Part (5) Uni/Zawgyi

36.2K 1.1K 28
                                    

အတ္တလွန် အချစ်
အပိုင်း(5)

မွန်းသည် ထမင်းကို နှုတ်ခမ်းနာသည့်ကြားက မြန်မြန်စားနေသဖြင့်

"ဖြေးဖြေးစားပါ မမလေး သခင်လေးက ပြန်မ၀င်လာလောက်ပါဘူး"

သူမက ရေသောက်လိုက်ပြီး
"မေတင် လို့ခေါ်မယ်နော် "

အတ္တ ထွက်သွားပြီး သူမဗိုက်၀သွားမှ
မျက်နှာလေးအနည်းငယ်ကြည်လင်လာသည်။

"မွန်းမှာ အမေ မရှိတော့ဘူး မေတင် ရဲ့ အဲ့တာကြောင့် မေတင် လို့ခေါ်တာ ပြီးတော့ ဒီအိမ်ကနေ မလွတ်သေးတဲ့ကာလပတ်လုံး မေတင့်ကိုပဲ အဖော်ပြုရမှာ"

"မမလေး လိုတာအားလုံးခိုင်းပါ ဒေါ်တင် လုပ်ပေးမယ်"

မွန်းက ဒေါ်မေတင် အနားသို့ ပိုတိုးကပ်ကာ လက်ကလေးကို ကိုင်လိုက်ပြီး

"မွန်း တစ်ခုလောက်မေးလို့ရမလား ဟင် "

"မေးကြည့်လေ "

"အဲ့ဒီလူရဲ့ နာမည်ကဘယ်သူလဲ "

"သခင်လေး နာမည်က အတ္တလွန် တဲ့"

မွန်းက နှုတ်ခမ်းမဲ့လိုက်ပြီး

"အတ္တလွန် နာမည်တဲ့သိပ်လိုက်ဖက်ပါတယ် "

"အင်း...နာမည်စီးနေတယ်ထင်ပါရဲ့ သခင်လေးက အတ္တကြီးလွန်းတယ် "

"မွန်းကို ဘာလို့အခုလိုချုပ်နှောင်ထားတာလဲ မွန်းနဲ့သူနဲ့ကြားမှာဘာအငြိုးအတေးရှိလို့လဲ မွန်းသူ့ကိုအခုမှမြင်ဖူးတာ"

"ဒေါ်တင်လည်း မသိဘူးကွယ့် ဒေါ်တင်က ဒီအိမ်ရဲ့ အစေခံတစ်ယောက်လေ မမလေး လောက်အရေးပါတဲ့သူမဟုတ်ဘူး မမလေး ကိုယ်တိုင်မေးကြည့်ပေါ့"

"မွန်းကိုမဖြေဘူး မေတင်ရဲ့ "

ဒေါ်မေတင် မှန်ပြတင်းပေါက်သို့မျက်လုံးရောက်သွားသည့်အခါ မွန်းတည့်ချိန်ရောက်နေပြီမို့ သခင်လေးမှာတာလုပ်ရဦးမယ်။

"မမလေး ဒေါ်တင် ဆေးသွားယူလိုက်ဦးမယ် "

"ဟင်.... ဟုတ်ကဲ့"

တကယ်တော့ ဒေါ်မေတင် မွန်းအနားကထွက်သွားမှာကိုပင်ကြောက်မိသည်။

မေတင်မရှိတုန်း သူ၀င်လာရင်
မွန်းကိုတစ်ခုခုလုပ်မှာ ကြောက်တယ် ။
မွန်းတစ်ယောက်တည်းမနေချင်ဘူး ။
၅မိနစ်လောက်နေတော့ ဒေါ်မေတင် အပေါ်ပြန်တက်လာခဲ့သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now