Part (25) Uni/Zawgyi

30.8K 964 97
                                    

အတ္တလွန် အချစ်
အပိုင်း(25)

ဒေါက် ဒေါက်

"သမီး မွန်း မေတင် ၀င်ခဲ့မယ်နော်"
မေတင်က ကြက်စွတ်ပြုတ်ပူပူကလေးထည့်ထားသော ပန်းကန်အုပ်ကလေးနှင့်အတူအခန်းထဲဝင်လာခဲ့သည်။

"ဟယ် မွန်းလေး  ငိုနေပြန်ပြီလား"

မွန်း ထထိုင်လိုက်ပြီး
"မေတင်  မွန်း သူ့ကိုကြောက်တယ်"

မေတင်က မွန်းကို ပွေ့ဖက်ထားပြီး
"တိတ်ပါ မွန်းရယ် သခင်လေးက သူချစ်တာကိုမပြောပြတတ်တာပါ"

"ဟင့်အင်း သူမွန်းကိုမချစ်ပါဘူး သူမွန်းကိုနှိပ်စက်နေတာ မွန်းသိတာပေါ့"

"သခင်လေးက မွန်းကို ဂရုစိုက်ပေးပါတယ်ကွယ် သူကစိတ်တိုတတ်တာ ပြီးတော့အမြဲတမ်း အေးစက် ရက်စက်လာခဲ့သူဆိုတော့ အသားမကျသေးတာပါကွယ်"

"သူက သူ့အသားကိုသူလည်းနာအောင်လုပ်ထားတယ် မွန်းအပေါ်ကိုလည်း နာကျင်အောင်ဆက်ဆံတယ်"

"မနေ့က သခင်လေးနဲ့ သမီးနဲ့ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာမသိပေမဲ့ သခင်လေး သူ့ကိုယ်သူ အရမ်းဒေါသတွေဖြစ်ပြီး မှန်ကြီးကိုလက်သီးတွေနဲ့ပစ်ထိုးတော့တာပဲ မွန်းရယ် မေတင် တောင်တားမရဘူး"

ဒေါ်မေတင်ဟာ အခုထက်ထိမရှင်းရသေးသော ဗီရိုကြီးရှေ့ကမှန်ကွဲစတွေဆီမျက်လုံးရောက်သွားသည်။

"အဲ့တာပြောတာပေါ့ သူကသိပ်ကြောက်ဖို့ကောင်းပါတယ်ဆို မွန်း သူ့ကိုအရင်ကထက်ပိုကြောက်မိတယ် မေတင်ရယ်"

"တ်ိတ်နော် ဒီမှာ စွပ်ပြုတ်ပူပူလေးသောက်လိုက်ဦး"
ဒေါ်မေတင်ယူလာကတည်းက ကြက်စွပ်ပြုတ်နံ့မွှေးမွှေးလေးက ဗိုက်ကိုပိုမိုဆာလောင်အောင်ဆွဲဆောင်နေခဲ့တာဖြစ်သည်။

ကုတင်ပေါ်သို့ စားပွဲခပ်သေးသေးလေးတင်ပြီး စွပ်ပြုတ်ပူပူလေးကိုတဟူးဟူးမှုတ်သောက်နေတုန်း ဒေါ်မေတင်ဟာ အခန်းအပေါက်ဝကနေ သက်သက်ကိုလှမ်းခေါ်ပြီး ဗီရိုရှေ့ကမှန်ကွဲစတွေရှင်းဖို့ပြောသည်။ သက်သက်ကထိုမှန်ကွဲစတွေကို တံမြက်စည်းနှင့်ဂေါ်ကိုအသုံးပြုကာသိမ်းသွားပြီးနောက် ဒေါ်မေတင်ဟာ အခြားယောက်ျားလေးအစေခံတစ်ယောက်အား ဗီရိုကိုမှန်အသစ်ပြန်တပ်ဖို့ရန်သက်သက်မှတစ်ဆင့်ထပ်ပြီးမှာကြားလိုက်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now