Part (2) Uni/Zawgyi

43.2K 1.3K 25
                                    

အတ္တလွန် အချစ်
အပိုင်း(2)

အတ္တက သူမကို စူးစူးစိုက်စိုက်ကြည့်လိုက်တော့ သူမက ဒေါသအရှိန်နဲ့ရှူးရှူးရှဲရှဲဖြစ်နေကာ

"ကျွန်မကို ဘယ်လိုမိန်းမစားထင်နေလဲ အလုပ်ပေးမယ်ဆိုပြီး ဒီလိုစော်ကားလို့ရမလား "

ကတ်ကတ်လန် ပြန်ပြောရဲတဲ့သူမရဲ့သတ္တိကို အတ္တအံ့သြနေရသည်။

ငယ်စဉ်ကတည်းက သူ့စကားတစ်ခွန်းဆိုတစ်ခွန်းဘယ်သူမှအတွန့်မတက်ခဲ့ကြပေ။

အခုဒီမိန်းကလေးက ငါဘယ်သူလဲဆိုတာကိုမသိတာလား။
ပြီးတော့ သူမပြောတဲ့ အလုပ်ပေးမယ် ဆိုသည့်စကားကိုလည်းနားမလည်ခဲ့ပါ။

"မင်း ဘာတွေပြောနေတာလဲ "
"တောက် မိုက်ရိုင်းလိုက်တာ!"

သူမက ဖျက်ကနဲ တစ်ဖက်သို့လှည့်ကာ ထွက်သွားမည်အပြု ...
"အ "
လက်ကောက်၀တ်ကို အကြမ်းပရမ်း ဆွဲလှည့်လိုက်သည့်အခါ၀င်တိုက်မိသည်က သူ့ရင်အုပ်ကြီးနှင့်။

"မင်းက အဲ့ဒီလို ပြောချင်တိုင်းပြောပြီးထွက်သွားလို့ရလား ဟက် လာမူမနေနဲ့ မင်းကို အလကားငှားထားတာမဟုတ်ဘူး ပိုက်ဆံပေးပြီးသား "

"ဘာ ရှင် ဘယ်လိုပြောလိုက်တယ် လွန်လာပြီနော် ကျွန်မက အဲ့ဒီလိုမိန်းမ မဟုတ်ဘူး "

နောက်တစ်ချက် ပါးပေါ်ကျရောက်လာမည့် သူမ လက်တွေကို ဆုပ်ကိုင်ခြင်းခံလိုက်ရသည့်အခါ သူမက အတင်းရုန်းလေသည်။

"လွှတ် လွှတ်စမ်း ရှင် ..."
ရုတ်တရက်ကြီး သူမ ငြိမ်ကျသွားသည်မှာ
ခါးသို့ တစ်ခုခုနဲ့ထောက်ထားသလို ခံစားရသည်မို့ ငုံ့ကြည့်မိလျှင် သူမခါးကိုထောက်ထားသည့် သူ့လက်ထဲက ပစ်စတိုသေနတ်လှလှကလေးပင်ဖြစ်သည်။

ဘာစကားမှမပြောနိုင်တော့ဘဲ သူမထက်ခေါင်းတစ်လုံးစာအလုံအလောက်မြင့်မားသော သူ့အရပ်ကြောင့် ရုပ်ဖြောင့်ဖြောင့်နဲ့သူ၏မျက်နှာကိုမော့ကြည့်လိုက်သည်။

"ငါ့ အသားနာအောင် လုပ်တဲ့သူကို ဒီတိုင်းမထားဘူး "
သူမ လှုပ်ပင်မလှုပ်ရဲပေမဲ့ မျက်နှာထားတင်းတင်းကတစ်စက်မှမလျော့ပေ။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now