Part (24) Uni/Zawgyi

30.3K 930 61
                                    

အတ္တလွန် အချစ်
အပိုင်း(24)

"မွန်း.... ကိုယ် ပြောပြမယ်"

အတ္တက ရှေ့သို့တစ်လှမ်းတိုးတိုင်း သူမက နောက်သို့ ဆုတ်သွားရင်းလက်ကလေးအသွင်သွင်ကာ၍

"ဟင့်အင်း  မလာပါနဲ့  "
ခေါင်းတွေလည်းခါရမ်း ပြီးငြင်းဆိုသည်။

"မွန်း... အဲ့လိုကြီး မလုပ်ပါနဲ့ ကိုယ့်စကားကို ခဏလောက်နားထောင်ပါ "

အတ္တက ရှေ့သို့ပို၍တိုးကပ်သွားသည့်အခါ
မွန်းသည် ခေါင်းတွေခါရမ်းပြီး နောက်သို့တဖြည်းဖြည်းဆုတ်ကပ်ရင်း တံခါးနှင့်၀င်တိုက်လေသည်။ နောက်ထပ်ထပ်၍ဆုတ်လို့ပင်မရတော့ပဲ နံရံနှင့်ကျောမှာကြားခံနယ်မရှိအောင် ကပ်နေပြီး မျက်နှာငယ်လေးနဲ့  အတ္တ ကို လက်ဖြင့်ကာကာ ကြည့်နေပုံမှာ မုဆိုးလက်ထဲကလွတ်အောင်မပြေးနိုင်တော့တဲ့သမင်ငယ်လေးသဖွယ်။

အတ္တသည် သူမဘေးတစ်ဖက်တစ်ချက်စီမှာ နံရံသို့လက်ထောက်ချလိုက်သည့်အခါ

"ဟင့်အဟင့်  မလာပါနဲ့ ကျွန်မ အနားမကပ်ပါနဲ့  ဟင့် အဟင့် ဟင့် မလုပ်ပါနဲ့ မလာနဲ့ ဟီး..အီး..."

သူမ မျက်ရည်တွေထိန်းမရအောင် လျှံကျလာကာ အကြောက်သည်းနေသည်ဖြစ်ရာ

"မွန်း .... အဲ့လိုမလုပ်ပါနဲ့ကွာ ကိုယ့်ကို ကိုယ့်ကို ခဏလောက်ငြိမ်ပေးပါ  ခဏလောက်စကားပြောခွင့်ပေးပါ"

အမိန့်ပေးတာမျိုးမဟုတ်ပဲ ခွင့်တောင်းသည့်သဘောမျိုးနဲ့ပြောဆိုတတ်တာ ကိုယ့် ပုံစံမဟုတ်ပေမဲ့ မင်းအတွက်တော့ လိုအပ်ရင် ကိုယ်ပြုလုပ်ရလိမ့်မယ်။

သူမရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ပေးရန် လက်လှမ်းလိုက်လျှင်

"ဟင့်အင်း  မထိနဲ့  မထိပါနဲ့ ဟင့်   ဟင့်  အဟွတ်  "
သူမ ငိုရတာပင်မောလာကာ ချောင်းတွေပါဆိုးလာရတော့သည်။

အတ္တသည် သူကိုယ်တိုင်လည်း ခေါင်းထဲကနေထိုးကိုက်ကာ သူမကပါသူ့ကိုဒီလိုတွေလုပ်နေတော့ လုံးဝအဆင်မပြေတော့ပါ။

"ကျစ်..... မွန်း  တိတ်တော့ကွာ မင်းကျေနပ်အောင်တောင်းပန်ပေးမယ့် ကိုယ့်ကိုစိတ်ပျက်အောင်မလုပ်နဲ့"

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now