Part (35) Uni/Zawgyi

36.6K 998 123
                                    

အတ္တလွန် အချစ်
အပိုင်း(35)

အတ္တသည် သူမဆီသို့ လျောက်လာသော ခြေလှမ်းတွေ တုန့်ကနဲရပ်သွားသည်။ မျက်၀န်းချင်း စုံစိုက်နေရာတွင် သူမ ဖြေခိုင်းနေတဲ့အဖြေကို အတ္တသိသည် ။ မျက်ရည်ကြည်တွေဝေ့၀ဲလာရင်း သူမကသူ့အဖြေကိုစောင့်မျှော်နေခဲ့သည်။

အတ္တသည် ရင်ထဲမှာလည်း သူမကြောင့် ဖြစ်နေတဲ့ဒေါသ အရှိန်က နည်းတာမှ မဟုတ်တာ။

အကြည့်တွေကို သူမနဲ့လွှဲပစ်လိုက်ပြီး

"ဟုတ်တယ် !"

မွန်းက ခေါင်းတွေ အသွင် သွင် ခါရမ်း လိုက်ရင်း မျက်ရည်တွေက အတိုင်းအစမရှိ ကျလာကာနောက်သို့ဖြေးဖြေးချင်း ဆုတ်သွားတဲ့ ခြေလှမ်းတွေ အတ္တသည် ယိုင်သွားတဲ့ သူမကို လက်မောင်းကနေလှမ်းဆွဲလိုက်သည့်အခါ

"ဟင့် ဟင့်အင်း...မထိနဲ့...ရှင်...ရှင်တကယ်ဆေးသမားပဲ ကျွန်မကို လှည့်စားခဲ့တာပဲ"

အတ္တဟာ အတင်းရုန်းနေတဲ့ သူမလက်မောင်းတွေကို ပိုမိုတင်းကြပ်စွာ ဖိကိုင်ပြီး

"ဟက် လှည့်စား ခဲ့တာ ဟုတ်လား ငါ မင်းကို ကိုယ်ကဆေးမသုံးပါဘူး ပြောခဲ့ဖူးလို့လား  ဘာကို လှည့်စားခဲ့လို့လဲ "

"ဟွန့်  လွှတ် လွှတ်ပါ အခု ရှင့်ပုံစံကြီးကိုကျွန်မ တကယ်စိတ်ပျက်တယ်"

မျက်လုံးတွေကနီရဲနေ၍ လူဟာအရက်မူးနေတာထက်ဆိုးဝါးစွာ မျက်လုံးတွေကမှေးစိုက်နေကာ တကယ်ကိုဆွေးကွဲနေတဲ့ပုံစံ။

"ဟုတ်လား မေမီမွန်း မင်းက ငါ့ကို သစ္စာဖောက်ရုံတင်မကဘူး စိတ်ပျက်တယ်ပေါ့ !"

အတ္တ၏ စကားကို နားမလည်စွာ မွန်း မော့ကြည့်လိုက်သည်။

"ဘာ? ကျွန်မကဘာလုပ်လို့လဲ "

"ဟက်! အခုမှ မသိချင်ယောင်မဆောင်နဲ့ မင်းသိပ်ဟန်ဆောင်ကောင်းပါလား မေမီမွန်း မင်းကို ငါဆေးချပါတယ်လို့ ဂျော်နီပြောလိုက်တာ မဟုတ်လား "

ဂျော်နီ? ဂျော်နီဆိုတာကသူ့ရဲ့ရန်သူဖြစ်သည်။
မွန်းသည် ဂျော်နီဆိုသူနဲ့ တစ်ခါသူကိုယ်တိုင်လှည့်စားခိုင်းလို့စာချုပ်သွားခိုးပေးခဲ့ရုံသာပတ်သပ်ခဲ့ဖူးသည်။
အခု ဆေးချနေတယ်လို့ပြောလိုက်တာဟာ နက္ခတ်ဖြစ်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now