကို လက်ထောက်ကနေတဆင့်ကြိုတင်အကြောင်းကြားထားပြီး
ဘိုးဘေးကန်တော့ပွဲနဲ့အတူ လော်ကျွင်းရယ်အတွက်နှစ်လပြည့်မွေးနေ့ပွဲကိုပါ ကြိုတင်ပြင်ဆင်ခိုင်းထားခဲ့တယ်။

လမ်းခရီးတစ်လျှောက်လုံးမှာ လော်ရှို့က သူ့ရဲ့ငယ်ဘဝအကြောင်းတွေကို မုန့်ရန်ကိုပြောပြခဲ့တယ်။

"ကိုယ့်အဖေက ဒုတိယသား..သူ့အထက်မှာ အစ်ကိုတစ်ယောက်ရှိသေးတယ်။ကိုယ့်ဉီးလေးက ကိုယ့်အဖိုးနဲ့ အရမ်းတူတယ်လို့တော့ကြားဖူးတာပဲ...ကိုယ့်ဉီးလေးက အရည်အချင်းရှိတယ်၊ဉာဏ်ထက်တယ်၊ပြီးတော့ လုပ်ရည်ကိုင်ရည်လည်းရှိတယ်။အဖိုးက ဉီးလေးကို အများကြီးမျှော်လင့်ထားတာ။ကံမကောင်းတာက ဉီးလေးက ကင်ဆာရောဂါနဲ့ တိမ်းပါးသွားခဲ့တယ်။သူ အရမ်းမျှော်လင့်အားကိုးရတဲ့သားကြီး ဆုံးပါးသွားတော့ အဖိုးအတော်လေး နေမကောင်းဖြစ်သွားခဲ့တယ်။နောက်ပိုင်းမှာ အဖိုးက ကိုယ့်အဖေကို ပျိုးထောင်ဖို့ကြိုးစားခဲ့တယ်။ကိုယ့်အဖေက တုံးအတယ်လို့ ထင်ရပေမယ့် အဖိုးရဲ့ကျန်ခဲ့တဲ့ သားတွေထဲမှာ အစွမ်းအစအရှိဆုံးဖြစ်နေပြန်တော့ လော်မိသားစုရဲ့ လုပ်ငန်းတွေကို အဖိုးက အဖေ့ကို လွှဲပေးခဲ့တယ်..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now