Part (41) Uni/Zawgyi

32K 963 132
                                    

အတ္တလွန် အချစ်
အပိုင်း(41)

အတ္တ ထွက်သွားတဲ့၂လအတွင်း အလင်းသည် အတ္တခိုင်းသည့်အတိုင်း ထုတ်စရာရှိတဲ့ပစ္စည်းတွေအားလုံး ထုတ်ပစ်ခဲ့ပြီးပါပြီ။

ကိုယ်ဆေးကိစ္စဘာမှမပတ်သတ်တော့ဖို့ဆုံးဖြတ်လိုက်ကာ မှောင်ခိုလုပ်ငန်းကို တစ်ခနိးရပ်လိုက်ပေမဲ့ အနည်းငယ်တော့ကိစ္စရှင်းနေရသေးသည်။ ချက်ချင်းရပ်လျှင်လည်း ရန်သူတွေရှိသေးတဲ့အပြင် စီးပွားရေးအခြေအနေလည်းရှိသေးတာမို့ အဆင်မပြေပါ။

၂လကျော်အတွင်းမှာ အရင်ကတည်းကတိုးတိုးတိတ်တိတ်ထောင်ထားခဲ့တဲ့ကုမ္ပဏီပေါက်စလေးကို ပိုမိုအသက်၀င်အောင် မင်းကိုလတ်ရဲ့အကူအညီနဲ့ ပြုပြင်ပံ့ပိုးခဲ့သည်။ သို့သော် ဆုံးရှုံးရတာက ကိုယ်ဆေးပြန်စွဲနေတာပဲ ဖြတ်ဖို့အတော်အားခဲရပေဦးမည်။

ကိုယ့်အမှားပဲထားတော့။
သူမအတွက် ဖြူစင်စေချင်သည်မဟုတ်လား။
ကိုယ်ဘာပြောပြော သူမဘက်က အငြင်းစကားပဲ ပြောခဲ့သည်မှာ လွန်ခဲ့တဲ့တစ်ပတ်ကတည်းကပင် ဖြစ်သည်။

တစ်နေ့မမြင်ရရင်မနေနိုင်လို့ သူမအခန်းထဲထိ သွားသွား ကြည့်ရသည့်ကိုယ့်အဖြစ်နဲ့ ကိုယ့်ကိုမြင်တိုင်း အမြဲတင်းမာခက်ထန်လွန်းသူမ မျက်နှာ ။

ဘယ်လိုပင် ချော့မော့ပြောဆိုပါစေ မပြေနိုင်တဲ့သူမစိတ်ကတကယ်ပဲမာလွန်းတာလား။ ဒီနေ့ဆိုလည်း မနက်ကတည်းက အခုထိမျက်နှာမမြင်ရသေးပါ ။
မတတ်နိုင်ဘူး ဒီနေ့ကတော့ ဖြစ်အောင်ခေါ်မှရမယ့်ကိစ္စရှိနေသေးတာမို့သောက်လက်စစီးကရက်ကို လက်စသိမ်းကာ အလင်းအား လှမ်းခေါ်လိုက်ပါသည်။

"သခင်လေး ဘာလိုလို့လဲ"

အတ္တက သူ့မွေ့ယာပေါ်တွင် ခြေချိတ်ထိုင်ကာ မျက်နှာချင်းဆိုင်နံရံက သူမPianoတီးနေသည့်ပုံကို ငေးရင်း

"၀တ်စုံက ရလား "
"ရပါတယ် သခင်လေး သခင်လေးမှာတဲ့အတိုင်းအကုန်ပို့ပေးပါတယ် ဒါပေမဲ့ တစ်ခုပဲ"

အတ္တသည် သူမအတွက်ပွဲတက်ဝတ်စုံတစ်ခုကို သူ့စိတ်တိုင်းကျအတိုင်း မှာထားသည်မှာလွန်ခဲ့သော၂ရက်ကတည်းကဖြစ်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now